Apple ရဲ႕ဆန္းသစ္တီထြင္မႈအေၾကာင္းကုိ ေျပာသြားခဲ့တဲ့ စတိဗ္ေဝါ့ဇနီးယက္ဇ္

[ Zawgyi ]

လူေတာ္ေတာ္မ်ားမ်ားက Apple ဟာ အက်ဘက္ ေရာက္ေနသလို ကုမၸဏီရဲ႕ ေအာင္ျမင္မႈကလည္း အတိတ္တုန္းက ခမ္းနားခဲ့တယ္ ဆိုတဲ့ အေၾကာင္းကုိ ေျပာဆုိေနၾကပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး Apple ကုိ တြဲဖက္တည္ေထာင္သူ စတိဗ္ေဝါ့ဇနီးယက္ဇ္က CNBC နဲ႔အင္တာဗ်ဴးမွာ မွတ္ခ်က္ေပးခဲ့ပါတယ္။ “ဒီလိုေျပာဆိုမႈေတြကုိ ကၽြန္ေတာ္ၾကားရပါတယ္။ အၿမဲတမ္းနီးပါး ၾကားေနရဦးမွာပါ” ဆိုၿပီး Apple ရဲ႕ ျပႆနာေတြနဲ႔ ပတ္သက္ၿပီး စတိဗ္ေဝါ့ဇနီးယက္ဇ္က ေျပာခဲ့ပါတယ္။

စတိဗ္ေဂ်ာ႔ဟာ နည္းပညာရဲ႕အထက္မွာ လူကိုပဲ ဦးစားေပးစဥ္းစားပါတယ္။ “သုံးစြဲသူေတြက နည္းပညာသက္သက္ထက္ ပုိအေရးႀကီးပါတယ္။ ခင္ဗ်ားအေနနဲ႔ နည္းပညာနဲ႔ နည္းပညာက ဘာလုပ္ႏိုင္တယ္ဆိုတာရဲ႕ သားေကာင္မျဖစ္သင့္ပါဘူး။ ျဖစ္ႏိုင္သမွ် လူသားဆန္တဲ့ လူသားဘဝမွာပဲ ေနထိုင္သင့္တယ္” လို႔ ေဝါ့ဇနီးယက္ဇ္က ေျပာသြားခဲ့ပါတယ္။

ေဝ့ါဇနီးယက္ဇ္အေနနဲ႔ Samsung လိုမ်ိဳး ကုမၸဏီအေပၚ မွတ္ခ်က္ေပးခဲ့ၿပီး သူတို႔အေနနဲ႔ ဆန္းသစ္တီထြင္မႈ မရွိဘူးလို႔ ေျပာပါတယ္။ Samsung အေနနဲ႔ feature သစ္ေတြ မိတ္ဆက္ေနေပမယ့္ ဆန္းသစ္တီထြင္မႈမရွိဘူးလို႔ ေဝါ့ဇနီးယက္ဇ္က ေျပာဆိုခဲ့ပါတယ္။ “ဆန္းသစ္တီထြင္မႈဆိုတာက လူသားေတြရဲ႕ ဘဝကို ဘယ္လုိေျပာင္းမလဲဆိုတာပါပဲ” ေျပာသြားခဲ့ပါတယ္။

TouchID နဲ႔ Apple Pay လိုမ်ိဳး ဆန္းသစ္တီထြင္မႈေတြကုိ ရည္ညႊန္းၿပီး Apple က တီထြင္ဖန္တီးေနတဲ့ အေၾကာင္းကို ေဝါ့ဇနီးယက္ဇ္က ေျပာသြားပါတယ္။ “TouchID ထြက္လာတဲ့အခ်ိန္မွာ အျခားကုမၸဏီေတြကလည္း လုိက္ကူးၾကပါတယ္” ဆိုၿပီး Apple ရဲ႕ဆန္းသစ္တီထြင္မႈက အျခားကုမၸဏီေတြနဲ႔ ဘယ္လို ဆက္စပ္တယ္ဆိုတာ ေျပာသြားခဲ့ပါတယ္။ ဒါ့အျပင္ ေဝါ့ဇနီးယက္ဇ္အေနနဲ႔ Siri ဥပမာကုိ ေပးခဲ့ၿပီး Apple ဆီကေန တကယ့္ ဆန္းသစ္တီထြင္မႈ ဘယ္လိုထြက္လာလဲဆိုတာ ေျပာသြားခဲ့ပါတယ္။

စိုးထက္
Ref: GadgetsNow

[ Unicode ]

လူတော်တော်များများက Apple ဟာ အကျဘက် ရောက်နေသလို ကုမ္ပဏီရဲ့ အောင်မြင်မှုကလည်း အတိတ်တုန်းက ခမ်းနားခဲ့တယ် ဆိုတဲ့ အကြောင်းကို ပြောဆိုနေကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး Apple ကို တွဲဖက်တည်ထောင်သူ စတိဗ်ဝေါ့ဇနီးယက်ဇ်က CNBC နဲ့အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။ “ဒီလိုပြောဆိုမှုတွေကို ကျွန်တော်ကြားရပါတယ်။ အမြဲတမ်းနီးပါး ကြားနေရဦးမှာပါ” ဆိုပြီး Apple ရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး စတိဗ်ဝေါ့ဇနီးယက်ဇ်က ပြောခဲ့ပါတယ်။

စတိဗ်ဂျော့ဟာ နည်းပညာရဲ့အထက်မှာ လူကိုပဲ ဦးစားပေးစဉ်းစားပါတယ်။ “သုံးစွဲသူတွေက နည်းပညာသက်သက်ထက် ပိုအရေးကြီးပါတယ်။ ခင်ဗျားအနေနဲ့ နည်းပညာနဲ့ နည်းပညာက ဘာလုပ်နိုင်တယ်ဆိုတာရဲ့ သားကောင်မဖြစ်သင့်ပါဘူး။ ဖြစ်နိုင်သမျှ လူသားဆန်တဲ့ လူသားဘဝမှာပဲ နေထိုင်သင့်တယ်” လို့ ဝေါ့ဇနီးယက်ဇ်က ပြောသွားခဲ့ပါတယ်။

ဝေ့ါဇနီးယက်ဇ်အနေနဲ့ Samsung လိုမျိုး ကုမ္ပဏီအပေါ် မှတ်ချက်ပေးခဲ့ပြီး သူတို့အနေနဲ့ ဆန်းသစ်တီထွင်မှု မရှိဘူးလို့ ပြောပါတယ်။ Samsung အနေနဲ့ feature သစ်တွေ မိတ်ဆက်နေပေမယ့် ဆန်းသစ်တီထွင်မှုမရှိဘူးလို့ ဝေါ့ဇနီးယက်ဇ်က ပြောဆိုခဲ့ပါတယ်။ “ဆန်းသစ်တီထွင်မှုဆိုတာက လူသားတွေရဲ့ ဘဝကို ဘယ်လိုပြောင်းမလဲဆိုတာပါပဲ” ပြောသွားခဲ့ပါတယ်။

TouchID နဲ့ Apple Pay လိုမျိုး ဆန်းသစ်တီထွင်မှုတွေကို ရည်ညွှန်းပြီး Apple က တီထွင်ဖန်တီးနေတဲ့ အကြောင်းကို ဝေါ့ဇနီးယက်ဇ်က ပြောသွားပါတယ်။ “TouchID ထွက်လာတဲ့အချိန်မှာ အခြားကုမ္ပဏီတွေကလည်း လိုက်ကူးကြပါတယ်” ဆိုပြီး Apple ရဲ့ဆန်းသစ်တီထွင်မှုက အခြားကုမ္ပဏီတွေနဲ့ ဘယ်လို ဆက်စပ်တယ်ဆိုတာ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ဝေါ့ဇနီးယက်ဇ်အနေနဲ့ Siri ဥပမာကို ပေးခဲ့ပြီး Apple ဆီကနေ တကယ့် ဆန်းသစ်တီထွင်မှု ဘယ်လိုထွက်လာလဲဆိုတာ ပြောသွားခဲ့ပါတယ်။

Ref: GadgetsNow