Apple ထုတ္ကုန္ေတြကုိ Amazon စတင္ေရာင္းခ်သြားမည္

[ Zawgyi ]

Amazon ဟာ မၾကာမီ ကိုယ္ပုိင္ platform ေပၚမွာ ပထမဆုံးအႀကိမ္အျဖစ္ ႏိုင္ငံတကာမွာ Apple ထုတ္ကုန္ေတြကို ေရာင္းခ်သြားပါမယ္။ ဒါေၾကာင့္ Amazon ကတစ္ဆင့္ ဝယ္ယူတဲ့အခါ Apple ထုတ္ကုန္ကို ျမန္ျမန္ဆန္ဆန္ ရရွိႏိုင္ပါတယ္။

ယူေကက Amazon လက္လီစတိုးမွာ MacBook ေတြ၊ iPad ေတြနဲ႔ iPhone ေတြကုိ ေရာင္းခ်ေနပါတယ္။ ဒါ့အျပင္ Amazon ဟာ ခရစၥမတ္မွာ ဥေရာပ၊ အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံအတြင္းမွာလညး္ Apple ထုတ္ကုန္ေတြကို ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Amazon Prime အဖြဲ႕ဝင္ထားတဲ့ သုံးစြဲသူေတြအတြက္ Amazon က Apple ထုတ္ကုန္ေတြကို ၁ ရက္အတြင္း ေပးပုိ႔ေပးမယ္လို႔ သိရပါတယ္။

Amazon အေနနဲ႔ third party ကုန္သည္ေတြကုိ အသုံးျပဳၿပီး Apple ထုတ္ကုန္ေတြကို ေရာင္းခ်ေနေပမယ့္ ကုန္သည္အလိုက္ ေဈးႏႈန္း၊ ဖုန္းကို ျပန္ေပးအပ္တဲ့ ေပၚလစီနဲ႔ ဝန္ေဆာင္မႈကေတာ့ ကြဲျပားျခားနားပါတယ္။

Amazon မွာေရာင္းခ်ေနတဲ့ Apple ထုတ္ကုန္စာရင္းေတြကို ဖယ္ရွားလုိက္ပါတယ္။ ကုမၸဏီေတြအေနနဲ႔ ထုတ္ကုန္ေတြကို တင္သြင္းၿပီး တရားဝင္ ထုတ္ကုန္ေရာင္းခ်သူျဖစ္ဖုိ႔ Apple မွာေလွ်ာက္ထားဖို႔ လိုအပ္ပါတယ္။

Amazon က ေရာင္းခ်မယ့္ Apple ထုတ္ကုန္ေတြမွာ စမတ္စပီကာျဖစ္တဲ့ HomPod မပါဝင္ပါဘူး။

အခုအေျပာင္းအလဲေၾကာင့္ သုံးစြဲသူေတြအေနနဲ႔ Amazon ကတစ္ဆင့္ MacBook ေတြ၊ iPad ေတြနဲ႔ iPhone ေတြကုိ ျမန္ျမန္ဆန္ဆန္ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

အားလပ္ရက္ေဈးဝယ္ရာသီ မတိုင္မီ အခုသေဘာတူညီခ်က္ေၾကာင့္ Amazon ဟာ လူႀကိဳက္မ်ားတဲ့ ထုတ္ကုန္ေတြနဲ႔ Apple ဆီက အီလက္ထေရာနစ္ထုတ္ကုန္ေတြမ်ားစြာ ေရာင္းခ်ရႏိုင္ပါတယ္။

Amazon အေနနဲ႔ Apple ယွဥ္ၿပိဳင္မယ့္ ကုိယ္ပုိင္ထုတ္ကုန္ေတြကို ဖန္တီးႏိုင္ဖို႔ Apple ရဲ႕ ေရာင္းအားအခ်က္အလက္ကုိလည္း ပုိမုိ သိႏိုင္မယ္လို႔ ေဈးကြက္ရွာေဖြေရး ေလ့လာဆန္းစစ္သူေတြက ေျပာဆိုခဲ့ပါတယ္။

စိုးထက္
Ref: DailyMail

[ Unicode ]

Amazon ဟာ မကြာမီ ကိုယ်ပိုင် platform ပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာမှာ Apple ထုတ်ကုန်တွေကို ရောင်းချသွားပါမယ်။ ဒါကြောင့် Amazon ကတစ်ဆင့် ဝယ်ယူတဲ့အခါ Apple ထုတ်ကုန်ကို မြန်မြန်ဆန်ဆန် ရရှိနိုင်ပါတယ်။

ယူကေက Amazon လက်လီစတိုးမှာ MacBook တွေ၊ iPad တွေနဲ့ iPhone တွေကို ရောင်းချနေပါတယ်။ ဒါ့အပြင် Amazon ဟာ ခရစ္စမတ်မှာ ဥရောပ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံအတွင်းမှာလညး် Apple ထုတ်ကုန်တွေကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

Amazon Prime အဖွဲ့ဝင်ထားတဲ့ သုံးစွဲသူတွေအတွက် Amazon က Apple ထုတ်ကုန်တွေကို ၁ ရက်အတွင်း ပေးပို့ပေးမယ်လို့ သိရပါတယ်။

Amazon အနေနဲ့ third party ကုန်သည်တွေကို အသုံးပြုပြီး Apple ထုတ်ကုန်တွေကို ရောင်းချနေပေမယ့် ကုန်သည်အလိုက် ဈေးနှုန်း၊ ဖုန်းကို ပြန်ပေးအပ်တဲ့ ပေါ်လစီနဲ့ ဝန်ဆောင်မှုကတော့ ကွဲပြားခြားနားပါတယ်။

Amazon မှာရောင်းချနေတဲ့ Apple ထုတ်ကုန်စာရင်းတွေကို ဖယ်ရှားလိုက်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ထုတ်ကုန်တွေကို တင်သွင်းပြီး တရားဝင် ထုတ်ကုန်ရောင်းချသူဖြစ်ဖို့ Apple မှာလျှောက်ထားဖို့ လိုအပ်ပါတယ်။

Amazon က ရောင်းချမယ့် Apple ထုတ်ကုန်တွေမှာ စမတ်စပီကာဖြစ်တဲ့ HomPod မပါဝင်ပါဘူး။

အခုအပြောင်းအလဲကြောင့် သုံးစွဲသူတွေအနေနဲ့ Amazon ကတစ်ဆင့် MacBook တွေ၊ iPad တွေနဲ့ iPhone တွေကို မြန်မြန်ဆန်ဆန် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အားလပ်ရက်ဈေးဝယ်ရာသီ မတိုင်မီ အခုသဘောတူညီချက်ကြောင့် Amazon ဟာ လူကြိုက်များတဲ့ ထုတ်ကုန်တွေနဲ့ Apple ဆီက အီလက်ထရောနစ်ထုတ်ကုန်တွေများစွာ ရောင်းချရနိုင်ပါတယ်။

Amazon အနေနဲ့ Apple ယှဉ်ပြိုင်မယ့် ကိုယ်ပိုင်ထုတ်ကုန်တွေကို ဖန်တီးနိုင်ဖို့ Apple ရဲ့ ရောင်းအားအချက်အလက်ကိုလည်း ပိုမို သိနိုင်မယ်လို့ ဈေးကွက်ရှာဖွေရေး လေ့လာဆန်းစစ်သူတွေက ပြောဆိုခဲ့ပါတယ်။

Ref: DailyMail