August 20, 2018

iPhone မွာ iOS App Subscription ကို ဘယ္လိုျပန္ျဖဳတ္မလဲ

[ Zawgyi ]

iPhone မွာ iOS subscription အတြက္ မတူညီတဲ့ နည္းလမ္းေပါင္းမ်ားစြာနဲ႔ အသုံး ျပဳႏုိင္ပါတယ္။ ဒါေပမယ့္အဲဒါေတြက သာမန္သုံးစြဲ သူေတြအေနနဲ႔ အလြယ္တကူေတာ့ရွာႏုိင္မွာ မဟုတ္ပါဘူး။ မိမိအေနနဲ႔ iTunes စတိုးကေနတစ္ဆင့္ subscribe လုပ္တယ္ဆိုရင္ေတာ့ Apple ကေန confirmation အီးေမးလ္ပို႔ ေပးပါတယ္။ အီးေမးလ္ကတစ္ဆင့္ အဆင့္ဆင့္လုပ္ေပးလိုက္႐ုံပါ ပဲ။ ေနာက္ၿပီး Subscription ကိုလည္း အီးေမးလ္ကေနတစ္ဆင့္ပဲ အလြယ္တကူ ျပန္ျဖဳတ္ႏုိင္မွာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ မိမိအေနနဲ႔ ေမးလ္ကို ဖ်က္မိတာမ်ဳိး ျပန္ရွာရခက္တာမ်ဳိးေတြဆိုရင္ေတာ့ ခုေဖာ္ျပေပးမယ့္နည္းနဲ႔ အလြယ္တကူ Sub-scription ကို ျပန္ျဖဳတ္ႏိုင္မွာျဖစ္ပါတယ္။

အရင္ဆုံး App Store app ကို ဖြင့္လိုက္ပါ။

App Store ထဲကိုေရာက္ရင္ ေတာ့ ညာဘက္အေပၚေထာင့္နား က ဓာတ္ပုံေလးကို ႏွိပ္လိုက္ပါ။ အဲလိုႏွိပ္လုိက္ရင္ေတာ့ App Store အေကာင့္ထဲကိုေရာက္သြား ပါလိမ့္မယ္။

အေကာင့္စနစ္ထဲကိုေရာက္ သြားရင္ေတာ့ Apple ID ကို Confirm လုပ္ဖို႔အတြက္ ID password ကို ထည့္ေပးလိုက္ပါ။

ID အတြက္ password ထည့္ ၿပီးသြားရင္ေတာ့ Account Settings ထဲကို ေရာက္သြားပါလိမ့္ မယ္။ အဲဒီထဲမွာ Subscriptions ဆိုတဲ့ စာသားကို ရွာၿပီး တစ္ခ်က္ ႏွိပ္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံထဲကအတုိင္း မိမိ Subscription လုပ္ထားတာေတြ ကို ေတြ႔ရမွာပါ။ ရက္အကန္႔အသတ္ ေပးသုံးထားတာေတြနဲ႔ ပုံမွန္ သုံးႏုိင္တာေတြအားလုံးကို ေတြ႔ရ မွာျဖစ္ပါတယ္။ (ဥပမာ- ESPN+ က အကန္႔အသတ္နဲ႔ေပးသုံးထား တာျဖစ္ပါတယ္။

မိမိအေနနဲ႔ Subscription ကို Cancel လုပ္ခ်င္တဲ့တစ္ခုကို ေရြး လိုက္ပါ။ အဲလိုေရြးလိုက္ရင္ေတာ့ ေအာက္ကပုံထဲကအတုိင္းေတြ႔ရ မွာျဖစ္ၿပီး Cancel Trail ဆိုတဲ့ စာသားကို ႏွိပ္လုိက္ပါ။ ေသခ်ာဖို႔ အတြက္ေမးတဲ့ေမးခြန္းေပၚလာပါ မယ္။ Confirm ကို ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ Subscription ေတြကို ျပန္ျဖဳတ္ျခင္းၿပီးဆုံးပါၿပီ။ Subscription ကို Cancel လုပ္ တာကို ေနာက္တစ္မ်ဳိးလုပ္လုိ႔ရပါ ေသးတယ္။ Settings ထဲက မိမိရဲ႕ ပုံပါတဲ့ေနရာကို ႏွိပ္လိုက္ပါ။ ၿပီး ရင္ေတာ့ iTunes & App Store ဆိုတဲ့ေနရာကို ထပ္ႏွိပ္လုိက္ပါ။

ၿပီးရင္ေတာ့ Apple ID ဆိုတဲ့ စာသားကို ႏွိပ္လိုက္ပါ။ အဲလိုႏွိပ္ လုိက္ရင္ေတာ့ pop-up တစ္ခု အေနနဲ႔ ေဘာက္တစ္ခုေပၚလာမွာ ျဖစ္ၿပီး View Apple ID ဆိုတဲ့ ေနရာကို ႏွိပ္လုိက္ပါ။

ဒါဆိုရင္ေတာ့ အဆင့္ ၄ က အတုိင္း Account Settings ထဲကို ေရာက္သြားပါလိမ့္မယ္။ ေဖာ္ျပခဲ့ၿပီးတဲ့အဆင့္တုိင္း Subscription ကို မိမိစိတ္ႀကိဳက္ Cancel ဆက္လက္ လုပ္ေဆာင္ႏုိင္ၿပီပဲ ျဖစ္ပါတယ္။

[ Unicoe ]

iPhone မှာ iOS subscription အတွက် မတူညီတဲ့ နည်းလမ်းပေါင်းများစွာနဲ့ အသုံး ပြုနိုင်ပါတယ်။ ဒါပေမယ့်အဲဒါတွေက သာမန်သုံးစွဲ သူတွေအနေနဲ့ အလွယ်တကူတော့ရှာနိုင်မှာ မဟုတ်ပါဘူး။ မိမိအနေနဲ့ iTunes စတိုးကနေတစ်ဆင့် subscribe လုပ်တယ်ဆိုရင်တော့ Apple ကနေ confirmation အီးမေးလ်ပို့ ပေးပါတယ်။ အီးမေးလ်ကတစ်ဆင့် အဆင့်ဆင့်လုပ်ပေးလိုက်ရုံပါ ပဲ။ နောက်ပြီး Subscription ကိုလည်း အီးမေးလ်ကနေတစ်ဆင့်ပဲ အလွယ်တကူ ပြန်ဖြုတ်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မိမိအနေနဲ့ မေးလ်ကို ဖျက်မိတာမျိုး ပြန်ရှာရခက်တာမျိုးတွေဆိုရင်တော့ ခုဖော်ပြပေးမယ့်နည်းနဲ့ အလွယ်တကူ Sub-scription ကို ပြန်ဖြုတ်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး App Store app ကို ဖွင့်လိုက်ပါ။

App Store ထဲကိုရောက်ရင် တော့ ညာဘက်အပေါ်ထောင့်နား က ဓာတ်ပုံလေးကို နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ App Store အကောင့်ထဲကိုရောက်သွား ပါလိမ့်မယ်။

အကောင့်စနစ်ထဲကိုရောက် သွားရင်တော့ Apple ID ကို Confirm လုပ်ဖို့အတွက် ID password ကို ထည့်ပေးလိုက်ပါ။

ID အတွက် password ထည့် ပြီးသွားရင်တော့ Account Settings ထဲကို ရောက်သွားပါလိမ့် မယ်။ အဲဒီထဲမှာ Subscriptions ဆိုတဲ့ စာသားကို ရှာပြီး တစ်ချက် နှိပ်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံထဲကအတိုင်း မိမိ Subscription လုပ်ထားတာတွေ ကို တွေ့ရမှာပါ။ ရက်အကန့်အသတ် ပေးသုံးထားတာတွေနဲ့ ပုံမှန် သုံးနိုင်တာတွေအားလုံးကို တွေ့ရ မှာဖြစ်ပါတယ်။ (ဥပမာ- ESPN+ က အကန့်အသတ်နဲ့ပေးသုံးထား တာဖြစ်ပါတယ်။

မိမိအနေနဲ့ Subscription ကို Cancel လုပ်ချင်တဲ့တစ်ခုကို ရွေး လိုက်ပါ။ အဲလိုရွေးလိုက်ရင်တော့ အောက်ကပုံထဲကအတိုင်းတွေ့ရ မှာဖြစ်ပြီး Cancel Trail ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။ သေချာဖို့ အတွက်မေးတဲ့မေးခွန်းပေါ်လာပါ မယ်။ Confirm ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ Subscription တွေကို ပြန်ဖြုတ်ခြင်းပြီးဆုံးပါပြီ။ Subscription ကို Cancel လုပ် တာကို နောက်တစ်မျိုးလုပ်လို့ရပါ သေးတယ်။ Settings ထဲက မိမိရဲ့ ပုံပါတဲ့နေရာကို နှိပ်လိုက်ပါ။ ပြီး ရင်တော့ iTunes & App Store ဆိုတဲ့နေရာကို ထပ်နှိပ်လိုက်ပါ။

ပြီးရင်တော့ Apple ID ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။ အဲလိုနှိပ် လိုက်ရင်တော့ pop-up တစ်ခု အနေနဲ့ ဘောက်တစ်ခုပေါ်လာမှာ ဖြစ်ပြီး View Apple ID ဆိုတဲ့ နေရာကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ အဆင့် ၄ က အတိုင်း Account Settings ထဲကို ရောက်သွားပါလိမ့်မယ်။ ဖော်ပြ ခဲ့ပြီးတဲ့အဆင့်တိုင်း Subscription ကို မိမိစိတ်ကြိုက် Cancel ဆက်လက် လုပ်ဆောင်နိုင်ပြီပဲ ဖြစ်ပါတယ်။