Android Q Beta 3 မွာပါဝင္လာတဲ့ feature သစ္မ်ား

[ Zawgyi ]

Google I/O 2019 မွာ Android Q Beta 3 ကုိျပသခဲ့ၿပီး မတ္လနဲ႔ ဧၿပီလအေစာပုိင္း ျဖန္႔ခ်ိထားတဲ့ ဗားရွင္းေတြထက္ feature ပုိမုိ မ်ားျပားလာပါတယ္။

ပထမဆုံး Q beta ဗားရွင္းေတြမွာ Google က developer ေတြနဲ႔ compatible ျပႆနာအေပၚ အာ႐ုံစိုက္ခဲ့ပါတယ္။ အခု Q Beta 3 မွာေတာ့ လက္ဟန္အမူအရာနဲ႔ အသုံးျပဳႏိုင္တဲ့ gestural navigation နဲ႔ dark mode တို႔ထည့္သြင္းခဲ့ပါတယ္။ Google အေနနဲ႔ သုံးစြဲသူအျမင္ကို ရွာေဖြေနတာေၾကာင့္ အခု beta ဗားရွင္းမွာ အေျပာင္းအလဲ ျပဳလုပ္ထားပါတယ္။

Android Beta 1, Beta 2 နဲ႔ Beta 2 patch အတြင္းက feature သစ္ေတြကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

တိုးခ်ဲ႕ထားတဲ့ Quick Settings ထဲက build နံပါတ္

အေရးေပၚ သတင္းအခ်က္အလက္ကုိ ဒီဇိုင္း ျပန္လည္ ျပင္ဆင္ထား

သတိေပးခ်က္ ထိန္းခ်ဳပ္မႈ တိုးတက္လာ

သုံးစြဲသူေတြက သတိေပးခ်က္ေတြကို အလ်င္အျမန္ စီမံခန္႔ခြဲဖို႔ တာရွည္ဖိႏွိပ္ထားလိုက္ရင္ Beta 2 အတြင္း Block, Show silently နဲ႔ Keep alerting ဆိုၿပီး ေပၚလာပါတယ္။ အခု Beta 3 မွာေတာ့ ေရာင္စုံ icon ေတြနဲ႔ ေဖာ္ျပခ်က္ေတြကိုပါ ေဖာ္ျပထားပါတယ္။

Gestural navigation

Android Q ရဲ႕လက္ဟန္အမူအရာနဲ႔ ထိန္းခ်ဳပ္ႏိုင္တဲ့ gestural navigation ကုိ edge-to-edge မ်က္ႏွာျပင္မွာ အသုံးျပဳႏိုင္ေအာင္ တရားဝင္ ထည့္သြင္းခဲ့ပါတယ္။ Google ဟာ app ေတြအတြက္ ေနရာလြတ္ပုိရလာေအာင္ navigation bar ကိုဖယ္ရွားလိုက္ပါတယ္။ Back, Home နဲ႔ recents စတဲ့ navigation ေတြကုိ edge swipe ျပဳလုပ္ၿပီး အသုံးျပဳႏိုင္ပါတယ္။ အဲဒီ featuer ကုိ Settings> System> Gesture ကေန အဖြင့္အပိတ္လုပ္ႏိုင္ပါတယ္။

-မ်က္ႏွာျပင္ ေအာက္ေျခကေန Swipe up လုပ္လိုက္ရင္ Home screen ကုိေရာက္ရွိသြားမွာ ျဖစ္ၿပီး ဖိထားရင္ လတ္တေလာအသုံးျပဳထားတဲ့ app ေတြကုိ ေဖာ္ျပေပးတဲ့ Recents ကိုျမင္ရမွာပါ။

-မ်က္ႏွာျပင္ ဘယ္ဘက္ ဒါမွမဟုတ္ ညာဘက္ကုိ swipe လုပ္လိုက္ရင္ Back ျဖစ္ပါတယ္။

Dark theme

Qiuck Settings အသစ္ကတစ္ဆင့္ dark theme ကိုဖြင့္ႏိုင္ၿပီး Battery Saver ကုိဖြင့္တာ ဒါမွမဟုတ္ Settings> Display menu ကိုအသုံးျပဳႏိုင္ပါတယ္။
“အခုအေျပာင္းအလဲက system UI ကုိ dark ျဖစ္ေအာင္ လုပ္ေပးႏိုင္ၿပီး app ေတြရဲ႕ dark theme ကုိလည္း ေထာက္ပံ့ထားပါတယ္။ App ေတြက ကုိယ္ပုိင္ dark theme ေတြနဲ႔ တည္ေဆာက္ႏိုင္သလို OS က dark ဗာရွင္းဖန္တီးေပးတဲ့ Force Dark feature ကုိလည္း အသုံးျပဳႏိုင္ပါတယ္” လို႔ Google I/O မွာ ေျပာၾကားထားပါတယ္။

Focus Mode နဲ႔ Family Link က်န္းမာေရးေစာင့္ေရွာက္မႈ

Dashboards, App Timers, Flip to Shush နဲ႔ Wind Down mode တို႔ကို Google မိတ္ဆက္ခဲ့ပါတယ္။ အဲဒီလိုမိတ္ဆက္အၿပီးမွာ သုံးစြဲသူေတြရဲ႕ ရည္မွန္းခ်က္ ၉၀ ရာခုိင္ႏႈန္းကို ၿပီးေျမာက္ေအာင္ App Timers က အကူအညီေပးခဲ့သလို ညဘက္သုံးစြဲမႈ ၂၇ ရာခိုင္ႏႈန္း ေလ်ာ႔က်ေအာင္ Wind Down သုံးစြဲသူက ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အခုဆိုရင္လည္း မိတ္ဆက္လိုက္တဲ့ Focus Mode က အလုပ္လုပ္ေနစဥ္အတြင္း အာ႐ုံေရွာင္လႊဲမႈကို ဖယ္ရွားဖို႔ app ကိုပိတ္ပစ္ေပးႏိုင္ပါတယ္။ အဲဒီ mode ကို အလြယ္တကူ အဖြင့္၊ အပိတ္လုပ္ႏိုင္ပါတယ္။ Family Lin ကေတာ့ Settings ထဲက Q မွာပါဝင္လာပါတယ္။

“ကေလးငယ္အတြက္ ထုတ္ကုန္သစ္ကုိ set up လုပ္ရင္ Family Link ကခ်ိတ္ဆက္ဖို႔ မိဘနဲ႔ ခ်ိတ္ဆက္ဖို႔ တာဝန္ယူေပးပါတယ္။ သုံးစြဲသူက ေန႔စဥ္ screen အသုံးျပဳခ်ိန္ကုိ ကန္႔သတ္ႏိုင္သလို ကေလးငယ္က အခ်ိန္အသုံးခ်ေနတဲ့ app ေတြကို ျမင္ႏိုင္ပါတယ္။ ဒါ့အျပင္ ကေလးငယ္က install လုပ္လိုတဲ့ app ေတြကို သုံးသပ္ႏိုင္ၿပီး စမတ္ဖုန္းပိတ္မယ့္ အခ်ိန္ကုိ သတ္မွတ္ေပးထားႏိုင္ပါတယ္။

Smart Reply

Android Q မွာသတိေပးခ်က္ေတြအားလုံးအတြက္ Smart Reply ပါဝင္လာပါတယ္။ အခု smart reply ဟာ message မွာလိပ္စာပါဝင္လာရင္လည္း Google Maps ကေန ဖြင့္ႏိုင္ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ ထုတ္ကုန္မွာပါဝင္တဲ့ maching learning နည္းပညာဟာ တစ္ကုိယ္ေရလြတ္လပ္ခြင့္အေပၚ လႊမ္းမိုးမႈ ရွိေနပါတယ္။

5G ေထာက္ပံ့မႈ

Android Q ဟာ 5G အတြက္ platform ေထာက္ပံ့မႈ ထည့္သြင္းထားၿပီး app ေတြတည္ေဆာက္ႏိုင္ဖို႔ API ကို တိုးခ်ဲ႕ထားပါတယ္။

စိုးထက္
Ref: 9to5Google

[ Unicode ]

Google I/O 2019 မှာ Android Q Beta 3 ကိုပြသခဲ့ပြီး မတ်လနဲ့ ဧပြီလအစောပိုင်း ဖြန့်ချိထားတဲ့ ဗားရှင်းတွေထက် feature ပိုမို များပြားလာပါတယ်။

ပထမဆုံး Q beta ဗားရှင်းတွေမှာ Google က developer တွေနဲ့ compatible ပြဿနာအပေါ် အာရုံစိုက်ခဲ့ပါတယ်။ အခု Q Beta 3 မှာတော့ လက်ဟန်အမူအရာနဲ့ အသုံးပြုနိုင်တဲ့ gestural navigation နဲ့ dark mode တို့ထည့်သွင်းခဲ့ပါတယ်။ Google အနေနဲ့ သုံးစွဲသူအမြင်ကို ရှာဖွေနေတာကြောင့် အခု beta ဗားရှင်းမှာ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။

Android Beta 1, Beta 2 နဲ့ Beta 2 patch အတွင်းက feature သစ်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

တိုးချဲ့ထားတဲ့ Quick Settings ထဲက build နံပါတ်

အရေးပေါ် သတင်းအချက်အလက်ကို ဒီဇိုင်း ပြန်လည် ပြင်ဆင်ထား

သတိပေးချက် ထိန်းချုပ်မှု တိုးတက်လာ

သုံးစွဲသူတွေက သတိပေးချက်တွေကို အလျင်အမြန် စီမံခန့်ခွဲဖို့ တာရှည်ဖိနှိပ်ထားလိုက်ရင် Beta 2 အတွင်း Block, Show silently နဲ့ Keep alerting ဆိုပြီး ပေါ်လာပါတယ်။ အခု Beta 3 မှာတော့ ရောင်စုံ icon တွေနဲ့ ဖော်ပြချက်တွေကိုပါ ဖော်ပြထားပါတယ်။

Gestural navigation

Android Q ရဲ့လက်ဟန်အမူအရာနဲ့ ထိန်းချုပ်နိုင်တဲ့ gestural navigation ကို edge-to-edge မျက်နှာပြင်မှာ အသုံးပြုနိုင်အောင် တရားဝင် ထည့်သွင်းခဲ့ပါတယ်။ Google ဟာ app တွေအတွက် နေရာလွတ်ပိုရလာအောင် navigation bar ကိုဖယ်ရှားလိုက်ပါတယ်။ Back, Home နဲ့ recents စတဲ့ navigation တွေကို edge swipe ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ အဲဒီ featuer ကို Settings> System> Gesture ကနေ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။

-မျက်နှာပြင် အောက်ခြေကနေ Swipe up လုပ်လိုက်ရင် Home screen ကိုရောက်ရှိသွားမှာ ဖြစ်ပြီး ဖိထားရင် လတ်တလောအသုံးပြုထားတဲ့ app တွေကို ဖော်ပြပေးတဲ့ Recents ကိုမြင်ရမှာပါ။

-မျက်နှာပြင် ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကို swipe လုပ်လိုက်ရင် Back ဖြစ်ပါတယ်။

Dark theme

Qiuck Settings အသစ်ကတစ်ဆင့် dark theme ကိုဖွင့်နိုင်ပြီး Battery Saver ကိုဖွင့်တာ ဒါမှမဟုတ် Settings> Display menu ကိုအသုံးပြုနိုင်ပါတယ်။
“အခုအပြောင်းအလဲက system UI ကို dark ဖြစ်အောင် လုပ်ပေးနိုင်ပြီး app တွေရဲ့ dark theme ကိုလည်း ထောက်ပံ့ထားပါတယ်။ App တွေက ကိုယ်ပိုင် dark theme တွေနဲ့ တည်ဆောက်နိုင်သလို OS က dark ဗာရှင်းဖန်တီးပေးတဲ့ Force Dark feature ကိုလည်း အသုံးပြုနိုင်ပါတယ်” လို့ Google I/O မှာ ပြောကြားထားပါတယ်။

Focus Mode နဲ့ Family Link ကျန်းမာရေးစောင့်ရှောက်မှု

Dashboards, App Timers, Flip to Shush နဲ့ Wind Down mode တို့ကို Google မိတ်ဆက်ခဲ့ပါတယ်။ အဲဒီလိုမိတ်ဆက်အပြီးမှာ သုံးစွဲသူတွေရဲ့ ရည်မှန်းချက် ၉၀ ရာခိုင်နှုန်းကို ပြီးမြောက်အောင် App Timers က အကူအညီပေးခဲ့သလို ညဘက်သုံးစွဲမှု ၂၇ ရာခိုင်နှုန်း လျော့ကျအောင် Wind Down သုံးစွဲသူက ပြုလုပ်နိုင်ခဲ့ပါတယ်။

အခုဆိုရင်လည်း မိတ်ဆက်လိုက်တဲ့ Focus Mode က အလုပ်လုပ်နေစဉ်အတွင်း အာရုံရှောင်လွှဲမှုကို ဖယ်ရှားဖို့ app ကိုပိတ်ပစ်ပေးနိုင်ပါတယ်။ အဲဒီ mode ကို အလွယ်တကူ အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။ Family Lin ကတော့ Settings ထဲက Q မှာပါဝင်လာပါတယ်။

“ကလေးငယ်အတွက် ထုတ်ကုန်သစ်ကို set up လုပ်ရင် Family Link ကချိတ်ဆက်ဖို့ မိဘနဲ့ ချိတ်ဆက်ဖို့ တာဝန်ယူပေးပါတယ်။ သုံးစွဲသူက နေ့စဉ် screen အသုံးပြုချိန်ကို ကန့်သတ်နိုင်သလို ကလေးငယ်က အချိန်အသုံးချနေတဲ့ app တွေကို မြင်နိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်က install လုပ်လိုတဲ့ app တွေကို သုံးသပ်နိုင်ပြီး စမတ်ဖုန်းပိတ်မယ့် အချိန်ကို သတ်မှတ်ပေးထားနိုင်ပါတယ်။

Smart Reply

Android Q မှာသတိပေးချက်တွေအားလုံးအတွက် Smart Reply ပါဝင်လာပါတယ်။ အခု smart reply ဟာ message မှာလိပ်စာပါဝင်လာရင်လည်း Google Maps ကနေ ဖွင့်နိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ထုတ်ကုန်မှာပါဝင်တဲ့ maching learning နည်းပညာဟာ တစ်ကိုယ်ရေလွတ်လပ်ခွင့်အပေါ် လွှမ်းမိုးမှု ရှိနေပါတယ်။

5G ထောက်ပံ့မှု

Android Q ဟာ 5G အတွက် platform ထောက်ပံ့မှု ထည့်သွင်းထားပြီး app တွေတည်ဆောက်နိုင်ဖို့ API ကို တိုးချဲ့ထားပါတယ်။

Ref: 9to5Google