August 20, 2018

Android Pie ရဲ႕အေကာင္းဆုံး feature မ်ား

[ Zawgyi ]

၂၀၁၈ ခုႏွစ္မွာ Google ဟာ Android Pie ကုိ ျဖန္႔ခ်ိလိုက္ပါတယ္။ ေနာက္ဆုံးေပၚဗားရွင္းျဖစ္တဲ့ Android Pie မွာ feature သစ္မ်ားစြာ ပါဝင္ၿပီး application ေတြတည္ေဆာက္တဲ့ developer ေတြအတြက္ လြယ္ကူထိေရာက္မႈရွိေအာင္ ျပဳလုပ္ထားပါတယ္။ Android Pie နဲ႔ပတ္သက္တဲ့ အေကာင္းဆုံး feature ေတြကို ေအာက္မွာ ေဖာ္ျပေပးသြားပါမယ္။ ဒါေၾကာင့္ သုံးစြဲသူက Android Pie အသုံးျပဳထားတဲ့ ထုတ္ကုန္သစ္ကုိ ဝယ္ယူတာ ဒါမွမဟုတ္ အဆင့္ျမႇင့္တင္လိုက္တာနဲ႔ အဲဒီ feature သစ္ေတြကုိ စမ္းသပ္အသုံးျပဳလာႏိုင္မွာ ျဖစ္ပါတယ္။

Notch ေထာက္ပံ့မႈ

အခုဆိုရင္ ဖုန္းေတြရဲ႕ ထိပ္ဘက္မွာ notch ေတြ ပါဝင္လာပါတယ္။ Android မွာလည္း ဖုန္းထဲမွာ notch ထည့္သြင္းဖို႔ tools developer ေတြရွိပါတယ္။ ဒါေၾကာင့္ တကယ္လို႔ ဖုန္းမွာ notch ပါဝင္တယ္ဆုိရင္ software အသုံးျပဳၿပီး အဲဒီ notch ကုိ ေဖ်ာက္ႏိုင္ပါတယ္။

အဲဒီေထာက္ပံ့မႈမွာ ပထမဆုံး သတိျပဳမိစရာက ဘယ္ဘက္ျခမ္းမွာ နာရီကို ေတြ႕ရၿပီး notch အနားမွာ ေခါက္ခ်ိဳးညီညီထည့္သြင္းေပးထားပါတယ္။ Developer ေတြအေနနဲ႔ display ဧရိယာအတြင္းက notch ထြက္ေပၚမႈကို မူတည္ၿပီး status bar အျမင့္ကို အလုိအေလ်ာက္ ေျပာင္းလဲေပးႏိုင္ပါတယ္။

Notch ပါဝင္တဲ့ ဖုန္းမရွိတဲ့ developer ေတြအေနနဲ႔ စမ္းသပ္မႈ ျပဳလုပ္ဖို႔ Android ရဲ႕ developer tools အသုံးျပဳၿပီး display မွာ notch ကုိထည့္သြင္းႏိုင္ပါတယ္။

HDR နဲ႔ HEIF ေထာက္ပံ့မႈ

Android Pie မွာ မူပုိင္ခြင့္ေၾကး ကင္းလြတ္တဲ့ HDR VP9 profile အတြက္ native ေထာက္ပံ့မႈ ပါဝင္လာပါတယ္။ ဒါေၾကာင့္ အဲဒီ profile အသုံးျပဳထားတဲ့ HDR ႐ုပ္ရွင္ေတြကို ဘယ္ media player မဆို အသုံးျပဳၿပီး ၾကည့္ႏိုင္ပါတယ္။ အရင္တုန္းက HDR dispaly ေပၚမွာ content ေတြ မွန္ကန္စြာ ၾကည့္႐ႈႏိုင္ဖို႔ HDR profile ေတြေထာက္ပံ့မႈပါတဲ့ media player app လိုအပ္ပါတယ္။

Android P မွာလည္း HEIF image compression format ေထာက္ပ့ံမႈ ပါဝင္လာပါတယ္။ HEIF အမည္အျပည့္အစုံက High Efficiency Image Format ျဖစ္ၿပီး JPEG ဓာတ္ပုံ ဖိုင္အရြယ္အစားထက္ ႏွစ္ဆပုိမိုျမင့္မားတဲ့ အခ်က္အလက္နဲ႔ ဓာတ္ပုံေတြကုိ သိမ္းဆည္းႏိုင္ပါတယ္။ အဓိကကေတာ့ ႐ုပ္ထြက္အရည္အေသြး ျမင့္မားတဲ့ ဓာတ္ပုံေတြကုိ ျပသေပးႏိုင္ပါတယ္။
HDR VP9 နဲ႔ HEIF ေတြဟာ ေက်ာ္ၾကားၿပီး အဲ့ဒီ format အတြက္ ေထာက္ပံ့မႈမရွိရင္ ဖုန္းမွာ အဲဒီဖိုင္ေတြကုိ မၾကည့္႐ႈႏိုင္ပါဘူး။

Adaptive Battery

Google အေနနဲ႔ ဘက္ထရီသက္တမ္းရွည္ဖို႔ AI အေထာက္အပံ့ေတြ ထည့္သြင္းထားပါတယ္။

သုံးစြဲသူက app ေတြအသုံးျပဳတဲ့ အခ်ိန္နဲ႔ အသုံးျပဳပုံကို Adaptive Battery က သင္ယူေပးၿပီး ဘက္ထရီကုန္ခန္းေစမယ့္ လုပ္ေဆာင္ခ်က္ေတြကို ခ်ိန္ညိႇေပးပါတယ္။ Android app ေတြမွာ လုပ္ေဆာင္ခ်က္အမ်ိဳးမ်ိဳးပါဝင္ၿပီး background မွာ စီမံခန္႔ခြဲေနေလ့ရွိပါတယ္။ အဲဒီလိုမ်ိဳး လုပ္ေဆာင္ခ်က္ေတြက ပ႐ိုဆက္ဆာနဲ႔ network အေပၚသက္ေရာက္မႈရွိပါတယ္။

အဲဒီအခ်ိန္မွာ Adaptive Battery ကသတိျပဳမိၿပီး app ေတြကုိ စီမံခန္႔ခြဲေပးသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Adaptive Brightness feature ကိုလည္း ထည့္သြင္းထားတဲ့အတြက္ ထုတ္ကုန္ကို အားသြင္းေနခ်ိန္မွာ ဘက္ထရီသက္တမ္းကုိ ဆြဲဆန္႔ေပးထားႏိုင္ပါတယ္။

Indoor navigation

Android Pie က WiFi RTT (Round Trip Time) လို႔သိၾကတဲ့ IEEE 802.11mc Wi-Fi protocol ေထာက္ပံ့မႈကုိ မိတ္ဆက္လုိက္ပါတယ္။

WiFi RTT ေထာက္ပံ့မႈဆိုတာ တည္ေနရာဝန္ေဆာင္မႈေတြအတြက္ Wi-Fi လိႈင္း (ကြန္ရက္ေထာက္ပံ့မႈ ေပးတဲ့အခါ) ကိုအသုံးျပဳႏုိင္ပါတယ္။ RTT ဟာ တိက်ၿပီး ၁ မီတာကေန ၂ မီတာအတြင္းက သုံးစြဲသူရဲ႕ဖုန္းကုိ ေျခရာခံႏိုင္ၿပီး အိမ္အျပင္ဘက္မွာအသုံးျပဳတဲ့ GPS လိႈင္းထက္ ပုိမိုတိက်ပါတယ္။
RTT ေထာက္ပ့ံမႈပါဝင္တဲ့ Wi-Fi ကြန္ရက္မွာ လူေတြ တစ္ဦးနဲ႔ တစ္ဦးေျခရာခံတာ ဒါမွမဟုတ္ သတိေပးခ်က္ေပးပို႔ၿပီး သန္႔စင္ခန္း ရွာေဖြတာလိုအရာေတြမွာ အသုံးျပဳႏိုင္ပါတယ္။

Multi-camera API

API ရဲ႕အမည္အျပည့္အစုံက Application Programming Interface ျဖစ္ၿပီး သာမန္ Android camera tools developers ေထာက္ပံ့မႈကုိ ကင္မရာ၂ လုံးပါဝင္တဲ့ ထုတ္ကုန္ေတြ ရရွိမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဘယ္လို ကင္မရာ app မဆို ကင္မရာႏွစ္လုံး setup ေတြကို ေထာက္ပံ့ေပးႏိုင္သလုိ ဖုန္းမွာပါဝင္တဲ့ ကင္မရာ app အျပင္ အျခား app ေတြလည္းအသုံးျပဳႏိုင္ပါတယ္။

အဲဒီ API ေတြမွာ zoom, portrait/bokeh နဲ႔ 3D stereo vision အျပင္ လက္ရွိ Android ကင္မရာလုပ္ေဆာင္ခ်က္ေတြလညး္ ပါဝင္လာပါတယ္။ အခု API ေၾကာင့္ developer ေတြရဲ႕ app ေတြဟာ ကင္မရာႏွစ္လုံးပါတဲ့ ထုတ္ကုန္ေတြမွာ ေကာင္းစြာအသုံးျပဳႏိုင္ၿပီး ဖုန္းတိုင္းအတြက္ app ဗားရွင္းတစ္ခုပဲ တည္ေဆာက္လာႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူစိတ္ႀကိဳက္ app ေတြကုိ ကင္မရာႏွစ္ခုပါဝင္တဲ့ ဖုန္းေတြမွာ update ျမန္ျမန္ဆန္ဆန္ ေပးလာႏိုင္မွာ ျဖစ္ပါတယ္။

Notification အဆင့္ျမႇင့္တင္မႈ

Android Pie က “more informative” သတိေပးခ်က္အတြက္ ေထာက္ပံ့မႈကို မိတ္ဆက္လုိက္ပါတယ္။

သုံးစြဲသူက သတိေပးခ်က္မွာပါဝင္တဲ့ ဓာတ္ပုံရဲ႕ preview နဲ႔ conversation တစ္ခုထဲက ေနာက္ဆုံးေပးပုိ႔ထားတဲ့ message ေတြကိုလည္းျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သတိေပးခ်က္ shade ကေန Google Assistant ေထာက္ပံ့ထားတဲ့ smart reply ေတြကိုလည္း အသုံးျပဳလုိ႔ရပါတယ္။

Android ဗားရွင္းသစ္တိုင္းမွာ notification ေတြတုိးတက္လာတာေတြ႕ရပါတယ္။ Android ရဲ႕ အားသာခ်က္ေတြထဲကတစ္ခုက notification ေတြျဖစ္ၿပီး မိုဘိုင္းနဲ႔ desktop ေပၚကအျခား operating system ေတြအေပၚလည္း ၾသဇာႀကီးမားပါတယ္။

Rotation ခလုတ္

Android Pie မွာ display လွည့္ႏိုင္ဖို႔ ထိန္းခ်ဳပ္နည္း အသစ္တစ္ခုပါဝင္လာပါတယ္။

သုံးစြဲသူအေနနဲ႔ ဖုန္းကို ဘယ္လို လွည့္လွည့္ ေရျပင္ညီအျဖစ္ မေျပာင္းလဲႏိုင္ေအာင္ rotation settings ကို lock လုပ္ထားႏိုင္ပါတယ္။ ဒါေပမဲ့ system bar ထဲက ခလုတ္သစ္ကုိ tap လုပ္ၿပီး display ကို ေရျပင္ညီေျပာင္းသြားေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

Google ရဲ႕ Launcher အေျပာင္းအလဲမ်ား

Pixel စမတ္ဖုန္းေပၚက Google ရဲ႕ interface ေတြမွာ အေျပာင္းအလဲတခ်ိဳ႕ပါဝင္လာပါတယ္။ အဲဒီအေျပာင္းအလဲေတြက အျခားကုမၸဏီေတြရဲ႕ interface ေတြမွာ ပါဝင္လာႏိုင္ေပမယ့္ Android စနစ္ရဲ႕ အေရးပါဆုံး အစိတ္အပုိင္းေတာ့မဟုတ္ပါဘူး။ Pixel ဖုန္းေတြမွာ volume ခလုတ္ကုိ ႏွိပ္လုိက္ရင္ ေဘးဘက္မွာ volume slider widget သစ္ပါဝင္လာသလို အေရာင္အေသြးစုံ settings menu နဲ႔ Quick settings အတြက္ ျပင္ဆင္ထားတဲ့ အျပင္အဆင္စတဲ့အေျပာင္းအလဲေတြ ပါဝင္လာပါတယ္။

Samsung နဲ႔ LG လိုမ်ိဳး ကုမၸဏီေတြက အျခားဖုန္းေတြမွာ အဲဒီအေျပာင္းအလဲတစ္ခ်ိဳ႕ပါဝင္လာပါတယ္။ အျခားထုတ္ကုန္ေတြမွာေတာ့ မၾကာမီ ပါဝင္လာဖြယ္ရွိပါတယ္။

စိုးထက္
Ref: AndroidCentral

[ Unicode ]

၂၀၁၈ ခုနှစ်မှာ Google ဟာ Android Pie ကို ဖြန့်ချိလိုက်ပါတယ်။ နောက်ဆုံးပေါ်ဗားရှင်းဖြစ်တဲ့ Android Pie မှာ feature သစ်များစွာ ပါဝင်ပြီး application တွေတည်ဆောက်တဲ့ developer တွေအတွက် လွယ်ကူထိရောက်မှုရှိအောင် ပြုလုပ်ထားပါတယ်။ Android Pie နဲ့ပတ်သက်တဲ့ အကောင်းဆုံး feature တွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်။ ဒါကြောင့် သုံးစွဲသူက Android Pie အသုံးပြုထားတဲ့ ထုတ်ကုန်သစ်ကို ဝယ်ယူတာ ဒါမှမဟုတ် အဆင့်မြှင့်တင်လိုက်တာနဲ့ အဲဒီ feature သစ်တွေကို စမ်းသပ်အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။

Notch ထောက်ပံ့မှု

အခုဆိုရင် ဖုန်းတွေရဲ့ ထိပ်ဘက်မှာ notch တွေ ပါဝင်လာပါတယ်။ Android မှာလည်း ဖုန်းထဲမှာ notch ထည့်သွင်းဖို့ tools developer တွေရှိပါတယ်။ ဒါကြောင့် တကယ်လို့ ဖုန်းမှာ notch ပါဝင်တယ်ဆိုရင် software အသုံးပြုပြီး အဲဒီ notch ကို ဖျောက်နိုင်ပါတယ်။

အဲဒီထောက်ပံ့မှုမှာ ပထမဆုံး သတိပြုမိစရာက ဘယ်ဘက်ခြမ်းမှာ နာရီကို တွေ့ရပြီး notch အနားမှာ ခေါက်ချိုးညီညီထည့်သွင်းပေးထားပါတယ်။ Developer တွေအနေနဲ့ display ဧရိယာအတွင်းက notch ထွက်ပေါ်မှုကို မူတည်ပြီး status bar အမြင့်ကို အလိုအလျောက် ပြောင်းလဲပေးနိုင်ပါတယ်။

Notch ပါဝင်တဲ့ ဖုန်းမရှိတဲ့ developer တွေအနေနဲ့ စမ်းသပ်မှု ပြုလုပ်ဖို့ Android ရဲ့ developer tools အသုံးပြုပြီး display မှာ notch ကိုထည့်သွင်းနိုင်ပါတယ်။

HDR နဲ့ HEIF ထောက်ပံ့မှု

Android Pie မှာ မူပိုင်ခွင့်ကြေး ကင်းလွတ်တဲ့ HDR VP9 profile အတွက် native ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဒါကြောင့် အဲဒီ profile အသုံးပြုထားတဲ့ HDR ရုပ်ရှင်တွေကို ဘယ် media player မဆို အသုံးပြုပြီး ကြည့်နိုင်ပါတယ်။ အရင်တုန်းက HDR dispaly ပေါ်မှာ content တွေ မှန်ကန်စွာ ကြည့်ရှုနိုင်ဖို့ HDR profile တွေထောက်ပံ့မှုပါတဲ့ media player app လိုအပ်ပါတယ်။

Android P မှာလည်း HEIF image compression format ထောက်ပ့ံမှု ပါဝင်လာပါတယ်။ HEIF အမည်အပြည့်အစုံက High Efficiency Image Format ဖြစ်ပြီး JPEG ဓာတ်ပုံ ဖိုင်အရွယ်အစားထက် နှစ်ဆပိုမိုမြင့်မားတဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းနိုင်ပါတယ်။ အဓိကကတော့ ရုပ်ထွက်အရည်အသွေး မြင့်မားတဲ့ ဓာတ်ပုံတွေကို ပြသပေးနိုင်ပါတယ်။

HDR VP9 နဲ့ HEIF တွေဟာ ကျော်ကြားပြီး အဲ့ဒီ format အတွက် ထောက်ပံ့မှုမရှိရင် ဖုန်းမှာ အဲဒီဖိုင်တွေကို မကြည့်ရှုနိုင်ပါဘူး။

Adaptive Battery

Google အနေနဲ့ ဘက်ထရီသက်တမ်းရှည်ဖို့ AI အထောက်အပံ့တွေ ထည့်သွင်းထားပါတယ်။

သုံးစွဲသူက app တွေအသုံးပြုတဲ့ အချိန်နဲ့ အသုံးပြုပုံကို Adaptive Battery က သင်ယူပေးပြီး ဘက်ထရီကုန်ခန်းစေမယ့် လုပ်ဆောင်ချက်တွေကို ချိန်ညှိပေးပါတယ်။ Android app တွေမှာ လုပ်ဆောင်ချက်အမျိုးမျိုးပါဝင်ပြီး background မှာ စီမံခန့်ခွဲနေလေ့ရှိပါတယ်။ အဲဒီလိုမျိုး လုပ်ဆောင်ချက်တွေက ပရိုဆက်ဆာနဲ့ network အပေါ်သက်ရောက်မှုရှိပါတယ်။

အဲဒီအချိန်မှာ Adaptive Battery ကသတိပြုမိပြီး app တွေကို စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Adaptive Brightness feature ကိုလည်း ထည့်သွင်းထားတဲ့အတွက် ထုတ်ကုန်ကို အားသွင်းနေချိန်မှာ ဘက်ထရီသက်တမ်းကို ဆွဲဆန့်ပေးထားနိုင်ပါတယ်။

Indoor navigation

Android Pie က WiFi RTT (Round Trip Time) လို့သိကြတဲ့ IEEE 802.11mc Wi-Fi protocol ထောက်ပံ့မှုကို မိတ်ဆက်လိုက်ပါတယ်။

WiFi RTT ထောက်ပံ့မှုဆိုတာ တည်နေရာဝန်ဆောင်မှုတွေအတွက် Wi-Fi လှိုင်း (ကွန်ရက်ထောက်ပံ့မှု ပေးတဲ့အခါ) ကိုအသုံးပြုနိုင်ပါတယ်။ RTT ဟာ တိကျပြီး ၁ မီတာကနေ ၂ မီတာအတွင်းက သုံးစွဲသူရဲ့ဖုန်းကို ခြေရာခံနိုင်ပြီး အိမ်အပြင်ဘက်မှာအသုံးပြုတဲ့ GPS လှိုင်းထက် ပိုမိုတိကျပါတယ်။

RTT ထောက်ပ့ံမှုပါဝင်တဲ့ Wi-Fi ကွန်ရက်မှာ လူတွေ တစ်ဦးနဲ့ တစ်ဦးခြေရာခံတာ ဒါမှမဟုတ် သတိပေးချက်ပေးပို့ပြီး သန့်စင်ခန်း ရှာဖွေတာလိုအရာတွေမှာ အသုံးပြုနိုင်ပါတယ်။

Multi-camera API

API ရဲ့အမည်အပြည့်အစုံက Application Programming Interface ဖြစ်ပြီး သာမန် Android camera tools developers ထောက်ပံ့မှုကို ကင်မရာ၂ လုံးပါဝင်တဲ့ ထုတ်ကုန်တွေ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လို ကင်မရာ app မဆို ကင်မရာနှစ်လုံး setup တွေကို ထောက်ပံ့ပေးနိုင်သလို ဖုန်းမှာပါဝင်တဲ့ ကင်မရာ app အပြင် အခြား app တွေလည်းအသုံးပြုနိုင်ပါတယ်။

အဲဒီ API တွေမှာ zoom, portrait/bokeh နဲ့ 3D stereo vision အပြင် လက်ရှိ Android ကင်မရာလုပ်ဆောင်ချက်တွေလညး် ပါဝင်လာပါတယ်။ အခု API ကြောင့် developer တွေရဲ့ app တွေဟာ ကင်မရာနှစ်လုံးပါတဲ့ ထုတ်ကုန်တွေမှာ ကောင်းစွာအသုံးပြုနိုင်ပြီး ဖုန်းတိုင်းအတွက် app ဗားရှင်းတစ်ခုပဲ တည်ဆောက်လာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူစိတ်ကြိုက် app တွေကို ကင်မရာနှစ်ခုပါဝင်တဲ့ ဖုန်းတွေမှာ update မြန်မြန်ဆန်ဆန် ပေးလာနိုင်မှာ ဖြစ်ပါတယ်။

Notification အဆင့်မြှင့်တင်မှု

Android Pie က “more informative” သတိပေးချက်အတွက် ထောက်ပံ့မှုကို မိတ်ဆက်လိုက်ပါတယ်။

သုံးစွဲသူက သတိပေးချက်မှာပါဝင်တဲ့ ဓာတ်ပုံရဲ့ preview နဲ့ conversation တစ်ခုထဲက နောက်ဆုံးပေးပို့ထားတဲ့ message တွေကိုလည်းမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သတိပေးချက် shade ကနေ Google Assistant ထောက်ပံ့ထားတဲ့ smart reply တွေကိုလည်း အသုံးပြုလို့ရပါတယ်။

Android ဗားရှင်းသစ်တိုင်းမှာ notification တွေတိုးတက်လာတာတွေ့ရပါတယ်။ Android ရဲ့ အားသာချက်တွေထဲကတစ်ခုက notification တွေဖြစ်ပြီး မိုဘိုင်းနဲ့ desktop ပေါ်ကအခြား operating system တွေအပေါ်လည်း သြဇာကြီးမားပါတယ်။

Rotation ခလုတ်

Android Pie မှာ display လှည့်နိုင်ဖို့ ထိန်းချုပ်နည်း အသစ်တစ်ခုပါဝင်လာပါတယ်။

သုံးစွဲသူအနေနဲ့ ဖုန်းကို ဘယ်လို လှည့်လှည့် ရေပြင်ညီအဖြစ် မပြောင်းလဲနိုင်အောင် rotation settings ကို lock လုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ system bar ထဲက ခလုတ်သစ်ကို tap လုပ်ပြီး display ကို ရေပြင်ညီပြောင်းသွားအောင် ပြုလုပ်နိုင်ပါတယ်။

Google ရဲ့ Launcher အပြောင်းအလဲများ

Pixel စမတ်ဖုန်းပေါ်က Google ရဲ့ interface တွေမှာ အပြောင်းအလဲတချို့ပါဝင်လာပါတယ်။ အဲဒီအပြောင်းအလဲတွေက အခြားကုမ္ပဏီတွေရဲ့ interface တွေမှာ ပါဝင်လာနိုင်ပေမယ့် Android စနစ်ရဲ့ အရေးပါဆုံး အစိတ်အပိုင်းတော့မဟုတ်ပါဘူး။ Pixel ဖုန်းတွေမှာ volume ခလုတ်ကို နှိပ်လိုက်ရင် ဘေးဘက်မှာ volume slider widget သစ်ပါဝင်လာသလို အရောင်အသွေးစုံ settings menu နဲ့ Quick settings အတွက် ပြင်ဆင်ထားတဲ့ အပြင်အဆင်စတဲ့အပြောင်းအလဲတွေ ပါဝင်လာပါတယ်။
Samsung နဲ့ LG လိုမျိုး ကုမ္ပဏီတွေက အခြားဖုန်းတွေမှာ အဲဒီအပြောင်းအလဲတစ်ချို့ပါဝင်လာပါတယ်။ အခြားထုတ်ကုန်တွေမှာတော့ မကြာမီ ပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: AndroidCentral