September 20, 2018

Android OS တြင္ Offline Access အတြက္ Sync ဖိုင္မ်ား ဖန္တီးျခင္းႏွင့္ ဖုန္းထဲမွ App မ်ားကို Facebook ေပၚမွတစ္ဆင့္ မွ်ေ၀ျခင္း

[ Zawgyi ]

Offline Access အေနနဲ႔ အသုံးျပဳႏုိင္တဲ့ Sync ဖုိင္ေတြဖန္တီးဖို႔အတြက္ Third Party App ကို အသုံးျပဳၿပီး ဖန္တီးရမွာျဖစ္ပါတယ္။ ကိုယ့္အေနနဲ႔ အခုလိုမ်ဳိး Offline အေနနဲ႔ ဖန္တီးထားမယ္ဆိုရင္ေတာ့ မိုဘုိင္းအင္တာနက္ မေကာင္းတဲ့ေနရာ၊ WiFi ကြန္ရက္သိပ္မမိတဲ့ ေနရာမ်ဳိးေတြမွာ Offline အေနနဲ႔ Sync လုပ္ထားတဲ့ဖိုင္ေတြကို အလြယ္တကူပဲ ရယူအသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Offline Sync ဖိုင္ေတြဖန္တီးဖို႔အတြက္ SugarSync ဆိုတဲ့ App ကို အသုံးျပဳမွာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ SugarSync App ကို PlayStore ကေန အခမဲ့အေနနဲ႔ ရယူအသုံးျပဳႏုိင္မွာျဖစ္ၿပီး ဖိုင္အရြယ္အစား 3.4MB သာရွိမွာ ျဖစ္ပါတယ္။ အရင္ဆုံး ဖုန္းရဲ႕ျမင္ကြင္းေပၚက Play Store icon ကို ႏွိပ္ဖြင့္လိုက္ပါ။

PlayStore ျမင္ကြင္းေပၚလာရင္ေတာ့ Search ဆိုတဲ့အကြက္ထဲမွာ sugarsync ဆိုတာကို ႐ိုက္ထည့္လုိက္ပါ။

ရွာလို႔ၿပီးရင္ေတာ့ SugarSync ဆိုတဲ့ App ကို ေအာက္ကပုံထဲကလို ေတြ႔ရမွာျဖစ္ၿပီး INSTALL ဆိုတာကို ႏွိပ္ေပးရပါမယ္။

INSTALL ကိုႏွိပ္လုိက္ရင္ေတာ့ App ကို ဖုန္းထဲထည့္သြင္းေနမွာ ျဖစ္ပါတယ္။ ထည့္သြင္းၿပီးသြားရင္ေတာ့ App မွာ Sing In လုပ္ဖို႔အတြက္ App icon ကိုႏွိပ္ၿပီး ဖြင့္လုိက္ပါ။ (ဒါမွ မဟုတ္ INSTALL လုပ္ၿပီး Done သို႔ Open ေပၚလာတဲ့အခါမွာ Open ကိုႏွိပ္ၿပီးလည္း ဖြင့္ႏုိင္ပါတယ္။

SugarSync အေကာင့္တစ္ခု ဖန္တီးဖို႔အတြက္ ကိုယ့္ Sync လုပ္မယ့္ Email နဲ႔ လွ်ဳိ႕ဝွက္နံပါတ္ေတြကို ထည့္သြင္းေပးရမွာ ျဖစ္ပါတယ္။ ထည့္သြင္းၿပီးရင္ ေတာ့ Log In ဆိုတာကို ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ ဖုန္းထဲကေန Sync လုပ္မဲ့ဖိုင္ကို ေရြးခ်ယ္ေပးရမွာ ျဖစ္ပါတယ္။ အေကာင့္ထဲကို ဝင္လိုက္ၿပီဆိုတာနဲ႔ ေအာက္ေဖာ္ျပပါ အကြက္ထဲကလို ဖိုင္ေတြကိုေတြ႔ရမွာ ျဖစ္ပါတယ္။

အြန္လိုင္း Cloud မွာ သိမ္းဆည္းမွာျဖစ္တဲ့အတြက္ Cloud Only ဆိုတာကို ေရြးေပးပါ။

ၿပီးရင္ေတာ့ ကိုယ့္အေနနဲ႔ အြန္လိုင္းမွာ သိမ္းခ်င္တဲ့ဖိုင္ရွိတဲ့ ေနရာထိကို သြားေပးရမွာျဖစ္ပါတယ္။ ဖုိင္ကိုေတြ႕ၿပီဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါ ပုံအတုိင္း ဖုိင္ရဲ႕ညာဘက္ေအာက္ေထာင့္နားက သေကၤတေလးကို တစ္ခ်က္ႏွိပ္ပါ။

ေဖာ္ျပပါသေကၤတကို ႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္း ေဘာက္တစ္ခုေပၚလာမွာျဖစ္ၿပီး အဲဒီေဘာက္ထဲက Sync ဆိုတာကို ႏွိပ္ေပးရမွာျဖစ္ပါတယ္။

ဘယ္ဘက္အေပၚေထာင့္နားက လိုင္းခုဆင့္ထားတဲ့ပုံစံ Menu icon ကို ႏွိပ္လိုက္ပါ။

Menu ကိုႏွိပ္လုိက္ရင္ ပုံအတုိင္း အကြက္တစ္ခု ေပၚလာမွာျဖစ္ၿပီး Synced ကို ႏွိပ္လိုက္ရင္ အြန္လိုင္းမွာ Sync လုပ္ထားတဲ့ ဖုိင္ေတြကို ေတြ႔ရမွာပါ။

ဒါဆိုရင္ေတာ့ ဖုိင္ေတြကို Offline Access အေနနဲ႔ ရယူအသုံးျပဳဖို႔ႏုိင္အတြက္ လုပ္ေဆာင္ခ်က္ ၿပီးဆုံးၿပီပဲ ျဖစ္ပါတယ္။

ဆက္လက္ေဖာ္ျပေပးမွာကေတာ့ Android ဖုန္းသုံးသူေတြ အေနနဲ႔ ကိုယ့္ဖုန္းထဲက ကိုယ့္အႀကိဳက္ App နဲ႔ ဂိမ္းေတြကို Facebook ေပၚက သူငယ္ခ်င္း၊ မိတ္ေဆြအတြက္ အလြယ္တကူ ျပန္လည္မွ်ေဝႏိုင္မယ့္ နည္းလမ္းျဖစ္ပါတယ္။ အဲဒီလိုမွ်ေဝဖို႔အတြက္ ဖုန္းမွာ အင္တာနက္ ခ်ိတ္ဆက္ထားဖု႔ိလိုမွာ ျဖစ္ပါတယ္။

အရင္ဆုံး ဖုန္းျမင္ကြင္းေပၚက Play Store icon ကို တစ္ခ်က္ ႏွိပ္လိုက္ပါ။

PlayStoe ပြင့္လာရင္ေတာ့ ဘယ္ဘက္အေပၚေထာင့္နားက မ်ဥ္းေၾကာင္းသုံးခု icon ျဖစ္တဲ့ PlayStore Menu icon ကို တစ္ ခ်က္ႏွိပ္လုိက္ပါ။ အဲလိုႏွိပ္လိုက္ရင္ေတာ့ Menu ေဘာက္တစ္ခုေပၚလာမွာျဖစ္ၿပီး အဲဒီထဲက My apps ဆိုတာကို ႏွိပ္လုိက္ပါ။

My apps ကိုႏွိပ္လုိက္ရင္ေတာ့ ဖုန္းထဲမွာ Install လုပ္ထား တဲ့ App နဲ႔ ဂိမ္းေတြကို ေပၚလာမွာျဖစ္ၿပီး ကိုယ့္အေနနဲ႔ Facebook ေပၚကို မွ်ေဝခ်င္တဲ့ App ကို ႏွိပ္ၿပီး ေရြးခ်ယ္ေပးရမွာပါ။ ကိုယ္မွ်ေဝခ်င္တဲ့ App ဒါမွမဟုတ္ ဂိမ္းကိုႏွိပ္ပါ။

ကိုယ္ႏွိပ္လိုက္တဲ့ App ရဲ႕ စာမ်က္ႏွာေပၚလာရင္ေတာ့ ညာဘက္အေပၚေထာင့္နားက Share icon ေလးကို ႏွိပ္ပါ။

Share icon ကို ႏွိပ္လုိက္ရင္ေတာ့ ေအာက္မွာျပထားတဲ့ပုံစံ ေဘာက္တစ္ခုေပၚလာမွာျဖစ္ၿပီး အဲဒီထဲကမွ Facebook ကိုေရြး ေပးရမွာျဖစ္ပါတယ္။

Facebook ကို ေရြးေပးလိုက္မယ္ဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါ ပုံအတုိင္းေပၚလာမွာျဖစ္ၿပီး ကိုယ့္အေနနဲ႔ App နဲ႔ ပတ္သက္တဲ့ ေဖာ္ျပခ်က္ေတြကို ေရးသားၿပီး Facebook ေပၚက သူငယ္ခ်င္း၊ မိတ္ေဆြေတြ အသုံးျပဳႏုိင္ဖို႔အတြက္ အလြယ္တကူ Share လုပ္မွ်ေဝ ေပးႏုိင္မွာျဖစ္ပါတယ္။

[ Unicode ]

Offline Access အနေနဲ့ အသုံးပြုနိုင်တဲ့ Sync ဖိုင်တွေဖန်တီးဖို့အတွက် Third Party App ကို အသုံးပြုပြီး ဖန်တီးရမှာဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အခုလိုမျိုး Offline အနေနဲ့ ဖန်တီးထားမယ်ဆိုရင်တော့ မိုဘိုင်းအင်တာနက် မကောင်းတဲ့နေရာ၊ WiFi ကွန်ရက်သိပ်မမိတဲ့ နေရာမျိုးတွေမှာ Offline အနေနဲ့ Sync လုပ်ထားတဲ့ဖိုင်တွေကို အလွယ်တကူပဲ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Offline Sync ဖိုင်တွေဖန်တီးဖို့အတွက် SugarSync ဆိုတဲ့ App ကို အသုံးပြုမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် SugarSync App ကို PlayStore ကနေ အခမဲ့အနေနဲ့ ရယူအသုံးပြုနိုင်မှာဖြစ်ပြီး ဖိုင်အရွယ်အစား 3.4MB သာရှိမှာ ဖြစ်ပါတယ်။ အရင်ဆုံး ဖုန်းရဲ့မြင်ကွင်းပေါ်က Play Store icon ကို နှိပ်ဖွင့်လိုက်ပါ။

PlayStore မြင်ကွင်းပေါ်လာရင်တော့ Search ဆိုတဲ့အကွက်ထဲမှာ sugarsync ဆိုတာကို ရိုက်ထည့်လိုက်ပါ။

ရှာလို့ပြီးရင်တော့ SugarSync ဆိုတဲ့ App ကို အောက်ကပုံထဲကလို တွေ့ရမှာဖြစ်ပြီး INSTALL ဆိုတာကို နှိပ်ပေးရပါမယ်။

INSTALL ကိုနှိပ်လိုက်ရင်တော့ App ကို ဖုန်းထဲထည့်သွင်းနေမှာ ဖြစ်ပါတယ်။ ထည့်သွင်းပြီးသွားရင်တော့ App မှာ Sing In လုပ်ဖို့အတွက် App icon ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ (ဒါမှ မဟုတ် INSTALL လုပ်ပြီး Done သို့ Open ပေါ်လာတဲ့အခါမှာ Open ကိုနှိပ်ပြီးလည်း ဖွင့်နိုင်ပါတယ်။

SugarSync အကောင့်တစ်ခု ဖန်တီးဖို့အတွက် ကိုယ့် Sync လုပ်မယ့် Email နဲ့ လျှို့ဝှက်နံပါတ်တွေကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ထည့်သွင်းပြီးရင် တော့ Log In ဆိုတာကို နှိပ်လိုက်ပါ။

ပြီးရင်တော့ ဖုန်းထဲကနေ Sync လုပ်မဲ့ဖိုင်ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အကောင့်ထဲကို ဝင်လိုက်ပြီဆိုတာနဲ့ အောက်ဖော်ပြပါ အကွက်ထဲကလို ဖိုင်တွေကိုတွေ့ရမှာ ဖြစ်ပါတယ်။

အွန်လိုင်း Cloud မှာ သိမ်းဆည်းမှာဖြစ်တဲ့အတွက် Cloud Only ဆိုတာကို ရွေးပေးပါ။

ပြီးရင်တော့ ကိုယ့်အနေနဲ့ အွန်လိုင်းမှာ သိမ်းချင်တဲ့ဖိုင်ရှိတဲ့ နေရာထိကို သွားပေးရမှာဖြစ်ပါတယ်။ ဖိုင်ကိုတွေ့ပြီဆိုရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်း ဖိုင်ရဲ့ညာဘက်အောက်ထောင့်နားက သင်္ကေတလေးကို တစ်ချက်နှိပ်ပါ။

ဖော်ပြပါသင်္ကေတကို နှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး အဲဒီဘောက်ထဲက Sync ဆိုတာကို နှိပ်ပေးရမှာဖြစ်ပါတယ်။

ဘယ်ဘက်အပေါ်ထောင့်နားက လိုင်းခုဆင့်ထားတဲ့ပုံစံ Menu icon ကို နှိပ်လိုက်ပါ။

Menu ကိုနှိပ်လိုက်ရင် ပုံအတိုင်း အကွက်တစ်ခု ပေါ်လာမှာဖြစ်ပြီး Synced ကို နှိပ်လိုက်ရင် အွန်လိုင်းမှာ Sync လုပ်ထားတဲ့ ဖိုင်တွေကို တွေ့ရမှာပါ။

ဒါဆိုရင်တော့ ဖိုင်တွေကို Offline Access အနေနဲ့ ရယူအသုံးပြုဖို့နိုင်အတွက် လုပ်ဆောင်ချက် ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပေးမှာကတော့ Android ဖုန်းသုံးသူတွေ အနေနဲ့ ကိုယ့်ဖုန်းထဲက ကိုယ့်အကြိုက် App နဲ့ ဂိမ်းတွေကို Facebook ပေါ်က သူငယ်ချင်း၊ မိတ်ဆွေအတွက် အလွယ်တကူ ပြန်လည်မျှဝေနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ အဲဒီလိုမျှဝေဖို့အတွက် ဖုန်းမှာ အင်တာနက် ချိတ်ဆက်ထားဖို့လိုမှာ ဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းမြင်ကွင်းပေါ်က Play Store icon ကို တစ်ချက် နှိပ်လိုက်ပါ။

PlayStoe ပွင့်လာရင်တော့ ဘယ်ဘက်အပေါ်ထောင့်နားက မျဉ်းကြောင်းသုံးခု icon ဖြစ်တဲ့ PlayStore Menu icon ကို တစ် ချက်နှိပ်လိုက်ပါ။ အဲလိုနှိပ်လိုက်ရင်တော့ Menu ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး အဲဒီထဲက My apps ဆိုတာကို နှိပ်လိုက်ပါ။

My apps ကိုနှိပ်လိုက်ရင်တော့ ဖုန်းထဲမှာ Install လုပ်ထား တဲ့ App နဲ့ ဂိမ်းတွေကို ပေါ်လာမှာဖြစ်ပြီး ကိုယ့်အနေနဲ့ Facebook ပေါ်ကို မျှဝေချင်တဲ့ App ကို နှိပ်ပြီး ရွေးချယ်ပေးရမှာပါ။ ကိုယ်မျှဝေချင်တဲ့ App ဒါမှမဟုတ် ဂိမ်းကိုနှိပ်ပါ။

ကိုယ်နှိပ်လိုက်တဲ့ App ရဲ့ စာမျက်နှာပေါ်လာရင်တော့ ညာဘက်အပေါ်ထောင့်နားက Share icon လေးကို နှိပ်ပါ။

Share icon ကို နှိပ်လိုက်ရင်တော့ အောက်မှာပြထားတဲ့ပုံစံ ဘောက်တစ်ခုပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Facebook ကိုရွေး ပေးရမှာဖြစ်ပါတယ်။

Facebook ကို ရွေးပေးလိုက်မယ်ဆိုရင်တော့ အောက်ဖော်ပြပါ ပုံအတိုင်းပေါ်လာမှာဖြစ်ပြီး ကိုယ့်အနေနဲ့ App နဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေကို ရေးသားပြီး Facebook ပေါ်က သူငယ်ချင်း၊ မိတ်ဆွေတွေ အသုံးပြုနိုင်ဖို့အတွက် အလွယ်တကူ Share လုပ်မျှဝေ ပေးနိုင်မှာဖြစ်ပါတယ်။