Android OS စနစ်သုံး ပြည်တွင်းစီးပွားရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန် app များ
[ Zawgyi ]
sm3 DIR
ICT Directory
Yangon Directory
Mandalay Directory
Nay Pyi Taw Guide
-ရဲထွဋ်ဝင်း
[ Unicode ]
စီးပွားရေးလုပ်ကိုင်နေသူတွေနဲ့ ကိုယ်ပိုင်စီးပွားရေးကို စတင်မယ့်သူတွေအတွက် အထောက်အကူပြု app တွေဖြစ်ပါတယ်။ မြန်မာလိုအသုံးပြုနိုင်အောင် ဖန်တီးထားတဲ့ app
တွေဖြစ်ပြီး မိမိသိရှိလိုတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို app ကနေ အလွယ်တကူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
sm3 DIR
မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ-ညောင်ဦး၊ တောင်ကြီးစတဲ့ မြို့တွေရဲ့စီးပွားရေး လုပ်ငန်းလမ်းညွှန် App ဖြစ်ပါတယ်။ မြို့ကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ တည်နေရာလိပ်စာတွေအပြင် မြန်မာပြက္ခဒိန်နဲ့ အရေးပေါ်ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်တွေကိုလည်း App မှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ငွေလဲလှယ်နှုန်း၊ ရွှေစျေးနှုန်းနဲ့ အထူးလျှော့စျေးနဲ့ ရောင်းချနေမှု နေ့စဉ် update တွေကို ကြည့်ရှုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 3.0 နဲ့ အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
Myanmar Business Directory
မြန်မာတစ်ပြည်လုံးရှိ စီးပွားရေးလုပ်ငန်းပေါင်း ၂,၃၉ဝ,ဝဝဝ ကျော်အပြင် ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ မြို့ ၂၂၂ ခုတွင် ဝန်ဆောင်ပေးလျက်ရှိသော ဆားဗစ်လိပ်စာများကို ကြည့်ရှုနိုင်မည့် App ဖြစ်သည်။ လုပ်ငန်းအမည်၊ လုပ်ငန်းအမျိုးအစား၊ တည်နေရာဖြင့် ရှာဖွေနိုင်ရန်ဖန်တီးထားသည်။ အဆိုပါ app ကို download ပြုလုပ်လိုသူများအနေဖြင့် ဒီနေရာတွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်သည်။ Android version 4.0.3 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။
Mandalay Business Directory
မန္တလေးစီးပွားလုပ်ငန်းလမ်းညွှန် App ဖြစ်ပါတယ်။ အထက်မြန်မာပြည်မှာရှိတဲ့ မြို့ပေါင်း ၆၃ ခုက စီးပွားရေးလုပ်ငန်းပေါင်း ၉ဝ,ဝဝဝ ကို ကဏ္ဍ ရ၄၁ ခုခွဲထားပြီး လိပ်စာတွေကို အလွယ်တကူရှာဖွေကြည့်ရှုနိုင် အောင် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် အစိုးရဌာနဆိုင်ရာတွေကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေကို ထည့်သွင်းပေးထားပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
FoodIndustry Directory
စားသောက်ကုန်ထုတ်လုပ်တဲ့ ထုတ်လုပ်သူတွေ၊ ကုန်ကြမ်းထောက်ပံ့သူတွေနဲ့ အစားအသောက်ဆိုင်တည်နေရာနဲ့ လိပ်စာတွေကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ကဏ္ဍအလိုက် ရှာဖွေကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာသုံးနိုင်ပြီး Down-load လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
Myanmar Super Pages Directory
အင်္ဂလိပ်-မြန်မာဘာသာနှစ်မျိုးနဲ့ အသုံးပြုနိုင်မယ့် လမ်းညွှန် App ဖြစ်ပါတယ်။ လေကြောင်းလိုင်း၊ ကားဆားဗစ်စင်တာ၊ ရုပ်ရှင်ရုံ၊ ဆေးရုံ၊ ဘဏ်၊ ဟိုတယ်၊ တည်းခိုခန်း၊ အဝေးပြေးကားဂိတ်၊ ပရိဘောဂဆိုင်တွေရဲ့လိပ်စာတွေကို ကဏ္ဍအလိုက် ရှာဖွေနိုင်မယ့်အပြင် အက္ခရာစဉ်နဲ့ပါ ရှာဖွေနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 3.2 နဲ့အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
ICT Directory
အိုင်စီတီနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို အလွယ်တကူရှာဖွေနိုင်မယ့် App ဖြစ်ပါတယ်။ အိုင်တီဆိုင်ရာ သင်တန်း၊ အင်တာနက်ဆားဗစ် ဝန်ဆောင်မှုလုပ်ငန်း၊ အိုင်တီနဲ့ဆက်စပ် ပစ္စည်းရောင်းချသူ စတာတွေကို လုပ်ငန်းအမည်၊ တည်နေရာ၊ ကဏ္ဍအလိုက် ရှာဖွေနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
Yangon Business Directory
ရန်ကုန်စီးပွားလုပ်ငန်းလမ်းညွှန် App ဖြစ်သည်။ ပြည်တွင်းရှိစီးပွားရေး လုပ်ငန်းပေါင်း ၁၂၁,ဝဝဝ ကို ကဏ္ဍ ၈၅ဝ ခွဲ၍ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရန် ဖန်တီးပေးထားသည်။ ထို့ပြင် အစိုးရဌာနဆိုင်ရာများ၏ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များကိုလည်း ရှာဖွေကြည့်နိုင်မည်ဖြစ်သည်။ အဆိုပါ app ကို download ပြုလုပ်လိုသူများအနေဖြင့် ဒီနေရာတွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်သည်။ Android version 4.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။
Yangon Directory
ရန်ကုန်လမ်းညွှန် App ဖြစ်ပါတယ်။ ဆေးရုံ၊ ဘဏ်၊ အေတီအမ်ကတ် ထုတ်နိုင်တဲ့နေရာ၊ ဟိုတယ်၊ တည်းခိုခန်း၊ သွင်းကုန် ထုတ်ကုန်ဆိုင်ရာ၊ ကားဆားဗစ်ဆိုင်ရာ၊ အီလက်ထရွန်းနစ် ပစ္စည်းဆိုင်စတဲ့ လိပ်စာပေါင်း ၁ဝဝ,ဝဝဝ ကျော်ကို ကဏ္ဍအလိုက် ရှာဖွေနိုင်မှာဖြစ်ပါတယ်။ လမ်းညွှန်လိပ်စာတွေကို Offline ကြည့်ရှုအသုံးပြုနိုင်မှာဖြစ်တဲ့အပြင် ရန်ကုန်မှာရှိတဲ့ ပရိုမိုးရှင်းနဲ့
လက်ရှိပြုလုပ်နေတဲ့ ပွဲတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပြီး မိမိရဲ့လုပ်ငန်းလိပ်စာကိုလည်း ထပ်ဖြည့်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0.3 နဲ့အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
Mandalay Directory
မြန်မာလိုကြည့်ရှု အသုံးပြုနိုင်မည့် မန္တလေးလမ်းညွှန် App ဖြစ်သည်။ Online နှင့် Offline ပုံစံနှစ်မျိုးအနေဖြင့် အသုံးပြုနိုင်ရန် ဖန်တီးထားပြီး လိပ်စာများကို မြန်မာလိုရှာဖွေကြည့်
ရှုနိုင်မည်ဖြစ်သည်။ ဆက်သွယ်နိုင်သည့် လိပ်စာပေါင်း ၄၇,ဝဝဝ ကျော်၊ စီးပွားရေးလုပ်ငန်း အမျိုးအစား ၄၅ဝ ကျော် ပါဝင်မည်ဖြစ်သည်။ အဆိုပါ app ကို Android version 4.0.3 နှင့် အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်လိုသူများအနေဖြင့် ဒီနေရာတွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်သည်။
Kalaymyo Business Directory
ကလေးမြို့စီးပွားရေး လုပ်ငန်းလမ်းညွှန် App ဖြစ်ပါတယ်။ ကလေးမြို့မှာရှိတဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ လုပ်ငန်းတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကို လုပ်ငန်း အမျိုးအစားအလိုက် ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပြီး အသစ်ထပ်မံဖြည့်စွက်တဲ့ လုပ်ငန်းလိပ်စာတွေကို App ကို update ပြုလုပ်ကာရယူနိုင်မှာဖြစ်ပါတယ်။ မိမိတို့လုပ်ငန်းတွေကို ထပ်မံဖြည့်စွက်လိုတာ ဒါမှမဟုတ် လိပ်စာနဲ့ ဖုန်းနံပါတ်တွေပြောင်းလဲပြင်ဆင်လိုတာတွေကိုလည်း App ကနေ တိုက်ရိုက်ချိတ်ဆက် ပြောင်းလဲပြင်ဆင်နိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 2.3.3 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
Nay Pyi Taw Guide
နေပြည်တော်က ဟိုတယ်၊ စားသောက်ဆိုင်လိပ်စာတွေအပြင် လုပ်ငန်းတွေရဲ့ လိပ်စာတွေပါရှာဖွေကြည့်ရှုနိုင်မယ့် လမ်းညွှန် App ဖြစ်ပါတယ်။ မိမိရှာဖွေချင်တဲ့ ကဏ္ဍအလိုက် အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်အောင် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
မုံရွာခရီးသွားလမ်းညွှန် (Guide ToMonywa)
မုံရွာမြို့ကို သွားရောက်လည်ပတ်သူများအနေနဲ့ ကား၊ သင်္ဘော၊ မီးရထား၊ လေယာဉ်စတဲ့ သွားလာရေးဆိုင်ရာ လက်မှတ်ဝယ်ယူမှုတွေကို အလွယ်တကူ ရှာဖွေစုံစမ်းနိုင်မယ့် ခရီးသွားလမ်းညွှန် App ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်နဲ့ လည်ပတ်စရာနေရာဆိုင်ရာနဲ့ အခြားလမ်း ညွှန်တွေကို မြေပုံနဲ့တကွ ကြည့်ရှုနိုင်မှာဖြစ်ပြီး ရာသီဥတုဆိုင်ရာ အချက်အလက်နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့ အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။