Android One flagship ဖုန္းတစ္မ်ိဳးျဖစ္တဲ့ G7 One ကို LG မိတ္ဆက္

[ Zawgyi ]

LG ဟာ ကုမၸဏီရဲ႕ ပထမဆုံး Android One ဖုန္းျဖစ္တဲ့ G7 One ကုိ ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ Android One ဖုန္းဆိုတာက Google ရဲ႕ Android အစီအစဥ္ထဲက စံခ်ိန္စံညႊန္းေတြပါဝင္တဲ့ တန္ဖိုးႀကီးထုတ္ကုန္ တစ္မ်ိဳး ျဖစ္ပါတယ္။

LG G7 One ရဲ႕ ၆.၁ လက္မ display ဟာ notch ပါဝင္တဲ့ ‘super bright’ display ျဖစ္ၿပီး ႐ုပ္ထြက္အရည္အေသြး 1440p ရွိပါတယ္။ ပ႐ိုဆက္ဆာက Snapdragon 835 ျဖစ္ပါတယ္။ ဒါ့အျပင္ LG G7 ThinQ ရဲ႕ Boombox စပီကာကိုလည္း အသံုးျပဳထားပါတယ္။ LG ရဲ႕အထင္ကရဖုန္းအားလုံးမွာ ပါဝင္တဲ့ quad DAC နဲ႔ နားၾကပ္ေပါက္လည္း G7 One မွာ ပါဝင္လာပါတယ္။

G7 One မွာ dual camera setup မပါဝင္ဘဲ ေက်ာဘက္မွာ 16-megapixel f/1.6 ကင္မရာတစ္ခုတည္း ပါဝင္ပါတယ္။ အေရွ႕ဘက္မွာေတာ့ 8-megapixel f/1.9 selfie ကင္မရာ ပါဝင္လာပါတယ္။ G7 One ရဲ႕ RAM က 4GB နဲ႔ storage က 32GB ပဲရွိေပမယ့္ microSD card ေပါက္ ပါဝင္လာပါတယ္။ ဘက္ထရီကေတာ့ 3,000mAh ရွိပါတယ္။

G7 One စမတ္ဖုန္းကို လူအမ်ားလက္ခံႏိုင္တဲ့ ေဈးႏႈန္းနဲ႔ ေရာင္းခ်သြားမယ္လို႔ LG က ထုတ္ျပန္ထားပါတယ္။ အခု LG ဖုန္းဟာ spec ေတြခိုင္မာၿပီး LG software မပါဝင္ဘူးလို႔ ဆိုပါတယ္။

LG ဟာ G7 Fit ကုိလည္း မိတ္ဆက္ခဲ့ပါေသးတယ္။ G7 Fit ဟာ G7 One နဲ႔ဆင္ေပးမယ့္ Snapdragon 821 ပ႐ိုဆက္ဆာ အသုံးျပဳထားတာေၾကာင့္ ေဈးႏႈန္းသက္သာႏိုင္ပါတယ္။ အဲဒီထုတ္ကုန္မွာ Android 8.1 Oreo အေျခခံ LG ရဲ႕ကုိယ္ပုိင္ software ကုိ အသုံးျပဳထားပါတယ္။ G7 Fit ဟာ အလယ္အလတ္တန္းစားနဲ႔ အထင္ကရ ေမာ္ဒယ္ေတြအၾကား ေပါင္းကူးေပးမယ့္ ထုတ္ကုန္လို႔ LG က ေျပာၾကားထားပါတယ္။

အဲဒီဖုန္းေတြကုိ အခုတစ္ပတ္အတြင္း က်င္းပမယ့္ IFA 2018 မွာျပသသြားမယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

LG ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Android One ဖုန်းဖြစ်တဲ့ G7 One ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ Android One ဖုန်းဆိုတာက Google ရဲ့ Android အစီအစဉ်ထဲက စံချိန်စံညွှန်းတွေပါဝင်တဲ့ တန်ဖိုးကြီးထုတ်ကုန် တစ်မျိုး ဖြစ်ပါတယ်။

LG G7 One ရဲ့ ၆.၁ လက်မ display ဟာ notch ပါဝင်တဲ့ ‘super bright’ display ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1440p ရှိပါတယ်။ ပရိုဆက်ဆာက Snapdragon 835 ဖြစ်ပါတယ်။ ဒါ့အပြင် LG G7 ThinQ ရဲ့ Boombox စပီကာကိုလည်း အသုံးပြုထားပါတယ်။ LG ရဲ့အထင်ကရဖုန်းအားလုံးမှာ ပါဝင်တဲ့ quad DAC နဲ့ နားကြပ်ပေါက်လည်း G7 One မှာ ပါဝင်လာပါတယ်။

G7 One မှာ dual camera setup မပါဝင်ဘဲ ကျောဘက်မှာ 16-megapixel f/1.6 ကင်မရာတစ်ခုတည်း ပါဝင်ပါတယ်။ အရှေ့ဘက်မှာတော့ 8-megapixel f/1.9 selfie ကင်မရာ ပါဝင်လာပါတယ်။ G7 One ရဲ့ RAM က 4GB နဲ့ storage က 32GB ပဲရှိပေမယ့် microSD card ပေါက် ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 3,000mAh ရှိပါတယ်။

G7 One စမတ်ဖုန်းကို လူအများလက်ခံနိုင်တဲ့ ဈေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ LG က ထုတ်ပြန်ထားပါတယ်။ အခု LG ဖုန်းဟာ spec တွေခိုင်မာပြီး LG software မပါဝင်ဘူးလို့ ဆိုပါတယ်။

LG ဟာ G7 Fit ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ G7 Fit ဟာ G7 One နဲ့ဆင်ပေးမယ့် Snapdragon 821 ပရိုဆက်ဆာ အသုံးပြုထားတာကြောင့် ဈေးနှုန်းသက်သာနိုင်ပါတယ်။ အဲဒီထုတ်ကုန်မှာ Android 8.1 Oreo အခြေခံ LG ရဲ့ကိုယ်ပိုင် software ကို အသုံးပြုထားပါတယ်။ G7 Fit ဟာ အလယ်အလတ်တန်းစားနဲ့ အထင်ကရ မော်ဒယ်တွေအကြား ပေါင်းကူးပေးမယ့် ထုတ်ကုန်လို့ LG က ပြောကြားထားပါတယ်။

အဲဒီဖုန်းတွေကို အခုတစ်ပတ်အတွင်း ကျင်းပမယ့် IFA 2018 မှာပြသသွားမယ်လို့ သိရပါတယ်။

Ref: TheVerge