Android Authority ရဲ႕ ၂၀၁၈ခုႏွစ္ Best of Android ဆုရ အေကာင္းဆုံး တီထြင္ဆန္းသစ္မႈမ်ား

[ Zawgyi ]

Android Authority ဝက္ဘ္ဆုိက္ရဲ႕ Best of Android ဆုဟာ ႏွစ္တစ္ႏွစ္ရဲ႕ အေကာင္းဆုံး စမတ္ဖုန္းေတြ တီထြင္ဆန္းသစ္မႈေတြကုိ ခ်ီးျမႇင္ေလ့ရွိတဲ့ ဆုတစ္ခုျဖစ္ပါတယ္။ ၂၀၁၈ခုႏွစ္ရဲ႕ အေကာင္းဆုံး စမတ္ဖုန္းတီထြင္ဆန္းသစ္မႈေတြအတြက္ Android ကၽြမ္းက်င္သူ အေယာက္ ၃၀ ပါဝင္တဲ့ အဖြဲ႕က မဲေပးေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ပထမအဆင့္မွာ Andorid Authority က ၂၀၁၈ ခုႏွစ္ရဲ႕ ဆန္းသစ္တီထြင္မႈအရွိဆုံး နည္းပညာသစ္ေတြနဲ႔ feature ေတြကုိ ဆန္ခါတင္စာရင္းထဲ ထည့္သြင္းခဲ့ပါတယ္။ ဒုတိအဆင့္မွာေတာ့ ဆန္ခါတင္စာရင္းထဲက ထြက္ေပၚလာတဲ့ ထိပ္တန္း ၿပိဳင္ဘက္ေတြကုိ မဲေပးခဲ့ပါတယ္။ အဲဒီထဲကမွ Android Authority က၂၀၁၈ ခုႏွစ္ရဲ႕ အေကာင္းဆုံး စမတ္ဖုနး္တီထြင္ဆန္းသစ္မႈဆုကုိ ေပးအပ္ခဲ့ပါတယ္။ အဲဒီဆု ရရွိသြားတဲ့ အေကာင္းဆုံး တီထြင္ဆန္းသစ္သူေတြအျဖစ္

(၁) Google: Duplex

Google Duplex ဟာလူသားကုိယ္စား ခ်ိန္းဆိုမႈေတြ ျပဳလုပ္ေပးႏိုင္တဲ့ feature ျဖစ္ပါတယ္။ ဒါ့အျပင္ Google Duplex ဟာလူသားေတြလိုပဲ ဘာသာစကားကို အနိမ့္အျမင့္၊ အတက္အက်သံ ေျပာဆိုႏိုင္ ပါတယ္။ Google Duplex ဟာ Turing စမ္းသပ္မႈကို ေက်ာ္လြန္သြားၿပီး မၾကာခင္ဖုန္းေတြမွာ ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။ အခုဆိုရင္ သုံးစြဲသူ စိတ္ႀကိဳက္ စားေသာက္ဆုိင္မွာ ေနရာေတြကုိ ႀကိဳတင္မွာယူႏိုင္တဲ့ ႐ိုးရွင္းတဲ့ ဝန္ေဆာင္မႈကေနၿပီး အနာဂတ္မွာ ပိုမုိ႐ႈပ္ေထြးတဲ့ လုပ္ေဆာင္ခ်က္ ေတြကုိ လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။ Google ဟာအေစာပုိင္းလမွာ Pixel သုံးစြဲသူေတြအတြက္ Duplex ကုိျဖန္႔ခ်ိေပးခဲ့ပါတယ္။ လက္ရွိမွာေတာ့ Google Duplex ကို ၈၀ရာခုိင္ႏႈန္းပဲ အသုံးျပဳႏိုင္ ေသးၿပီး စားေသာက္ဆိုင္တစ္ခ်ိဳ႕မွာ အသုံးမျပဳႏိုင္ေသးပါဘူး။

(၂) Royole နဲ႔ Samsung ေခါက္စမတ္ဖုန္းမ်ား

Royole ရဲ႕ FlexPai ေခါက္စမတ္ဖုန္းဟာ ခံ့ညားမႈမရွိေပမယ့္ သုံးစြဲသူေတြ အႀကိဳက္ေတြ႕ေစမယ့္ ထုတ္ကုန္ျဖစ္ပါတယ္။ မ်က္ႏွာျပင္ ၇.၈ အရြယ္ရွိ Flex Pai ဟာေဈးကြက္ထဲကုိ မျဖန္႔ခ်ိခင္မွာ မြမ္းမံမႈအနည္းငယ္လိုအပ္ပါေသးတယ္။ FlexPai ကိုဒီႏွစ္ကုန္မွာ တင္ပုိ႔ေရာင္းခ်ျဖစ္မယ္ဆိုရင္ ေဈးကြက္ထဲမွာရွိလာမယ့္ ကမၻာ႔ပထမဆုံး ေခါက္စမတ္ဖုန္းျဖစ္လာမွာပါ။ Royole အေနနဲ႔ FlexPai ေခါက္စမတ္ဖုန္းကုိ မိတ္ဆက္အၿပီး ရက္အနညး္ငယ္အၾကာမွာ Samsung ကလည္းကာလရွည္ၾကာ ေကာလာဟလသတင္းေတြ ထြက္ေပၚေနတဲ့ ကုိယ္ပိုင္ ေခါက္စမတ္ဖုန္း ေရွ႕ေျပးပုံကို ျပသခဲ့ပါတယ္။ Samsung ရဲ႕ေခါက္စမတ္ဖုန္းကေတာ့ ပိုမိုအဆင့္ျမင့္ၿပီး ဒီဇိုင္းပုိင္း သပ္ရပ္သလို Android နဲ႔ ကိုက္ညီေအာင္ ဖန္တီးထားပါတယ္။ Huawei, LG နဲ႔အျခား စမတ္ဖုန္းထုတ္လုပ္သူေတြကလညး္ ေခါက္စမတ္ဖုန္းတစ္မ်ိဳးကို လုပ္ကုိင္ေနပါတယ္။ ဒါေၾကာင့္ အနာဂတ္မွာ ေခါက္ထားႏိုင္တဲ့ display နည္းပညာေတြက အေရးပါတဲ့ အေျပာင္းအလဲတစ္ရပ္ ျဖစ္လာမွာပါ။

(၃) Vivo In-display fingerprint readers

တစ္ႏွစ္အတြင္းမွာ in-display fingerprint sensor ေတြက proof of concept ကေန လက္ေတြ႕အသုံးျပဳႏိုင္တဲ့ feature ျဖစ္လာပါတယ္။ Vivo ဟာ screen အတြင္းမွာ fingerprint reader ကုိထည့္သြင္းထားတဲ့ ပထမဆုံး စမတ္ဖုန္း X20 Plus UD ကိုမိတ္ဆက္ခဲ့ပါတယ္။ ေနာက္ပုိင္းထြက္ရွိတဲ့ Vivo ရဲ႕ X21 UD, Vivo Nex နဲ႔ အလယ္အလတ္တန္းစား စမတ္ဖုန္းျဖစ္တဲ့ Vivo V11 Pro တို႔မွာ in-display fingerprint reader ေတြကို ထည့္သြင္းခဲ့ပါတယ္။ Huawei, OPPO, Meizu နဲ႔ OnePlus တို႔ရဲ႕ ဖုနး္ေတြမွာလည္း in-display fingerprint sensor ကိုအသုံးျပဳ ခဲ့ပါတယ္။ ဒါေပမယ့္ Vivo ကေတာ့ အဲဒီနည္းပညာမွာ အႀကီးမားဆုံး ၿပိဳင္ဘက္ျဖစ္ေနပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိမယ့္ စမတ္ဖုနး္ေတြမွာလညး္ in-display fingerprint sensor ေတြပါဝင္လာႏိုင္ဖြယ္ ရွိၿပီး Galaxy S10 မွာ in-display fingerprint reader ကုိ Samsung ကထည့္သြင္းဖြယ္ရွိပါတယ္။

Ref: AndroidAuthority

[ Unicode ]

Android Authority ဝက်ဘ်ဆိုက်ရဲ့ Best of Android ဆုဟာ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေ တီထွင်ဆန်းသစ်မှုတွေကို ချီးမြှင်လေ့ရှိတဲ့ ဆုတစ်ခုဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းတီထွင်ဆန်းသစ်မှုတွေအတွက် Android ကျွမ်းကျင်သူ အယောက် ၃၀ ပါဝင်တဲ့ အဖွဲ့က မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမအဆင့်မှာ Andorid Authority က ၂၀၁၈ ခုနှစ်ရဲ့ ဆန်းသစ်တီထွင်မှုအရှိဆုံး နည်းပညာသစ်တွေနဲ့ feature တွေကို ဆန်ခါတင်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။ ဒုတိအဆင့်မှာတော့ ဆန်ခါတင်စာရင်းထဲက ထွက်ပေါ်လာတဲ့ ထိပ်တန်း ပြိုင်ဘက်တွေကို မဲပေးခဲ့ပါတယ်။ အဲဒီထဲကမှ Android Authority က၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုနး်တီထွင်ဆန်းသစ်မှုဆုကို ပေးအပ်ခဲ့ပါတယ်။ အဲဒီဆု ရရှိသွားတဲ့ အကောင်းဆုံး တီထွင်ဆန်းသစ်သူတွေအဖြစ်

(၁) Google: Duplex

Google Duplex ဟာလူသားကိုယ်စား ချိန်းဆိုမှုတွေ ပြုလုပ်ပေးနိုင်တဲ့ feature ဖြစ်ပါတယ်။ ဒါ့အပြင် Google Duplex ဟာလူသားတွေလိုပဲ ဘာသာစကားကို အနိမ့်အမြင့်၊ အတက်အကျသံ ပြောဆိုနိုင် ပါတယ်။ Google Duplex ဟာ Turing စမ်းသပ်မှုကို ကျော်လွန်သွားပြီး မကြာခင်ဖုန်းတွေမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် သုံးစွဲသူ စိတ်ကြိုက် စားသောက်ဆိုင်မှာ နေရာတွေကို ကြိုတင်မှာယူနိုင်တဲ့ ရိုးရှင်းတဲ့ ဝန်ဆောင်မှုကနေပြီး အနာဂတ်မှာ ပိုမိုရှုပ်ထွေးတဲ့ လုပ်ဆောင်ချက် တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Google ဟာအစောပိုင်းလမှာ Pixel သုံးစွဲသူတွေအတွက် Duplex ကိုဖြန့်ချိပေးခဲ့ပါတယ်။ လက်ရှိမှာတော့ Google Duplex ကို ၈၀ရာခိုင်နှုန်းပဲ အသုံးပြုနိုင် သေးပြီး စားသောက်ဆိုင်တစ်ချို့မှာ အသုံးမပြုနိုင်သေးပါဘူး။

(၂) Royole နဲ့ Samsung ခေါက်စမတ်ဖုန်းများ

Royole ရဲ့ FlexPai ခေါက်စမတ်ဖုန်းဟာ ခံ့ညားမှုမရှိပေမယ့် သုံးစွဲသူတွေ အကြိုက်တွေ့စေမယ့် ထုတ်ကုန်ဖြစ်ပါတယ်။ မျက်နှာပြင် ရ.၈ အရွယ်ရှိ Flex Pai ဟာဈေးကွက်ထဲကို မဖြန့်ချိခင်မှာ မွမ်းမံမှုအနည်းငယ်လိုအပ်ပါသေးတယ်။ FlexPai ကိုဒီနှစ်ကုန်မှာ တင်ပို့ရောင်းချဖြစ်မယ်ဆိုရင် ဈေးကွက်ထဲမှာရှိလာမယ့် ကမ္ဘာ့ပထမဆုံး ခေါက်စမတ်ဖုန်းဖြစ်လာမှာပါ။ Royole အနေနဲ့ FlexPai ခေါက်စမတ်ဖုန်းကို မိတ်ဆက်အပြီး ရက်အနညး်ငယ်အကြာမှာ Samsung ကလည်းကာလရှည်ကြာ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့ ကိုယ်ပိုင် ခေါက်စမတ်ဖုန်း ရှေ့ပြေးပုံကို ပြသခဲ့ပါတယ်။ Samsung ရဲ့ခေါက်စမတ်ဖုန်းကတော့ ပိုမိုအဆင့်မြင့်ပြီး ဒီဇိုင်းပိုင်း သပ်ရပ်သလို Android နဲ့ ကိုက်ညီအောင် ဖန်တီးထားပါတယ်။ Huawei, LG နဲ့အခြား စမတ်ဖုန်းထုတ်လုပ်သူတွေကလညး် ခေါက်စမတ်ဖုန်းတစ်မျိုးကို လုပ်ကိုင်နေပါတယ်။ ဒါကြောင့် အနာဂတ်မှာ ခေါက်ထားနိုင်တဲ့ display နည်းပညာတွေက အရေးပါတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်လာမှာပါ။

(၃) Vivo In-display fingerprint readers

တစ်နှစ်အတွင်းမှာ in-display fingerprint sensor တွေက proof of concept ကနေ လက်တွေ့အသုံးပြုနိုင်တဲ့ feature ဖြစ်လာပါတယ်။ Vivo ဟာ screen အတွင်းမှာ fingerprint reader ကိုထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း X20 Plus UD ကိုမိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းထွက်ရှိတဲ့ Vivo ရဲ့ X21 UD, Vivo Nex နဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းဖြစ်တဲ့ Vivo V11 Pro တို့မှာ in-display fingerprint reader တွေကို ထည့်သွင်းခဲ့ပါတယ်။ Huawei, OPPO, Meizu နဲ့ OnePlus တို့ရဲ့ ဖုနး်တွေမှာလည်း in-display fingerprint sensor ကိုအသုံးပြု ခဲ့ပါတယ်။ ဒါပေမယ့် Vivo ကတော့ အဲဒီနည်းပညာမှာ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိမယ့် စမတ်ဖုနး်တွေမှာလညး် in-display fingerprint sensor တွေပါဝင်လာနိုင်ဖွယ် ရှိပြီး Galaxy S10 မှာ in-display fingerprint reader ကို Samsung ကထည့်သွင်းဖွယ်ရှိပါတယ်။
Ref: AndroidAuthority