Android မွာ Microsoft Word app သုံးၿပီး Word ဖိုင္ေတြကို PDF ဖုိင္ ဘယ္လိုေျပာင္းမလဲ

[ Zawgyi ]

Android ဖုန္းမွာ ပါ၀င္တဲ့ Microsoft Word app ကိုသုံးၿပီး မိမိအေနနဲ႔ word ဖိုင္ (.doc) ဖုိင္ ေတြကို PDF ဖုိင္ (.pdf) ဖုိင္အေန နဲ႔ ဖုန္းမွာတင္ အလြယ္တကူ ေျပာင္းလဲႏုိင္မွာျဖစ္ပါတယ္။ မိမိအေနနဲ႔ ဖုန္းရဲ႕ Microsoft Word ကို အသုံးျပဳၿပီး စာ႐ိုက္တာေတြ ျပဳလုပ္ၿပီးလည္း တစ္ခါတည္း ဖုိင္ကို PDF ဖုိင္အေနနဲ႔ အျခားသူေတြကို ေ၀မွ်ဖို႔အတြက္လည္း ခုေဖာ္ျပေပးမယ့္ နည္းလမ္းကို အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

အရင္ဆုံးဖုန္းထဲမွာ Word ကို ဖြင့္လိုက္ပါ။ အဲလိုဖြင့္လိုက္ၿပီးရင္ေတာ့ ေအာက္ကပုံမွာ ျပထားတဲ့အတုိင္း ညာဘက္ေထာင့္နားက အစက္သုံးခု ဆင့္ထားတဲ့ Menu တစ္ခ်က္ႏွိပ္လိုက္ပါ။ ၿပီးရင္ေတာ့ Print ဆိုတာကို ေရြးလိုက္ပါ။

အဲလိုေရြးလိုက္ရင္ေတာ့ ေအာက္ကပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး ပုံမွာျပထားတဲ့အတုိင္း Save as PDF ဆိုတဲ့ စာသားကို ထပ္ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္ၿပီးသြားရင္ေတာ့ ဖုန္းဖုိင္စနစ္ရဲ႕ ဘယ္ေနရာမွာ သိမ္းဆည္းမလဲဆိုတာကို ေရြးခ်ယ္ဖို႔အတြက္ ပုံမွာျပထားသလို PDF icon ပါတဲ့ေနရာေလးကို ထပ္ႏွိပ္လိုက္ပါ။

မိမိအေနနဲ႔ သိမ္းခ်င္တဲ့ ဖုိင္ရဲ႕ တည္ေနရာကို ေရြးခ်ယ္ၿပီးရင္ေတာ့ ျမင္ကြင္းရဲ႕ ညာဘက္ ေအာက္ေထာင့္နားက SAVE ဆိုတာကို ႏွိပ္ေပးရမွာျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ ဖုန္းထဲမွာတင္ Word ဖုိင္ကို PDF ဖိုင္အေနနဲ႔ ေျပာင္းလဲသိမ္းဆည္းႏုိင္ၿပီျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Android ဖုန်းမှာ ပါ၀င်တဲ့ Microsoft Word app ကို သုံးပြီး မိမိအနေနဲ့ word ဖိုင် (.doc) ဖိုင် တွေကို PDF ဖိုင် (.pdf) ဖိုင်အနေ နဲ့ ဖုန်းမှာတင် အလွယ်တကူ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ ဖုန်းရဲ့ Microsoft Word ကို အသုံးပြုပြီး စာရိုက်တာတွေ ပြုလုပ်ပြီးလည်း တစ်ခါတည်း ဖိုင်ကို PDF ဖိုင်အနေနဲ့ အခြားသူတွေကို ဝေမျှဖို့အတွက်လည်း ခုဖော်ပြပေးမယ့် နည်းလမ်းကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အရင်ဆုံးဖုန်းထဲမှာ Word ကို ဖွင့်လိုက်ပါ။ အဲလိုဖွင့်လိုက်ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ညာဘက်ထောင့်နားက အစက်သုံးခု ဆင့်ထားတဲ့ Menu တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင်တော့ Print ဆိုတာကို ရွေးလိုက်ပါ။

အဲလိုရွေးလိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း Save as PDF ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။

အဲလိုနှိပ်ပြီးသွားရင်တော့ ဖုန်းဖိုင်စနစ်ရဲ့ ဘယ်နေရာမှာ သိမ်းဆည်းမလဲဆိုတာကို ရွေးချယ်ဖို့အတွက် ပုံမှာပြထားသလို PDF icon ပါတဲ့နေရာလေးကို ထပ်နှိပ်လိုက်ပါ။

မိမိအနေနဲ့ သိမ်းချင်တဲ့ ဖိုင်ရဲ့ တည်နေရာကို ရွေးချယ်ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက် အောက်ထောင့်နားက SAVE ဆိုတာကို နှိပ်ပေးရမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဖုန်းထဲမှာတင် Word ဖိုင်ကို PDF ဖိုင်အနေနဲ့ ပြောင်းလဲသိမ်းဆည်းနိုင်ပြီဖြစ်ပါတယ်။