September 21, 2018

Android ဖုန္းေတြနဲ႔ Chroma ဗီဒီယိုေတြကို ေနာက္ခံဘယ္လိုေျပာင္းမလဲ

[ Zawgyi ]

ဒီတစ္ပတ္မွာေတာ့ Android ဖုန္းေတြနဲ႔ Chroma ဗီဒီယို ေတြကို ေနာက္ခံေတြ ဘယ္လိုေျပာင္းလဲအသံုးျပဳသလဲဆိုတဲ့ နည္းလမ္းကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ Chroma ဆုိတာက ေတာ့ အၾကမ္းဖ်ဥ္းအားျဖင့္ဆိုရင္ ေနာက္ခံ အစိမ္းေရာင္နဲ႔ ႐ိုက္ထားတဲ့ ဗီဒီယိုေတြကို ေခၚၾကတာျဖစ္ပါတယ္။ ဒါကေတာ့ ေယဘုယ်အားျဖင့္ ေျပာဆိုၾကတဲ့ပံုစံမ်ိဳးပါပဲ။ ေနာက္ခံအစိမ္း ေရာင္ေပၚမွာ ႐ိုက္ထားတဲ့ ဗီဒီယိုေတြကို ကိုယ့္စိတ္ႀကိဳက္ေနာက္ ခံ Background ေတြျပန္ထည့္ၿပီး အသံုးျပဳတဲ့ နည္းလမ္းတစ္ခုလည္း ျဖစ္ပါတယ္။ ဒီလိုမ်ိဳး Chroma ဗီဒီယိုစနစ္ေတြကို အရင္တုန္းက ဗီဒီယို ကင္မရာေတြမွာသာ အသံုးျပဳ ႐ိုက္ကူးၾကေပမယ့္လည္း ဒီေန႔ေခတ္အခ်ိန္မွာေတာ့ Chroma ဗီဒီယိုစနစ္ကို စမတ္ဖုန္းေတြေပၚကေန အလြယ္တကူပဲ အသံုးျပဳ ႐ိုက္ကူးႏိုင္ေန ပါၿပီ။ Android ဖုန္းနဲ႔ Chroma ဗီဒီယိုျပဳလုပ္တဲ့ေနရာမွာေတာ့ နည္းလမ္း ႏွစ္မ်ိဳးရွိပါတယ္။ တစ္မ်ိဳးကေတာ့ ကိုယ္႐ိုက္မယ့္ Subject ကိုေနာက္ခံ အစိမ္းေပၚမွာ ကိုယ့္စိတ္ႀကိဳက္ Background ပံုထည့္ၿပီး တစ္ခါတည္း႐ိုက္တဲ့နည္းလမ္းပါ။ ေနာက္နည္း လမ္းတစ္ခုကေတာ့ ေနာက္ခံအစိမ္းနဲ႔ ဗီဒီယိုတစ္ခု ကို႐ိုက္ၿပီးေတာ့မွ ကိုယ့္စိတ္ႀကိဳက္ Background တစ္ခုကိုျပန္ လည္ထည့္သြင္းတဲ့ နည္းလမ္းျဖစ္ပါတယ္။ အခုေဖာ္ျပမယ့္ နည္းလမ္းကေတာ့ ေနာက္ခံအစိမ္းနဲ႔ ဗီဒီယိုတစ္ခုကို ႐ိုက္ၿပီးေတာ့မွ Chroma ေဖာက္ၿပီး Edit လုပ္တဲ့ နည္းလမ္းျဖစ္ပါတယ္။

Android ဖုန္းနဲ႔ Chroma ဗီဒီယိုတစ္ခုကိုဖန္တီးမယ္ဆိုရင္ ေတာ့ App ကိုအသံုးျပဳရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ Android ဖုန္းေတြရဲ႕ ကင္မရာမွာ Chroma စနစ္က တစ္ခါတည္းပါမလာတဲ့ အတြက္ေၾကာင့္ပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ KineMaster – Pro Video Editor ဆိုတဲ့ App ကိုအသံုးျပဳပါမယ္။

ဒီ App ကို Playstore ေပၚမွာေတာ့ အခမဲ့ယူလို႔မရႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ Playstore ေပၚမွာ ဒီ App ကို Country Support မလုပ္တဲ့အတြက္ App ကိုအသံုးျပဳခ်င္တယ္ဆိုရင္ေတာ့ goo.gl/VX1nG1 ဆိုတဲ့ လင့္ကေန Download လုပ္ယူလုိ႔ရပါ တယ္။ apkpure လုိေနရာမ်ိဳးကေနလည္း Download လုပ္လို႔ရ ႏိုင္ပါတယ္။

Chroma ဗီဒီယိုတစ္ခုကိုဖန္တီးဖို႔အတြက္ ပထမဆံုးအေနနဲ႔ ေနာက္ခံ အစိမ္းေရာင္ေပၚမွာ ကိုယ္ဖန္တီးခ်င္တဲ့ ဗီဒီယိုတစ္ခုကို အရင္ဆံုး ႐ိုက္ကူးလိုက္ပါ။ ၿပီးရင္ေတာ့ ေနာက္ခံအစိမ္းေရာင္ ကို ကိုယ့္စိတ္ႀကိဳက္ ေနာက္ခံ Background တစ္ခုအစားထိုး ေျပာင္းလဲႏိုင္ဖို႔အတြက္ App ကိုဖြင့္ရပါမယ္။

ၿပီးရင္ေတာ့ အေပါင္းလကၡဏာ သေကၤတကိုႏွိပ္လုိက္ပါ။

Empty Project ကိုေရြးခ်ယ္လိုက္ပါ။

ညာဖက္ေဘးနားက အဝိုင္းပံုထဲက Media Browser ကို ႏွိပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ အသံုးျပဳမယ့္ ေနာက္ခံ Background ကို ေရြးခ်ယ္ႏိုင္မယ့္ေနရာကို ေရာက္ပါလိမ့္မယ္။

ၿပီးရင္ေတာ့ ကိုယ္အသံုးျပဳခ်င္တဲ့ ေနာက္ခံ Background ကိုေရြးခ်ယ္ရမွာျဖစ္ပါတယ္။ ဒီေနရာမွာ ေနာက္ခံ Background ကို ဓာတ္ပံုကိုပဲ အသံုးျပဳႏိုင္သလို ဗီဒီယိုဖိုင္ကိုလည္းအသံုးျပဳႏိုင္ ပါတယ္။ ေနာက္ခံ Background ကိုအသံုးျပဳတဲ့ေနရာမွာ ဗီဒီယို ဖိုင္ကိုအသံုးျပဳတယ္ဆိုရင္သိပ္ၿပီး အခက္အခဲမရွိႏိုင္ေပမယ့္ ဓာတ္ပံုေနာက္ခံကို အသံုးျပဳမယ္ဆုိရင္ေတာ့ ဓာတ္ပံုရဲ႕ဖရိန္က တစ္ခုပဲ ေပၚမွာျဖစ္တဲ့အတြက္ ႐ိုက္ထားတဲ့ Chroma ဗီဒီယိုဖိုင္က ဖရိန္မ်ားတယ္ဆိုရင္ ေနာက္ခံ Background ကိုလည္း လိုအပ္သလို တစ္ခုၿပီးတစ္ခုပြားၿပီး ဖရိန္ေတြဆြဲဆန္႔အသံုးျပဳရမွာပါ။

ေအာက္ဘက္ ဘားတန္းထဲက ေနာက္ခံ Background Layer ကိုလက္နဲ႔ေထာက္လိုက္ပါ။ ဒါဆိုရင္ Box တစ္ခုေပၚလာပါလိမ့္မယ္။ Background Layer ေပၚမွာ လက္နဲ႔ဖိၿပီးေတာ့ ကိုယ္လိုခ်င္တဲ့ Video ဖရိန္အ တိုင္း ဆြဲဆန္႔တာ ခ်ဳံ႕တာေတြ ျပဳလုပ္ႏိုင္ပါတယ္။

ေနာက္တစ္ဆင့္အေနနဲ႔ စက္ဝိုင္းပံုထဲက Layer ဆိုတဲ့ေန ရာကိုႏွိပ္လုိက္ပါ။

ၿပီးရင္ Layer ထဲက Media ဆိုတာကို ထပ္ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ ေနာက္ခံေျပာင္းလဲမယ့္ Chroma Video ေနာက္ခံ အစိမ္းဖိုင္ကို ေရြးခ်ယ္ေပးလိုက္ပါ။

ေနာက္တစ္ဆင့္အေနနဲ႔ ေနာက္ခံအစိမ္း Chroma Video ဖိုက္ကို လက္နဲ႔ တစ္ခ်က္ေထာက္လိုက္ပါ။ဒါဆိုရင္ Box တစ္ခုေပၚလာ ပါလိမ့္မယ္။ ေပၚလာတဲ့ Box ထဲမွာ Chroma Key ဆိုတာကိုေရြးခ်ယ္လိုက္ပါ။ ၿပီးရင္ Chroma Key ကို Enable လုပ္ေပးလိုက္ပါ။

Chroma Key ထဲမွာ ေနာက္ခံနဲ႔ လူနဲ႔ကို စိတ္ႀကိဳက္ခ်ိန္ ညႇိၿပီး ျဖတ္ႏိုင္ပါတယ္။ ၿပီးရင္ေတာ့ အမွန္ျခစ္ေလးကိုႏွိပ္လိုက္ပါ။ ဒါဆိုရင္ေတာ့ Chroma နဲ႔ ေနာက္ခံ Background ကို ေျပာင္းလဲထားတဲ့ ဗီဒီယိုဖိုင္တစ္ခုကို ရရွိပါလိမ့္မယ္။

-ကိုသက္

===============

[ Unicode ]

Android ဖုန်းတွေနဲ့ Chroma ဗီဒီယိုတွေကို နောက်ခံဘယ်လိုပြောင်းမလဲ

===============

ဒီတစ်ပတ်မှာတော့ Android ဖုန်းတွေနဲ့ Chroma ဗီဒီယို တွေကို နောက်ခံတွေ ဘယ်လိုပြောင်းလဲအသုံးပြုသလဲဆိုတဲ့ နည်းလမ်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Chroma ဆိုတာက တော့ အကြမ်းဖျဉ်းအားဖြင့်ဆိုရင် နောက်ခံ အစိမ်းရောင်နဲ့ ရိုက်ထားတဲ့ ဗီဒီယိုတွေကို ခေါ်ကြတာဖြစ်ပါတယ်။ ဒါကတော့ ယေဘုယျအားဖြင့် ပြောဆိုကြတဲ့ပုံစံမျိုးပါပဲ။ နောက်ခံအစိမ်း ရောင်ပေါ်မှာ ရိုက်ထားတဲ့ ဗီဒီယိုတွေကို ကိုယ့်စိတ်ကြိုက်နောက် ခံ Background တွေပြန်ထည့်ပြီး အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး Chroma ဗီဒီယိုစနစ်တွေကို အရင်တုန်းက ဗီဒီယို ကင်မရာတွေမှာသာ အသုံးပြု ရိုက်ကူးကြပေမယ့်လည်း ဒီနေ့ခေတ်အချိန်မှာတော့ Chroma ဗီဒီယိုစနစ်ကို စမတ်ဖုန်းတွေပေါ်ကနေ အလွယ်တကူပဲ အသုံးပြု ရိုက်ကူးနိုင်နေ ပါပြီ။ Android ဖုန်းနဲ့ Chroma ဗီဒီယိုပြုလုပ်တဲ့နေရာမှာတော့ နည်းလမ်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးကတော့ ကိုယ်ရိုက်မယ့် Subject ကိုနောက်ခံ အစိမ်းပေါ်မှာ ကိုယ့်စိတ်ကြိုက် Background ပုံထည့်ပြီး တစ်ခါတည်းရိုက်တဲ့နည်းလမ်းပါ။ နောက်နည်း လမ်းတစ်ခုကတော့ နောက်ခံအစိမ်းနဲ့ ဗီဒီယိုတစ်ခု ကိုရိုက်ပြီးတော့မှ ကိုယ့်စိတ်ကြိုက် Background တစ်ခုကိုပြန် လည်ထည့်သွင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းကတော့ နောက်ခံအစိမ်းနဲ့ ဗီဒီယိုတစ်ခုကို ရိုက်ပြီးတော့မှ Chroma ဖောက်ပြီး Edit လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Android ဖုန်းနဲ့ Chroma ဗီဒီယိုတစ်ခုကိုဖန်တီးမယ်ဆိုရင် တော့ App ကိုအသုံးပြုရမှာပါ။ ဘာကြောင့်လဲဆိုတော့ Android ဖုန်းတွေရဲ့ ကင်မရာမှာ Chroma စနစ်က တစ်ခါတည်းပါမလာတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့ KineMaster – Pro Video Editor ဆိုတဲ့ App ကိုအသုံးပြုပါမယ်။

ဒီ App ကို Playstore ပေါ်မှာတော့ အခမဲ့ယူလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Playstore ပေါ်မှာ ဒီ App ကို Country Support မလုပ်တဲ့အတွက် App ကိုအသုံးပြုချင်တယ်ဆိုရင်တော့ goo.gl/VX1nG1 ဆိုတဲ့ လင့်ကနေ Download လုပ်ယူလို့ရပါ တယ်။ apkpure လိုနေရာမျိုးကနေလည်း Download လုပ်လို့ရ နိုင်ပါတယ်။

Chroma ဗီဒီယိုတစ်ခုကိုဖန်တီးဖို့အတွက် ပထမဆုံးအနေနဲ့ နောက်ခံ အစိမ်းရောင်ပေါ်မှာ ကိုယ်ဖန်တီးချင်တဲ့ ဗီဒီယိုတစ်ခုကို အရင်ဆုံး ရိုက်ကူးလိုက်ပါ။ ပြီးရင်တော့ နောက်ခံအစိမ်းရောင် ကို ကိုယ့်စိတ်ကြိုက် နောက်ခံ Background တစ်ခုအစားထိုး ပြောင်းလဲနိုင်ဖို့အတွက် App ကိုဖွင့်ရပါမယ်။

ပြီးရင်တော့ အပေါင်းလက္ခဏာ သင်္ကေတကိုနှိပ်လိုက်ပါ။

Empty Project ကိုရွေးချယ်လိုက်ပါ။

ညာဖက်ဘေးနားက အဝိုင်းပုံထဲက Media Browser ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အသုံးပြုမယ့် နောက်ခံ Background ကို ရွေးချယ်နိုင်မယ့်နေရာကို ရောက်ပါလိမ့်မယ်။

ပြီးရင်တော့ ကိုယ်အသုံးပြုချင်တဲ့ နောက်ခံ Background ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ခံ Background ကို ဓာတ်ပုံကိုပဲ အသုံးပြုနိုင်သလို ဗီဒီယိုဖိုင်ကိုလည်းအသုံးပြုနိုင် ပါတယ်။ နောက်ခံ Background ကိုအသုံးပြုတဲ့နေရာမှာ ဗီဒီယို ဖိုင်ကိုအသုံးပြုတယ်ဆိုရင်သိပ်ပြီး အခက်အခဲမရှိနိုင်ပေမယ့် ဓာတ်ပုံနောက်ခံကို အသုံးပြုမယ်ဆိုရင်တော့ ဓာတ်ပုံရဲ့ဖရိန်က တစ်ခုပဲ ပေါ်မှာဖြစ်တဲ့အတွက် ရိုက်ထားတဲ့ Chroma ဗီဒီယိုဖိုင်က ဖရိန်များတယ်ဆိုရင် နောက်ခံ Background ကိုလည်း လိုအပ်သလို တစ်ခုပြီးတစ်ခုပွားပြီး ဖရိန်တွေဆွဲဆန့်အသုံးပြုရမှာပါ။

အောက်ဘက် ဘားတန်းထဲက နောက်ခံ Background Layer ကိုလက်နဲ့ထောက်လိုက်ပါ။ ဒါဆိုရင် Box တစ်ခုပေါ်လာပါလိမ့်မယ်။ Background Layer ပေါ်မှာ လက်နဲ့ဖိပြီးတော့ ကိုယ်လိုချင်တဲ့ Video ဖရိန်အ တိုင်း ဆွဲဆန့်တာ ချုံ့တာတွေ ပြုလုပ်နိုင်ပါတယ်။

နောက်တစ်ဆင့်အနေနဲ့ စက်ဝိုင်းပုံထဲက Layer ဆိုတဲ့နေ ရာကိုနှိပ်လိုက်ပါ။

ပြီးရင် Layer ထဲက Media ဆိုတာကို ထပ်နှိပ်လိုက်ပါ။

ပြီးရင်တော့ နောက်ခံပြောင်းလဲမယ့် Chroma Video နောက်ခံ အစိမ်းဖိုင်ကို ရွေးချယ်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ နောက်ခံအစိမ်း Chroma Video ဖိုက်ကို လက်နဲ့ တစ်ချက်ထောက်လိုက်ပါ။ဒါဆိုရင် Box တစ်ခုပေါ်လာ ပါလိမ့်မယ်။ ပေါ်လာတဲ့ Box ထဲမှာ Chroma Key ဆိုတာကိုရွေးချယ်လိုက်ပါ။ ပြီးရင် Chroma Key ကို Enable လုပ်ပေးလိုက်ပါ။

Chroma Key ထဲမှာ နောက်ခံနဲ့ လူနဲ့ကို စိတ်ကြိုက်ချိန် ညှိပြီး ဖြတ်နိုင်ပါတယ်။ ပြီးရင်တော့ အမှန်ခြစ်လေးကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Chroma နဲ့ နောက်ခံ Background ကို ပြောင်းလဲထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရရှိပါလိမ့်မယ်။

-ကိုသက်