Android ဖုန္းရဲ႕ OS ေနာက္ကြယ္မွာ run ေနတဲ့ App ေတြကို မရွိေအာင္ ဘယ္လိုျပင္ဆင္မလဲ

[ Zawgyi ]

Android ဖုန္းေတြမွာ တခ်ဳိ႕ App ေတြက မိမိအေနနဲ႔ သုံးၿပီး ပိတ္လုိက္ရင္ေတာင္မွ OS ရဲ႕ ေနာက္ကြယ္မွာ run ေနျခင္း၊ ပြင့္ေနျခင္း ျဖစ္တတ္ပါတယ္။ အဲဒီလို ပြင့္ေန run ေနတဲ့ App ေတြ မ်ားလာရင္ေတာ့ ဖုန္းက ဘက္ထရီခဏေလးနဲ႔ ကုန္မွာျဖစ္သလို ဖုန္းရဲ႕ လုပ္ေဆာင္မႈေတြလည္း ေႏွးေကြးေလးလံလာမွာျဖစ္ပါတယ္။ ကိုယ့္ရဲ႕ဖုန္းက ၀ယ္တုန္းကလိုမ်ဳိး သုံးရတာ မေကာင္းေတာ့ဘူး။ ဘက္ထရီ ခဏခဏ ကုန္လာတယ္။ သုံးရတာလည္း အရင္ကေလာက္ မျမန္ေတာ့ဘူးဆိုရင္ေတာ့ ေနာက္ကြယ္မွာ App ေတြ run ေနလားဆိုတာကို စစ္ေဆးၿပီး OS ရဲ႕ ေနာက္ကြယ္မွာ run မေနေအာင္ လုပ္ထားလိုက္႐ုံပါပဲ။

အရင္ဆုံးဖုန္း OS ရဲ႕ ေနာက္ကြယ္မွာ App ေတြ run ေနလား ဆိုတာကို အလြယ္ဆုံးအေနနဲ႔ recent ဒါမွမဟုတ္ Home ခလုတ္ကို စကၠန္႔အနည္းငယ္ ၾကာၾကာဖိထားၿပီး စမ္းသပ္ႏုိင္မွာ ျဖစ္ပါတယ္။ (OS ေနာက္ကြယ္မွာ run ေနတဲ့ App ေတြကို ၾကည့္႐ႈတဲ့နည္းက ဖုန္းရဲ႕ OS နဲ႔ဖုန္းရဲ႕ အမွတ္တံဆိပ္ေပၚမူတည္ၿပီး ကြဲျပားမွာ ျဖစ္ပါတယ္။ အခု ေဖာ္ျပေပးထားတဲ့ နည္းကေတာ့ တန္ဖိုးနည္းဖုန္းေတြမွာ အလြယ္တကူ စမ္းသပ္ႏုိင္တဲ့နည္းျဖစ္ပါတယ္။)

အဲလိုႏွိပ္လိုက္ရင္ေတာ့ ပုံထဲကအတုိင္း ဖုန္း OS ရဲ႕ ေနာက္ကြယ္မွာ run ေနတဲ့ တစ္နည္း ပြင့္ေနတဲ့ App ေတြကို ေတြ႔ရမွာ ျဖစ္ပါတယ္။ App ေတြကို အသုံးျပဳၿပီးတုိင္း Back ခလုတ္ႏွိပ္ၿပီး ပိတ္လိုက္တာေတာင္မွ OS ေနာက္ကြယ္မွာ App ေတြ မ်ားစြာပြင့္ေနတယ္ဆိုရင္ေတာ့ တျခား Third party App သုံးစရာမလိုဘဲ ခုေဖာ္ျပတဲ့ နည္းလမ္းနဲ႔ အလြယ္တကူ ပိတ္ႏုိင္မွာ ျဖစ္ပါတယ္။ အရင္ဆုံးဖုန္းရဲ႕ Settings ထဲကို ၀င္ဖို႔အတြက္ Settings icon ကို ႏွိပ္လိုက္ပါ။

Settings စနစ္ပြင့္လာမွာ ျဖစ္ပါတယ္။

Settings ထဲက Developer Options ကို ဖြင့္ေပးဖို႔အတြက္ ဖုန္းထဲမွ Settings ထဲကေန ေအာက္ဆုံးနားကို ပြတ္ဆြဲၿပီး About Phone ကိုရွာၿပီး ႏွိပ္ပါ။

About Phone ကိုႏွိပ္လုိက္ရင္ေတာ့ ဖုန္းရဲ႕ System info စနစ္ေပၚလာမွာျဖစ္ၿပီး အဲဒီထဲကမွ Build number ဆိုတဲ့စာသားအကြက္ကို သုံးႀကိမ္တိတိ ဆက္တိုက္ႏွိပ္လိုက္ပါ။ (မိမိဖုန္းမွာ Build number ကို မေတြ႔ရင္ေတာ့ Software Version ဆိုတဲ့စာသားကို ရွာၿပီး ႏွိပ္ပါ။)

အဲလိုႏွိပ္လုိက္ရင္ေတာ့ ျမင္ကြင္းမွာ You are now a developer! ဆိုတဲ့ စာသားေပၚလာမွာျဖစ္ပါတယ္။ အဲလိုေပၚလာရင္ေတာ့ Developer Options ကို ဖြင့္လိုက္ၿပီပဲျဖစ္ပါတယ္။

ၿပီးရင္ေတာ့ About phone ကေန ျပန္ထြက္ဖို႔အတြက္ Back ခလုတ္ကို တစ္ခ်က္ႏိွပ္လိုက္ပါ။ ဖုန္းရဲ႕ System စနစ္ထဲမွာ Developer options ဆိုတာ ေပၚ လာမွာျဖစ္ၿပီး အဲဒီ Developer options စာသားကို တစ္ခ်က္ႏွိပ္ လိုက္ပါ။

Developer Options ထဲကို ေရာက္ရင္ေတာ့ Developer Options ဆိုတဲ့စာသားေဘးနားက ခလုတ္ေလးက ပြင့္ေနတဲ့ပုံစံ ျဖစ္ေနမွာျဖစ္ပါတယ္။ ၿပီးရင္ ေတာ့ APPS ဆိုတဲ့ အပိုင္းက Don’t keep activities ဆိုတဲ့ စာသားကို ရွာၿပီး ေဘးနားကခလုတ္ကို တစ္ခ်က္ႏွိပ္ၿပီး ဒါမွမဟုတ္ အကြက္ေလးကို အမွန္ျခစ္ေပးၿပီး Enable လုပ္လိုက္ပါ။

ၿပီးရင္ေတာ့ သူ႔ေအာက္က Background process limit ဆိုတဲ့စာသားကို တစ္ခ်က္ထပ္ႏွိပ္ပါ။

Background process limit ဆိုတဲ့ အကြက္ေလးတစ္ခု ေပၚလာမွာျဖစ္ၿပီး အဲဒီထဲကမွ No background processes ဆိုတဲ့ စာသားေဘးနားက အကြက္ေလး ကို ေရြးထားေပးလုိက္ပါ။

ဒါဆိုရင္ေတာ့ ကိုယ္က App ေတြကို သုံးၿပီးတုိင္း back ခလုတ္ ႏွိပ္ၿပီး ထြက္လိုက္႐ုံနဲ႔ OS ရဲ႕ ေနာက္ကြယ္မွာ App ေတြ run ေနတာမ်ဳိး၊ ပြင့္ေနတာမ်ဳိးေတြ ျဖစ္ေတာ့မွာ မဟုတ္ပါဘူး။ ကိုယ့္ဖုန္း က သုံးလာတာၾကာလို႔ ဘက္ထရီ ခဏ ခဏ ကုန္တာမ်ဳိးနဲ႔ ဖုန္းရဲ႕ OS စနစ္ပိုင္း ေလးလံေႏွးေကြးေန တယ္ဆိုရင္လည္း ဖုန္းရဲ႕ ဘက္ထရီပါ၀ါနဲ႔ CPU သုံးစြဲမႈေတြကို တျခား Third Party App ေတြသုံးစရာမလိုဘဲနဲ႔ ခုလိုမ်ဳိး အလြယ္တကူ ေလွ်ာ့ခ်ထားႏုိင္မွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Android ဖုန်းတွေမှာ တချို့ App တွေက မိမိအနေနဲ့ သုံးပြီး ပိတ်လိုက်ရင်တောင်မှ OS ရဲ့ နောက်ကွယ်မှာ run နေခြင်း၊ ပွင့်နေခြင်း ဖြစ်တတ်ပါတယ်။ အဲဒီလို ပွင့်နေ run နေတဲ့ App တွေ များလာရင်တော့ ဖုန်းက ဘက်ထရီခဏလေးနဲ့ ကုန်မှာဖြစ်သလို ဖုန်းရဲ့ လုပ်ဆောင်မှုတွေလည်း နှေးကွေးလေးလံလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖုန်းက ၀ယ်တုန်းကလိုမျိုး သုံးရတာ မကောင်းတော့ဘူး။ ဘက်ထရီ ခဏခဏ ကုန်လာတယ်။ သုံးရတာလည်း အရင်ကလောက် မမြန်တော့ဘူးဆိုရင်တော့ နောက်ကွယ်မှာ App တွေ run နေလားဆိုတာကို စစ်ဆေးပြီး OS ရဲ့ နောက်ကွယ်မှာ run မနေအောင် လုပ်ထားလိုက်ရုံပါပဲ။

အရင်ဆုံးဖုန်း OS ရဲ့ နောက်ကွယ်မှာ App တွေ run နေလား ဆိုတာကို အလွယ်ဆုံးအနေနဲ့ recent ဒါမှမဟုတ် Home ခလုတ်ကို စက္ကန့်အနည်းငယ် ကြာကြာဖိထားပြီး စမ်းသပ်နိုင်မှာ ဖြစ်ပါတယ်။ (OS နောက်ကွယ်မှာ run နေတဲ့ App တွေကို ကြည့်ရှုတဲ့နည်းက ဖုန်းရဲ့ OS နဲ့ဖုန်းရဲ့ အမှတ်တံဆိပ်ပေါ်မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။ အခု ဖော်ပြပေးထားတဲ့ နည်းကတော့ တန်ဖိုးနည်းဖုန်းတွေမှာ အလွယ်တကူ စမ်းသပ်နိုင်တဲ့နည်းဖြစ်ပါတယ်။)

အဲလိုနှိပ်လိုက်ရင်တော့ ပုံထဲကအတိုင်း ဖုန်း OS ရဲ့ နောက်ကွယ်မှာ run နေတဲ့ တစ်နည်း ပွင့်နေတဲ့ App တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ App တွေကို အသုံးပြုပြီးတိုင်း Back ခလုတ်နှိပ်ပြီး ပိတ်လိုက်တာတောင်မှ OS နောက်ကွယ်မှာ App တွေ များစွာပွင့်နေတယ်ဆိုရင်တော့ တခြား Third party App သုံးစရာမလိုဘဲ ခုဖော်ပြတဲ့ နည်းလမ်းနဲ့ အလွယ်တကူ ပိတ်နိုင်မှာ ဖြစ်ပါတယ်။ အရင်ဆုံးဖုန်းရဲ့ Settings ထဲကို ၀င်ဖို့အတွက် Settings icon ကို နှိပ်လိုက်ပါ။

Settings စနစ်ပွင့်လာမှာ ဖြစ်ပါတယ်။

Settings ထဲက Developer Options ကို ဖွင့်ပေးဖို့အတွက် ဖုန်းထဲမှ Settings ထဲကနေ အောက်ဆုံးနားကို ပွတ်ဆွဲပြီး About Phone ကိုရှာပြီး နှိပ်ပါ။

About Phone ကိုနှိပ်လိုက်ရင်တော့ ဖုန်းရဲ့ System info စနစ်ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Build number ဆိုတဲ့စာသားအကွက်ကို သုံးကြိမ်တိတိ ဆက်တိုက်နှိပ်လိုက်ပါ။ (မိမိဖုန်းမှာ Build number ကို မတွေ့ရင်တော့ Software Version ဆိုတဲ့စာသားကို ရှာပြီး နှိပ်ပါ။)

အဲလိုနှိပ်လိုက်ရင်တော့ မြင်ကွင်းမှာ You are now a developer! ဆိုတဲ့ စာသားပေါ်လာမှာဖြစ်ပါတယ်။ အဲလိုပေါ်လာရင်တော့ Developer Options ကို ဖွင့်လိုက်ပြီပဲဖြစ်ပါတယ်။

ပြီးရင်တော့ About phone ကနေ ပြန်ထွက်ဖို့အတွက် Back ခလုတ်ကို တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းရဲ့ System စနစ်ထဲမှာ Developer options ဆိုတာ ပေါ် လာမှာဖြစ်ပြီး အဲဒီ Developer options စာသားကို တစ်ချက်နှိပ် လိုက်ပါ။

Developer Options ထဲကို ရောက်ရင်တော့ Developer Options ဆိုတဲ့စာသားဘေးနားက ခလုတ်လေးက ပွင့်နေတဲ့ပုံစံ ဖြစ်နေမှာဖြစ်ပါတယ်။ ပြီးရင် တော့ APPS ဆိုတဲ့ အပိုင်းက Don’t keep activities ဆိုတဲ့ စာသားကို ရှာပြီး ဘေးနားကခလုတ်ကို တစ်ချက်နှိပ်ပြီး ဒါမှမဟုတ် အကွက်လေးကို အမှန်ခြစ်ပေးပြီး Enable လုပ်လိုက်ပါ။

ပြီးရင်တော့ သူ့အောက်က Background process limit ဆိုတဲ့စာသားကို တစ်ချက်ထပ်နှိပ်ပါ။

Background process limit ဆိုတဲ့ အကွက်လေးတစ်ခု ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ No background processes ဆိုတဲ့ စာသားဘေးနားက အကွက်လေး ကို ရွေးထားပေးလိုက်ပါ။

ဒါဆိုရင်တော့ ကိုယ်က App တွေကို သုံးပြီးတိုင်း back ခလုတ် နှိပ်ပြီး ထွက်လိုက်ရုံနဲ့ OS ရဲ့ နောက်ကွယ်မှာ App တွေ run နေတာမျိုး၊ ပွင့်နေတာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ကိုယ့်ဖုန်း က သုံးလာတာကြာလို့ ဘက်ထရီ ခဏ ခဏ ကုန်တာမျိုးနဲ့ ဖုန်းရဲ့ OS စနစ်ပိုင်း လေးလံနှေးကွေးနေ တယ်ဆိုရင်လည်း ဖုန်းရဲ့ ဘက်ထရီပါ၀ါနဲ့ CPU သုံးစွဲမှုတွေကို တခြား Third Party App တွေသုံးစရာမလိုဘဲနဲ့ ခုလိုမျိုး အလွယ်တကူ လျှော့ချထားနိုင်မှာဖြစ်ပါတယ်။