Android ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္း ပိုမို ေကာင္းမြန္ေစမယ့္ နည္းလမ္း ၆ ခု

[ Zawgyi ]

Android ဖုန္းေတြက OS ဗားရွင္း အသစ္ထြက္လာတာနဲ႔အမွ် အသုံးျပဳရတာ ျမန္ဆန္ေကာင္းမြန္ လာတတ္ၾကပါတယ္။ မိမိအေနနဲ႔ ေနာက္ဆုံးထြက္ရွိထားတဲ့ Android OS နဲ႔ ထုတ္ထားတဲ့ High-end စမတ္ဖုန္းကို ကိုင္ေဆာင္ထားတယ္ဆိုရင္ ဖုန္းအသုံးျပဳရတာ ေခ်ာေမြ႔ေကာင္းမြန္ျမန္ဆန္ေအာင္ ဘာမွသိပ္လုပ္စရာ မလိုဘဲ သုံးႏုိင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ မိမိရဲ႕ ဖုန္းက update တင္လိုက္မွ သုံးရတာ ေလးသြားတယ္လို႔ ခံစားရရင္ေတာ့ ေအာက္ေဖာ္ျပပါ နည္းလမ္းအတုိင္း Settings ထဲမွာ လုပ္ေဆာင္လိုက္မယ္ ဆိုရင္ေတာ့ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္မ်ဳိးနဲ႔ သုံးႏုိင္မွာျဖစ္ပါတယ္။

၁။ မိမိအတြက္ အသုံးမလိုတဲ့ App ေတြကို ဖ်က္ပစ္ပါ

အရင္ဆုံးဖုန္းထဲမွာ မသုံးျဖစ္ တဲ့ App ေတြကို ဖ်က္ပစ္ပါ။ ဒါ ကေတာ့ သိသိသာသာ ဖုန္းသုံးရတာ ျမန္ဆန္ေစမယ့္ အခ်က္ပါ။ ဘာလို႔လဲဆိုေတာ့ ဖုန္းရဲ႕ ပါ၀ါနဲ႔ စြမ္းေဆာင္ရည္ကို အသုံးျပဳတာ မ်ားတဲ့ Apps ေတြက upgrad လုပ္လိုက္တိုင္းမွာ ဖုန္းပါ၀ါသုံးစြဲမႈကို ပိုမိုျမင့္တက္ေစတဲ့အတြက္ ဖုန္းကို ေလးလံေစႏုိင္ပါတယ္။ ဒါေၾကာင့္ Google က Android မွာ Background မွာ ပြင့္ေနတတ္တဲ့ Apps ေတြကို Limit လုပ္ထားႏုိင္ေအာင္ ဖန္တီးေပးထားပါတယ္။ ဒါေပမဲ့ မသုံးတဲ့ App ေတြကို ဖ်က္ပစ္တာ ဒါမွမဟုတ္ disable လုပ္ပိတ္ထားတာ အေကာင္းဆုံး ျဖစ္ပါတယ္။

မိမိအေနနဲ႔ Google က ထုတ္တဲ့ Pure Android ဖုန္းကို သုံးတာဆိုရင္ေတာ့ ဖုန္းမွာ Pre-installed အေနနဲ႔ ထည့္ေပးလိုက္တဲ့ App ေတြက ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကို မ်ားစြာ အသုံးျပဳတတ္တဲ့အတြက္ မိမိအေနနဲ႔ အသုံးမျပဳတဲ့ App ေတြကို ဖုန္းထဲကေန uninstall လုပ္လိုက္တာ အေကာင္းဆုံးျဖစ္ပါတယ္။
App ကို ဖ်က္ပစ္ဖုိ႔ကိုေတာ့ App icon ေပၚမွာ စကၠန္႔အနည္းငယ္ဖိထားၿပီး အေပၚကို ဆြဲလိုက္ရင္ေတာ့ Uninstall icon အေပၚေဘာင္နားမွာ ေပၚလာမွာျဖစ္ၿပီး ဖိထားတဲ့ App icon ကို Uninstall icon ဆြဲပို႔လိုက္႐ုံပါပဲ။

၂။ Chrome app မွာ Data Saver စနစ္ကို Enable လုပ္ေပးပါ

ဒါကေတာ့ ဖုိင္ဆုိဒ္ေသးတဲ့ Web စာမ်က္နွာေတြအတြက္ေတာ့ သိပ္မသိသာေပမယ့္ လစဥ္ကုန္က်မယ့္ မိုဘုိင္းေဒတာကိုေတာ့ ေလ်ာ့နည္းေစမွာျဖစ္ပါတယ္။ Google Chrome browser ရဲ႕ Data Saver စနစ္က Web စာမ်က္ႏွာေတြကို ဖုန္းဆီမျပခင္မွာ remoter အေနနဲ႔ ခ်ဳံ႕ေပးလိုက္တာ ျဖစ္ပါတယ္။ အဲဒီလိုလုပ္ေပးလိုက္တဲ့အတြက္ ဖုန္းကေန Web စာမ်က္ႏွာေတြကို ျမန္ျမန္ဆန္ဆန္ Load နည္းနည္းနဲ႔ ၾကည့္ႏုိင္ေစတဲ့ အတြက္ ဖုန္းရဲ႕ မိုဘုိင္းေဒတာကို ေခၽြတာႏုိင္သလို ဖုန္းသုံးရတာကိုလည္း ျမန္ဆန္ေစမွာျဖစ္ပါတယ္။ ဒါေပမ့ဲ HTTPS စနစ္သုံး Web စာမ်က္ႏွာေတြဆိုရင္ေတာ့ ပုံမွန္အတုိင္းသာ ျပသေပးမွာျဖစ္ပါတယ္။

Data Saver ကို Enable လုပ္ ဖုိ႔အတြက္ Chrome app ကို ဖြင့္လိုက္ပါ။ ၿပီးရင္ ညာဘက္ အေပၚေထာင့္နားက အစက္သုံးခုဆင့္ထားတဲ့ Menu icon ကို ႏွိပ္ပါ။ ၿပီးရင္ေတာ့ Settings ဆိုတဲ့စာသားကို ေရြးေပးပါ။ Settings စနစ္ထဲကို ေရာက္သြားရင္ေတာ့ Data Saver စာသားကို ႏွိပ္ၿပီး စနစ္ကို Enable လုပ္ေပးႏုိင္ပါၿပီ။

ေနာက္တစ္ခုက Chrome app လုပ္ေဆာင္ခ်က္လိုမ်ဳိး Android စနစ္ရဲ႕ Data Saver စနစ္ကုိ အသုံးျပဳႏုိင္ပါေသးတယ္။ ဒီစနစ္ကုိလည္း Enable လုပ္ထားသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီစနစ္က ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းကို ျမန္ဆန္ေအာင္ အကူအညီေပးႏုိင္တဲ့အျပင္ ဖုန္းရဲ႕ ဘက္ထရီ သက္တမ္းကိုလည္း ပိုခံေစပါတယ္။ ဒီစနစ္ကို Android Nougat မွာကတည္းက စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီး ဒီစနစ္က App တစ္ ခုခ်င္းစီရဲ႕ ေနာက္ကြယ္က လုပ္ေဆာင္ခ်က္ေတြအတြက္ ေရြးခ်ယ္ ကန္႔သတ္ထားႏုိင္ေစပါတယ္။

ဒီစနစ္ကို Enable လုပ္ဖို႔ ဖုန္း ရဲ႕ Settings ထဲကိုသြားလိုက္ပါ။ ၿပီးရင္ေတာ့ Data Usage ကို ဖြင့္လိုက္ပါ။ Data Usage စနစ္ထဲ ေရာက္သြားရင္ေတာ့ Data Saver ဆိုတဲ့စာသားေအာက္က On ေဘးနားက ခလုတ္ကို တစ္ခ်က္ႏွိပ္ၿပီး Enable လုပ္လိုက္ပါ။

၃။ Developer Options ထဲက Speed up Animations စနစ္ကို သုံးပါ

ဖုန္း OS မွာထည့္သြင္းေပးလိုက္တဲ့ တခ်ဳိ႕ေသာ လုပ္ေဆာင္ခ်က္ေတြက ဖုန္းရဲ႕ တခ်ဳိ႕ေသာ လုပ္ေဆာင္ခ်က္ေတြကို သီးသန္႔အေနနဲ႔ ပိုမိုျမန္ဆန္ေအာင္ လုပ္ေဆာင္ေပးဖို႔အတြက္ ဒီဇုိင္းဆြဲထားတာ ျဖစ္ပါတယ္။ Android OS ရဲ႕ Developer Options ထဲက Animations Settings ေတြက ဖုန္း App ေတြ အသုံးျပဳတဲ့ Animations လုပ္ေဆာင္ခ်က္ေတြကို ပုံမွန္ထက္ ႏွစ္ဆပိုျမန္ေအာင္ တုိးျမႇင့္ေပးပါတယ္။ App ေတြ တစ္ခုမွ ေနာက္တစ္ခုဖြင့္တာနဲ႔ Home Screen ကို ျပန္ထြက္တာေတြနဲ႔ တျခားလုပ္ေဆာင္ခ်က္ေတြကို ပိုမိုျမန္ဆန္ေစပါတယ္။ ဒါေပမဲ့ ဒီစနစ္က ဖုန္းအသုံးျပဳမႈကို ျမန္ဆန္ေစေပမယ့္ ဖုန္းဘက္ထရီေပၚေတာ့ အက်ဳိးသက္ေရာက္မႈရွိပါတယ္။ ဒီစနစ္ကို ဖုန္းပါ၀ါကို မ်ားစြာသုံးစြဲတဲ့အတြက္ ဘက္ထရီေတာ့ အကုန္ျမန္ေစပါတယ္။

Developer Options ကို ဖြင့္ဖို႔အတြက္ ဖုန္းရဲက Settings ထဲက About Phone စာသားကို ႏွိပ္ပါ။ ၿပီးရင္ေတာ့ Build Number ကို ဆက္တုိက္ ၅ ခါ ျမန္ျမန္ႏွိပ္ပါ။ About Phone ထဲကေန ျပန္ထြက္လိုက္ရင္ေတာ့ Settings ထဲမွာ Developer Options ဆိုတာကို ေတြ႔ရမွာျဖစ္ပါတယ္။

Developer Options ဆိုတဲ့စာသားထဲကို ၀င္လုိက္ၿပီး Window animation scale, Transition animation scale နဲ႔ Animator duration scale ဆိုတဲ့ စာသားေတြက 1x ဆိုၿပီး ျဖစ္ေနတာကို 5x ထိ ေျပာင္းေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ ဖုန္းရဲ႕ တုံ႔ျပန္မႈေတြ ခ်က္ခ်င္းျမန္ဆန္လာတာကို ေတြ႔ျမင္ရမွာျဖစ္ပါတယ္။

၄။ Apps တစ္ခုစီအတြက္ Background Data ကို ကန္႔သတ္ေပးပါ

Background Data ကို ကန္႔သတ္ဖို႔အတြက္ App တစ္ခုစီရဲ႕ ေနာက္ကြယ္က ဘက္ထရီနဲ႔ Memory အသုံးျပဳမႈ မ်ားတဲ့ App ေတြကို ကန္႔သတ္ထားႏုိင္မွာျဖစ္ပါတယ္။ Android Oreo မွာ ဒါကို အလြယ္တကူ ကန္႔သတ္အသုံးျပဳႏုိင္ေအာင္ ဖန္တီးထားပါတယ္။

App ရဲ႕ Info ကေနတစ္ဆင့္ App ရဲ႕ Background Data ကို ကန္႔သတ္ႏုိင္ပါတယ္။ App ကို စကၠန္႔အနည္းငယ္ ဖိႏွိပ္ထားလုိက္ပါ။ ဒါဆိုရင္ေတာ့ App နဲ႔ပတ္သက္တဲ့ ေဘာက္တစ္ခု ေဘးနားမွာ ေပၚလာမွာျဖစ္ၿပီး App info ဆိုတဲ့ စာသားကိုေရြးေပးလိုက္ပါ။ App စနစ္ထဲေရာက္သြားရင္ေတာ့ Background data ဆိုတဲ့စားသား ေဘးနားက ခလုတ္ကို ႏွိပ္ၿပီး Enable လုပ္ေပးလိုက္ပါ။

၅။ App ရဲ႕ Cache ကို ရွင္းေပးပါ

တခ်ဳိ႕ App ေတြက ဖြင့္တဲ့ အခါမ်ဳိးမွာ ေႏွးတာျဖစ္တယ္ဆိုရင္ေတာ့ အဲဒီ App နဲ႔ဆုိင္တဲ့ cache ကို ရွင္းေပးရင္ေတာ့ App Loading နဲ႔ ဖြင့္တာေတြျမန္ဆန္လာႏုိင္ပါတယ္။ ဒါမ်ဳိးက App ကို အခ်ိန္ ၾကာၾကာသုံးလာတာနဲ႔ အမွ် App က temp ဖုိင္ေတြမ်ားစြာကို ဖုန္းမွာ သိုေလွာင္ထားရာကေန App ကို အသုံးျပဳရတာ ေႏွးေကြးတယ္လို႔ ခံစားရေစတာျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီလိုမ်ဳိး ေႏွးေကြးတယ္လို႔ ခံစားရတဲ့ App ေတြရဲ႕ cache ဖုိင္ေတြကို ဖ်က္ေပးတာအေကာင္း ဆုံးျဖစ္ပါတယ္။ အဲဒီလိုဖ်က္ေပးတာက App နဲ႔ဆုိင္တဲ့ ေဒတာေတြ နဲ႔ password ေတြ မေပ်ာက္သြားပါဘူး။ အဲလိုမွ အဆင္မေျပေသးဘူးဆိုရင္ေတာ့ ေနာက္တစ္နည္း အေနနဲ႔ App ကို ဖုန္းထဲကေန ဖ်က္ၿပီး reinstall လုပ္ျပန္ထည့္သုံးတာျဖစ္ပါတယ္။ App ရဲ႕ Cache ကို ရွင္းလင္း ဖို႔အတြက္ App Info ထဲကို သြား ၿပီး Storage ကို ႏွိပ္ပါ။ ၿပီးရင္ေတာ့ Clear cache ဆိုတဲ့ ခလုတ္ကို ႏွိပ္ၿပီး ရွင္းလင္းႏုိင္မွာျဖစ္ပါတယ္။

၆။ ဖုန္းကို Restart လုပ္ေပးပါ

ေနာက္ဆုံးအေနနဲ႔ ဖုန္းသုံ ရတာ ျမန္ဆန္မႈရွိေအာင္ ဖုန္းကို Restart လုပ္ေပးသင့္ပါတယ္။ ဖုန္းကို Restart လုပ္လိုက္ေပးမယ္ဆိုရင္ေတာ့ ဖုန္းရဲ႕ ပါ၀ါသုံးစြဲ မႈကို ခ်က္ခ်င္း ေလွ်ာ့ခ်ေပးလိုက္တာျဖစ္တ့ဲအတြက္ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းကို Restart လုပ္လိုက္ျခင္းနဲ႔ ျပန္လည္ ျမန္ဆန္ေစပါတယ္။ Restart လုပ္တာကေတာ့ တန္ဖုိးနည္းဖုန္းပဲျဖစ္ျဖစ္ Flagship ဖုန္းပဲျဖစ္ျဖစ္ ဖုန္းကို ျမန္ဆန္ေကာင္းမြန္ေစပါတယ္။

ဖုန္းရဲ႕ ပါ၀ါခလုတ္ကို စကၠန္႔အနည္းငယ္ ဖိထားလိုက္ရင္ေတာ့ Restart လုပ္ဖို႔အတြက္ ဖုန္းျမင္ကြင္းမွာ ေပၚလာမွာျဖစ္ၿပီး Restart ဆိုတဲ့စာသားကို ႏွိပ္ကာ လုပ္ႏုိင္မွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Android ဖုန်းတွေက OS ဗားရှင်း အသစ်ထွက်လာတာနဲ့အမျှ အသုံးပြုရတာ မြန်ဆန်ကောင်းမွန် လာတတ်ကြပါတယ်။ မိမိအနေနဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Android OS နဲ့ ထုတ်ထားတဲ့ High-end စမတ်ဖုန်းကို ကိုင်ဆောင်ထားတယ်ဆိုရင် ဖုန်းအသုံးပြုရတာ ချောမွေ့ကောင်းမွန်မြန်ဆန်အောင် ဘာမှသိပ်လုပ်စရာ မလိုဘဲ သုံးနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ ဖုန်းက update တင်လိုက်မှ သုံးရတာ လေးသွားတယ်လို့ ခံစားရရင်တော့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း Settings ထဲမှာ လုပ်ဆောင်လိုက်မယ် ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ သုံးနိုင်မှာဖြစ်ပါတယ်။

၁။ မိမိအတွက် အသုံးမလိုတဲ့ App တွေကို ဖျက်ပစ်ပါ

အရင်ဆုံးဖုန်းထဲမှာ မသုံးဖြစ် တဲ့ App တွေကို ဖျက်ပစ်ပါ။ ဒါ ကတော့ သိသိသာသာ ဖုန်းသုံးရတာ မြန်ဆန်စေမယ့် အချက်ပါ။ ဘာလို့လဲဆိုတော့ ဖုန်းရဲ့ ပါ၀ါနဲ့ စွမ်းဆောင်ရည်ကို အသုံးပြုတာ များတဲ့ Apps တွေက upgrad လုပ်လိုက်တိုင်းမှာ ဖုန်းပါ၀ါသုံးစွဲမှုကို ပိုမိုမြင့်တက်စေတဲ့အတွက် ဖုန်းကို လေးလံစေနိုင်ပါတယ်။ ဒါကြောင့် Google က Android မှာ Background မှာ ပွင့်နေတတ်တဲ့ Apps တွေကို Limit လုပ်ထားနိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒါပေမဲ့ မသုံးတဲ့ App တွေကို ဖျက်ပစ်တာ ဒါမှမဟုတ် disable လုပ်ပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိမိအနေနဲ့ Google က ထုတ်တဲ့ Pure Android ဖုန်းကို သုံးတာဆိုရင်တော့ ဖုန်းမှာ Pre-installed အနေနဲ့ ထည့်ပေးလိုက်တဲ့ App တွေက ဖုန်းရဲ့ စွမ်းဆောင်ရည်ကို များစွာ အသုံးပြုတတ်တဲ့အတွက် မိမိအနေနဲ့ အသုံးမပြုတဲ့ App တွေကို ဖုန်းထဲကနေ uninstall လုပ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
App ကို ဖျက်ပစ်ဖို့ကိုတော့ App icon ပေါ်မှာ စက္ကန့်အနည်းငယ်ဖိထားပြီး အပေါ်ကို ဆွဲလိုက်ရင်တော့ Uninstall icon အပေါ်ဘောင်နားမှာ ပေါ်လာမှာဖြစ်ပြီး ဖိထားတဲ့ App icon ကို Uninstall icon ဆွဲပို့လိုက်ရုံပါပဲ။

၂။ Chrome app မှာ Data Saver စနစ်ကို Enable လုပ်ပေးပါ

ဒါကတော့ ဖိုင်ဆိုဒ်သေးတဲ့ Web စာမျက်နှာတွေအတွက်တော့ သိပ်မသိသာပေမယ့် လစဉ်ကုန်ကျမယ့် မိုဘိုင်းဒေတာကိုတော့ လျော့နည်းစေမှာဖြစ်ပါတယ်။ Google Chrome browser ရဲ့ Data Saver စနစ်က Web စာမျက်နှာတွေကို ဖုန်းဆီမပြခင်မှာ remoter အနေနဲ့ ချုံ့ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်ပေးလိုက်တဲ့အတွက် ဖုန်းကနေ Web စာမျက်နှာတွေကို မြန်မြန်ဆန်ဆန် Load နည်းနည်းနဲ့ ကြည့်နိုင်စေတဲ့ အတွက် ဖုန်းရဲ့ မိုဘိုင်းဒေတာကို ချွေတာနိုင်သလို ဖုန်းသုံးရတာကိုလည်း မြန်ဆန်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ HTTPS စနစ်သုံး Web စာမျက်နှာတွေဆိုရင်တော့ ပုံမှန်အတိုင်းသာ ပြသပေးမှာဖြစ်ပါတယ်။

Data Saver ကို Enable လုပ် ဖို့အတွက် Chrome app ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက် အပေါ်ထောင့်နားက အစက်သုံးခုဆင့်ထားတဲ့ Menu icon ကို နှိပ်ပါ။ ပြီးရင်တော့ Settings ဆိုတဲ့စာသားကို ရွေးပေးပါ။ Settings စနစ်ထဲကို ရောက်သွားရင်တော့ Data Saver စာသားကို နှိပ်ပြီး စနစ်ကို Enable လုပ်ပေးနိုင်ပါပြီ။

နောက်တစ်ခုက Chrome app လုပ်ဆောင်ချက်လိုမျိုး Android စနစ်ရဲ့ Data Saver စနစ်ကို အသုံးပြုနိုင်ပါသေးတယ်။ ဒီစနစ်ကိုလည်း Enable လုပ်ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစနစ်က ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို မြန်ဆန်အောင် အကူအညီပေးနိုင်တဲ့အပြင် ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကိုလည်း ပိုခံစေပါတယ်။ ဒီစနစ်ကို Android Nougat မှာကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒီစနစ်က App တစ် ခုချင်းစီရဲ့ နောက်ကွယ်က လုပ်ဆောင်ချက်တွေအတွက် ရွေးချယ် ကန့်သတ်ထားနိုင်စေပါတယ်။

ဒီစနစ်ကို Enable လုပ်ဖို့ ဖုန်း ရဲ့ Settings ထဲကိုသွားလိုက်ပါ။ ပြီးရင်တော့ Data Usage ကို ဖွင့်လိုက်ပါ။ Data Usage စနစ်ထဲ ရောက်သွားရင်တော့ Data Saver ဆိုတဲ့စာသားအောက်က On ဘေးနားက ခလုတ်ကို တစ်ချက်နှိပ်ပြီး Enable လုပ်လိုက်ပါ။

၃။ Developer Options ထဲက Speed up Animations စနစ်ကို သုံးပါ

ဖုန်း OS မှာထည့်သွင်းပေးလိုက်တဲ့ တချို့သော လုပ်ဆောင်ချက်တွေက ဖုန်းရဲ့ တချို့သော လုပ်ဆောင်ချက်တွေကို သီးသန့်အနေနဲ့ ပိုမိုမြန်ဆန်အောင် လုပ်ဆောင်ပေးဖို့အတွက် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ Android OS ရဲ့ Developer Options ထဲက Animations Settings တွေက ဖုန်း App တွေ အသုံးပြုတဲ့ Animations လုပ်ဆောင်ချက်တွေကို ပုံမှန်ထက် နှစ်ဆပိုမြန်အောင် တိုးမြှင့်ပေးပါတယ်။ App တွေ တစ်ခုမှ နောက်တစ်ခုဖွင့်တာနဲ့ Home Screen ကို ပြန်ထွက်တာတွေနဲ့ တခြားလုပ်ဆောင်ချက်တွေကို ပိုမိုမြန်ဆန်စေပါတယ်။ ဒါပေမဲ့ ဒီစနစ်က ဖုန်းအသုံးပြုမှုကို မြန်ဆန်စေပေမယ့် ဖုန်းဘက်ထရီပေါ်တော့ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒီစနစ်ကို ဖုန်းပါ၀ါကို များစွာသုံးစွဲတဲ့အတွက် ဘက်ထရီတော့ အကုန်မြန်စေပါတယ်။
Developer Options ကို ဖွင့်ဖို့အတွက် ဖုန်းရဲက Settings ထဲက About Phone စာသားကို နှိပ်ပါ။ ပြီးရင်တော့ Build Number ကို ဆက်တိုက် ၅ ခါ မြန်မြန်နှိပ်ပါ။ About Phone ထဲကနေ ပြန်ထွက်လိုက်ရင်တော့ Settings ထဲမှာ Developer Options ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

Developer Options ဆိုတဲ့စာသားထဲကို ၀င်လိုက်ပြီး Window animation scale, Transition animation scale နဲ့ Animator duration scale ဆိုတဲ့ စာသားတွေက 1x ဆိုပြီး ဖြစ်နေတာကို 5x ထိ ပြောင်းပေးလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းရဲ့ တုံ့ပြန်မှုတွေ ချက်ချင်းမြန်ဆန်လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

၄။ Apps တစ်ခုစီအတွက် Background Data ကို ကန့်သတ်ပေးပါ

Background Data ကို ကန့်သတ်ဖို့အတွက် App တစ်ခုစီရဲ့ နောက်ကွယ်က ဘက်ထရီနဲ့ Memory အသုံးပြုမှု များတဲ့ App တွေကို ကန့်သတ်ထားနိုင်မှာဖြစ်ပါတယ်။ Android Oreo မှာ ဒါကို အလွယ်တကူ ကန့်သတ်အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။

App ရဲ့ Info ကနေတစ်ဆင့် App ရဲ့ Background Data ကို ကန့်သတ်နိုင်ပါတယ်။ App ကို စက္ကန့်အနည်းငယ် ဖိနှိပ်ထားလိုက်ပါ။ ဒါဆိုရင်တော့ App နဲ့ပတ်သက်တဲ့ ဘောက်တစ်ခု ဘေးနားမှာ ပေါ်လာမှာဖြစ်ပြီး App info ဆိုတဲ့ စာသားကိုရွေးပေးလိုက်ပါ။ App စနစ်ထဲရောက်သွားရင်တော့ Background data ဆိုတဲ့စားသား ဘေးနားက ခလုတ်ကို နှိပ်ပြီး Enable လုပ်ပေးလိုက်ပါ။

၅။ App ရဲ့ Cache ကို ရှင်းပေးပါ

တချို့ App တွေက ဖွင့်တဲ့ အခါမျိုးမှာ နှေးတာဖြစ်တယ်ဆိုရင်တော့ အဲဒီ App နဲ့ဆိုင်တဲ့ cache ကို ရှင်းပေးရင်တော့ App Loading နဲ့ ဖွင့်တာတွေမြန်ဆန်လာနိုင်ပါတယ်။ ဒါမျိုးက App ကို အချိန် ကြာကြာသုံးလာတာနဲ့ အမျှ App က temp ဖိုင်တွေများစွာကို ဖုန်းမှာ သိုလှောင်ထားရာကနေ App ကို အသုံးပြုရတာ နှေးကွေးတယ်လို့ ခံစားရစေတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး နှေးကွေးတယ်လို့ ခံစားရတဲ့ App တွေရဲ့ cache ဖိုင်တွေကို ဖျက်ပေးတာအကောင်း ဆုံးဖြစ်ပါတယ်။ အဲဒီလိုဖျက်ပေးတာက App နဲ့ဆိုင်တဲ့ ဒေတာတွေ နဲ့ password တွေ မပျောက်သွားပါဘူး။ အဲလိုမှ အဆင်မပြေသေးဘူးဆိုရင်တော့ နောက်တစ်နည်း အနေနဲ့ App ကို ဖုန်းထဲကနေ ဖျက်ပြီး reinstall လုပ်ပြန်ထည့်သုံးတာဖြစ်ပါတယ်။ App ရဲ့ Cache ကို ရှင်းလင်း ဖို့အတွက် App Info ထဲကို သွား ပြီး Storage ကို နှိပ်ပါ။ ပြီးရင်တော့ Clear cache ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။

၆။ ဖုန်းကို Restart လုပ်ပေးပါ

နောက်ဆုံးအနေနဲ့ ဖုန်းသုံ ရတာ မြန်ဆန်မှုရှိအောင် ဖုန်းကို Restart လုပ်ပေးသင့်ပါတယ်။ ဖုန်းကို Restart လုပ်လိုက်ပေးမယ်ဆိုရင်တော့ ဖုန်းရဲ့ ပါ၀ါသုံးစွဲ မှုကို ချက်ချင်း လျှော့ချပေးလိုက်တာဖြစ်တဲ့အတွက် ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို Restart လုပ်လိုက်ခြင်းနဲ့ ပြန်လည် မြန်ဆန်စေပါတယ်။ Restart လုပ်တာကတော့ တန်ဖိုးနည်းဖုန်းပဲဖြစ်ဖြစ် Flagship ဖုန်းပဲဖြစ်ဖြစ် ဖုန်းကို မြန်ဆန်ကောင်းမွန်စေပါတယ်။

ဖုန်းရဲ့ ပါ၀ါခလုတ်ကို စက္ကန့်အနည်းငယ် ဖိထားလိုက်ရင်တော့ Restart လုပ်ဖို့အတွက် ဖုန်းမြင်ကွင်းမှာ ပေါ်လာမှာဖြစ်ပြီး Restart ဆိုတဲ့စာသားကို နှိပ်ကာ လုပ်နိုင်မှာဖြစ်ပါတယ်။