August 19, 2018

Android ဖုန္းမွာ YouTube ဗီဒီယုိကို တစ္ပုဒ္တည္း Loop လုပ္ၿပီးဖြင့္ႏိုင္မယ့္ နည္းလမ္း

YouTube က လူတုိင္းသိတဲ့ အတုိင္းပဲ သီခ်င္းသစ္နားေထာင္ဖို႔ သာမကဘဲနည္းပ ညာသစ္၊ ဘာသာစကား၊ ဟာသစတဲ့ ရသမ်ဳိးစုံ၊ ဗဟုသုတမ်ဳိးစုံကို ေလ့လာႏုိင္ တဲ့ ေနရာျဖစ္ပါတယ္။ ဒီ App က Android ဖုန္းတုိင္းအတြက္ မပါမျဖစ္ App တစ္ခုခု အေနနဲ႔ ဖုန္းတုိင္းမွာ ပါဝင္လာေပမယ့္ YouTube App မွာ ခုခ်ိန္ထိ သီခ်င္းတစ္ပုဒ္တည္းကို Loop လုပ္ၿပီး ဖြင့္လို႔ရႏုိင္မယ့္ လုပ္ေဆာင္ခ်က္ ေတာ့ မပါဝင္ေသးပါဘူး။

အဲဒါေၾကာင့္ YouTube App မွာ သီခ်င္းေတြကို တစ္ပုဒ္တည္း Loop လုပ္ၿပီးနားေထာင္ႏုိင္မယ့္ နည္းလမ္းကို ေဖာ္ျပေပးလုိက္ပါတယ္။ အရင္ဆုံး YouTube App ကို ဖြင့္လုိက္ပါ။

မိမိအေနနဲ႔ တစ္ပုဒ္တည္းဖြင့္ထားခ်င္တဲ့ သီခ်င္းကိုေရြးလုိက္ပါ။ ၿပီးရင္ေတာ့ သီခ်င္းရဲ႕ေခါင္းစဥ္ ညာဘက္ေထာင့္နားက အစက္သုံးခု ဆင့္ထားတဲ့ Menu icon ကို ႏွိပ္လိုက္ပါ။ အဲဒါဆိုရင္ေတာ့ ေအာက္ကပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး Create a new playslist ကို ေရြးလိုက္ပါ။

ေအာက္ကပုံအတုိင္း New playlist ဆိုၿပီးေပၚလာရင္ေတာ့ Loopsie လို႔႐ိုက္ၿပီး OK ႏွိပ္ပါ။

ဒါဆိုရင္ေတာ့ YouTube app ထဲမွာ Playlist အသစ္တစ္ခုအေန နဲ႔ေပၚလာမွာျဖစ္ၿပီး အနီေရာင္ Play ခလုတ္ကို ႏွိပ္လုိက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ ေအာက္ကပုံထဲကအတုိင္း ေပၚ လာမွာျဖစ္ၿပီး ျမႇားျပထားတဲ့ Loop icon ကို တစ္ခ်က္ထပ္ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ YouTube app ကေန ဒီသီခ်င္းတစ္ပုဒ္တည္းကိုပဲ Loop လုပ္ၿပီး ဖြင့္ေပးေနမွာျဖစ္ပါတယ္။

ဒါကေတာ့ YouTube ရဲ႕ Playlist လုပ္ေဆာင္ကိုသုံးၿပီး သီခ်င္းတစ္ပုဒ္တည္းကို Loop လုပ္ကာ နားေထာင္ႏုိင္တဲ့ နည္းလမ္းၿပီး မိမိအေနနဲ႔ သီခ်င္းတစ္ပုဒ္တည္းကို ႐ိုးအီလာတဲ့အခါမွာ ဖ်က္ၿပီးေနာက္ထပ္ အသစ္တစ္ပုဒ္ကို ခုလိုမ်ဳိး PlayList အသစ္တစ္ခု ထပ္ဖန္တီးကာ နားေထာင္ႏုိင္မွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

YouTube က လူတိုင်းသိတဲ့ အတိုင်းပဲ သီချင်းသစ်နားထောင်ဖို့ သာမကဘဲနည်းပ ညာသစ်၊ ဘာသာစကား၊ ဟာသစတဲ့ ရသမျိုးစုံ၊ ဗဟုသုတမျိုးစုံကို လေ့လာနိုင် တဲ့ နေရာဖြစ်ပါတယ်။ ဒီ App က Android ဖုန်းတိုင်းအတွက် မပါမဖြစ် App တစ်ခုခု အနေနဲ့ ဖုန်းတိုင်းမှာ ပါဝင်လာပေမယ့် YouTube App မှာ ခုချိန်ထိ သီချင်းတစ်ပုဒ်တည်းကို Loop လုပ်ပြီး ဖွင့်လို့ရနိုင်မယ့် လုပ်ဆောင်ချက် တော့ မပါဝင်သေးပါဘူး။

အဲဒါကြောင့် YouTube App မှာ သီချင်းတွေကို တစ်ပုဒ်တည်း Loop လုပ်ပြီးနားထောင်နိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး YouTube App ကို ဖွင့်လိုက်ပါ။

မိမိအနေနဲ့ တစ်ပုဒ်တည်းဖွင့်ထားချင်တဲ့ သီချင်းကိုရွေးလိုက်ပါ။ ပြီးရင်တော့ သီချင်းရဲ့ခေါင်းစဉ် ညာဘက်ထောင့်နားက အစက်သုံးခု ဆင့်ထားတဲ့ Menu icon ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Create a new playslist ကို ရွေးလိုက်ပါ။

အောက်ကပုံအတိုင်း New playlist ဆိုပြီးပေါ်လာရင်တော့ Loopsie လို့ရိုက်ပြီး OK နှိပ်ပါ။

ဒါဆိုရင်တော့ YouTube app ထဲမှာ Playlist အသစ်တစ်ခုအနေ နဲ့ပေါ်လာမှာဖြစ်ပြီး အနီရောင် Play ခလုတ်ကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံထဲကအတိုင်း ပေါ် လာမှာဖြစ်ပြီး မြှားပြထားတဲ့ Loop icon ကို တစ်ချက်ထပ်နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ YouTube app ကနေ ဒီသီချင်းတစ်ပုဒ်တည်းကိုပဲ Loop လုပ်ပြီး ဖွင့်ပေးနေမှာဖြစ်ပါတယ်။

ဒါကတော့ YouTube ရဲ့ Playlist လုပ်ဆောင်ကိုသုံးပြီး သီချင်းတစ်ပုဒ်တည်းကို Loop လုပ်ကာ နားထောင်နိုင်တဲ့ နည်းလမ်းပြီး မိမိအနေနဲ့ သီချင်းတစ်ပုဒ်တည်းကို ရိုးအီလာတဲ့အခါမှာ ဖျက်ပြီးနောက်ထပ် အသစ်တစ်ပုဒ်ကို ခုလိုမျိုး PlayList အသစ်တစ်ခု ထပ်ဖန်တီးကာ နားထောင်နိုင်မှာ ဖြစ်ပါတယ်။