Android ဖုန်းမှာ PSP ဂိမ်းတွေ ဘယ်လိုကစားမလဲ

PPSSPP ဆိုတဲ့ PSP emulators Third party app ကိုသုံးပြီး Android ဖုန်းတွေမှာ PSP ဂိမ်းတွေကို ထည့်သွင်းကစားနိုင်ပါတယ်။ PSP ဂိမ်းတွေကို ဖုန်းမှာ ထည့်ကစားမယ်ဆိုရင်တော့ ကိုယ့်ဖုန်းက မော်ဒယ်မြင့် Highend ဒါမှမဟုတ် Processor နဲ့ RAM မြင့်မားမှုရှိဖို့ လိုအပ်မှာပါ။ ဘာလို့လဲဆိုတော့ ဖုန်းကစွမ်းဆောင်ရည်ပိုင်း နိမ့်နေရင်တော့ ဂိမ်းဖိုင်တွေ ကောင်းကောင်း မပွင့်တာမျိုး၊ ကစားရင်းနှေးပြီး ထစ်နေတာမျိုး၊ ဖိုင်ကဖွင့်မရတာမျိုး၊ ပွင့်ပြီး ချက်ချင်းရပ်သွားတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။

ခုဖုန်းထဲကို PlayStore ကနေပြီးတော့ PPSSPP App ဖိုင်ကို ဖုန်းထဲကို Download လုပ်ပါ။

PSP ဂိမ်း firmware တွေကို ISO ဖိုင် အနေနဲ့ ဖန်တီးထားတဲ့ CSO format ဂိမ်းဖိုင်တွေကို ကွန်ပျူတာကနေ အွန်လိုင်း Torrents ဆိုက်တွေမှာ အလွယ်တကူ အခမဲ့ Download လုပ်နိုင်ပါတယ်။ ကွန်ပျူတာထဲကနေမှ တစ်ဆင့် ဖုန်းထဲကိုထည့်သွင်းပြီး ကစားနိုင်ပါတယ်။ PSP ဂိမ်းဖိုင် တွေကို ရယူတဲ့အခါမှာတော့ ဖိုင်တွေက တရားဝင် ဘယ်လိုလုပ်လဲ ဆိုတာကို ဖတ်ရှုပြီး ရယူသင့်ပါတယ်။ အဲလိုမှမဟုတ်ရင် ဖိုင်ကဖွင့်မရတာမျိုးတွေ၊ ဆော့လို့မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ PSP ဂိမ်း Crack ဖိုင်တွေများစွာ ရှိတဲ့အတွက် Crack လုပ်ပြီးသား custom firmware တွေကို ရယူကစားတာ အကောင်းဆုံးဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဆော့ဖ်ဝဲစီဒီ ရောင်းတဲ့ဆိုင်တွေမှာလည်း ISO ဖိုင်တွေကို မေးဝယ်နိုင်ပါတယ်။

ဂိမ်းဖိုင်တွေရလာရင်တော့ ဖုန်းထဲက ဂိမ်းဆိုတဲ့ ဖိုင်ထဲကို ထည့်ပေးရပါမယ်။ အရင်ဆုံးဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးရင်တော့ ဖုန်းရဲ့ Internal Storage ဖြစ်တဲ့ Phone ဆိုတာကို ရွေးလိုက်ပါ။ Phone Storage ထဲရောက်သွားရင်တော့ Game ဖိုင်ကို ရှာပြီးဖွင့်ပါ။

ဖွင့်ပြီးရင်တော့ ကွန်ပျူတာထဲက ဂိမ်းကိုစောစောက ဖွင့်ထားတဲ့ Game ဖိုင်ထဲကို Copy – Paste လုပ်ပါ။

ပြီးသွားရင်တော့ ဖုန်းထဲမှာ Install လုပ်ထားတဲ့ PPSSPP ဆိုတဲ့ App icon ကို တစ်ချက်နှိပ်လိုက်ပါ။

App ပွင့်လာရင်တော့ Games အပိုင်းက PSP ဆိုတာကို ရွေးပေးပါ။

အဲဒါဆိုရင်တော့ စောစောက Copy – Paste လုပ်ထားတဲ့ ဂိမ်းဖိုင်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဖိုင်ကို တစ်ချက်နှိပ်ကာ ဂိမ်းကို စတင်ကစားနိုင်ပြီဖြစ်ပါတယ်။

ဂိမ်း Loading ကတော့ ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ကြာပါလိမ့်မယ်။ ဂိမ်းတက်လာရင်တော့ Onscreen ခလုတ်ကိုသုံးပြီး ကစားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ရဲ့ အွန်လိုင်းက ရယူထားတဲ့ ဂိမ်းက PPSSPP ကနေ မထောက်ပံ့ပေးနိုင်တဲ့ ဂိမ်းဖြစ်ရင်တော့ ဖုန်းက ဂိမ်းဖိုင် Load လုပ်ပေးမှာ မဟုတ်သလို ဖုန်းက စွမ်းဆောင်ရည်ပိုင်းနိမ့်လို့ ဂိမ်းကို မနိုင်ရင်လည်း Load လုပ်ပေးမှာ မဟုတ်ပါဘူး။

– ရဲထွဋ်ဝင်း