Android ဖုန်းမှာ Chrome app ကို Dark Mode ပုံစံ ဘယ်လိုပြောင်းမလဲ =====

[ Zawgyi ]

Chrome ရဲ့ Update တိုင်းမှာ အရင်က အဆင်မပြေခဲ့တဲ့ bug တွေမှန်သမျှကို ဖြေရှင်းပေးခဲ့ပါတယ်။ အခုလည်း Chrome 74 မှာ Google ကနေ သုံးစွဲသူတွေ အနေနဲ့ Chrome app ကို Dark mode အနေနဲ့ ပြောင်းလဲအသုံးပြုနိုင်အောင် ထည့်သွင်းပေးထားပါတယ်။ ဒီ Mode မှာ ပုံမှန်မြင်နေကျ အဖြူရောင်မှန်သမျှကို အနက်အနေနဲ့ မြင်တွေ့အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အချိန်ကြာကြာ အွန်လိုင်းအသုံးပြုမှုအတွက် မျက်စိညောင်းညာကိုက်ခဲမှုကို တစ်နည်းတစ်ဖုံအားဖြင့် လျော့နည်းစေမှာ ဖြစ်ပါတယ်။

Chrome app ကို Dark Mode ပုံစံနဲ့ အသုံးပြုဖို့အတွက် အရင်ဆုံး မိမိဖုန်းထဲက Chrome app က နောက်ဆုံး update ဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ ဖုန်းထဲက Chrome app က update ဗားရှင်းဖြစ်မဖြစ် မသေချာရင်တော့ အရင်ဆုံး ဖုန်းရဲ့ Settings ထဲက Applications စနစ်ထဲက manger ကို ဖွင့်လိုက်ပါ။

Application manager ထဲကို ရောက်ရင်တော့ Chrome app ကို ရှာပြီး နှိပ်ပါ။

ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း မိမိရဲ့ဖုန်းထဲက Chrome app ဗားရှင်း 74 ဖြစ် မဖြစ်ကို ကြည့်ပေးပါ။

မိမိဖုန်းရဲ့ Chrome app က ဗားရှင်း 74 အထက်မဟုတ် ရင်တော့ Google Play ထဲက My apps & games စနစ်ထဲကနေ တစ်ဆင့်သွားပြီး update ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အဲလိုလုပ်ပြီးရင်တော့ Chrome ကို Dark Mode အနေနဲ့ အသုံးပြုနိုင်ဖို့အတွက် Chrome app ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ address bar ထဲမှာ chrome://flags ကို ရိုက်လိုက်ပါ။

အဲလိုရိုက်ပြီးရင်တော့ အောက်က search bar မှာ Chrome ui dark mode ဆိုပြီး ထပ်ရိုက်ပါ။

အဲလိုရိုက်လိုက်ရင်တော့ Android Chrome UI dark mode ဆိုတဲ့ စာသားထဲမှာ Chrome UI စာသားကို အ၀ါအရောင်ဘောက်ထဲမှာ ဖော်ပြထားတဲ့ စာသားပေါ်လာမှာဖြစ်ပြီး Enabled ဆိုတာကို နှိပ်ပေးလိုက်ပါ။

အဲလို Enabled ကို နှိပ်လိုက်ရင်တော့ အောက်ကပုံထဲကအတိုင်း ပေါ်လာမှာဖြစ်ပြီး Enabled ကိုပဲ ရွေးပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Chrome app ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ ဒါဆိုရင်တော့ Chrome app ကို dark mode နဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

တကယ်လို့ မိမိအနေနဲ့ dark mode ပြောင်းတာ ပထမဆုံးတစ်ကြိမ်တည်းနဲ့ မရဘူးဆိုရင်တော့ နောက်ထပ်တစ်ကြိမ် ဖော်ပြပေးခဲ့တဲ့ နည်းလမ်းအတိုင်း Chrome app ကို dark mode ရတဲ့အထိ ကြိုးစားကြည့်ဖို့ လိုအပ်မှာဖြစ်ပါ တယ်။

-ရဲထွဋ်ဝင်း

[ Unicode ]