Android ဖုန်းကို လုံခြုံရေး key အဖြစ် အသုံးပြုနိုင်အောင် Google ထောက်ပံ့ထား

Google အနေနဲ့ two-factor authentication အတွက် လုံခြုံရေး key အဖြစ် Android 7 နဲ့အထက်ပါဝင်တဲ့ ထုတ်ကုန်တွေမှာ အသုံးပြိုင်အောင် ပြုလုပ်ပေးလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် Google app တွေထဲ ဝင်ရောက်တဲ့အခါ အခြား 2FA နည်းလမ်းတွေထက် ပိုမိုလုံခြံမှာ ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူက login ကိုအတည်ပြုဖို့ ထုတ်ကုန်လိုအပ်တယ်ဆိုရင် dongle ကိုဝယ်ယူစရာမလိုဘဲ ဖုန်းကို အသုံးပြုနိုင်ပါတယ်။

သုံးစွဲသူက Android ဖုန်းကို လုံခြုံရေး key အဖြစ်အသုံးပြုမယ်ဆိုရင် login တွေကို အတည်ပြုဖို့ Chrome browser ကို bluethooth ကနေ ချိတ်ဆက်ဖို့လိုအပ်ပါတယ်။ တစ်ချို့ကွန်ပျူတာ အဟောင်းတွေမှာ Bluetooth မပါဝင်ပေမယ့် laptop တွေမှာ ပါဝင်လာပါလိမယ့်။ အခုအတည်ပြုမှုကို Gmail, G Suite, Google Cloud နဲ့အခြား Google account ဝန်ဆောင်မှုတွေမှာ အသုံးပြုနိုင်ပါတယ်။ အခုစနစ်မှာ FIDO authenticaton စံညွှန်းကို အသုံးပြုထားပါတယ်။

အခြားဝက်ဘ်ဆိုက်တွေအတွက် ဝန်ဆောင်မှုကို မကြာခင်မှာ ဖြန့်ချိပေးမှာ ဖြစ်ပေမယ့် ဝန်ဆောင်မှု ခွင့်ပြုချက်ကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

-စိုးထက်
Ref: TheVerge