AMOLED screen နှစ်ခုပါဝင်တဲ့ Samsung W2019 flagship ခေါက်ဖုန်း
[ Zawgyi ]
Ref: GSMArena
[ Unicode ]
Samsung ဟာ AMOLED screen နှစ်ခုပါတဲ့ flagship ခေါက်ဖုန်းတစ်မျိုးကို တရုတ်နိုင်ငံအတွက် မိတ်ဆက်ခဲ့ပါတယ်။
Samsung W2019 မှာ AMOLED screen နှစ်ခုအပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ hardware တွေကိုလည်း အသုံးပြုထားပါတယ်။ Snapdragon 845 ကို အသုံးပြုထားပြီး RAM က 6GB ဖြစ်ပါတယ်။ Storage ကို 128GB နဲ့ 256GB ဆိုပြီး ရရှိနိုင်ပါတယ်။ Display နှစ်ခုစလုံးက Super AMOLED ဖြစ်ပြီး aspect ratio က 16:9 ဖြစ်ပါတယ်။ အရွယ်အစားက ၄.၂ လက်မဖြစ်ပြီး resolution က 1080 x 1920 pixels ဖြစ်ပါတယ်။
ကျောဘက်မှာ Galaxy S9+ ပုံစံ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ တစ်ခုက 12MP sensor နဲ့ dual f/1.5-2.4 aperture ဖြစ်ပြီး ကျန်တစ်ခုက 2x lossless optical zoom အတွက် telephoto ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP နဲ့ f/2.0 ဖြစ်ပါတယ်။
ဘက်ထရီက 3,070mAh ဖြစ်ပြီး အားတစ်ကြိမ်သွင်းရုံနဲ့ standby time နာရီ ၂၈၀ ကြာ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီကို USB-C connector ကနေ အားသွင်းနိုင်ပါတယ်။ ကုမ္ပဏီရဲ့ Bixby virtual assistant ကိုလည်း ထောက်ပံ့ပေးထားပြီး ဖုန်းဘေးက ခလုတ်ကိုနှိပ်ကာ အသုံးပြုနိုင်ပါတယ်။
လုံခြုံရေးပိုင်းအနေနဲ့ fingerprint reader ကို ဖုန်းဘေးမှာ ထည့်သွင်းထားပါတယ်။ Samsung W2019 ကို ငွေရောင်၊ ရွှေရောင်တို့နဲ့ ရရှိနိုင်ပါတယ်။ ရောင်းချမယ့်အချိန်နဲ့ စျေးနှုန်းကိုတော့ မသိရသေးပါဘူး။
Ref: GSMArena