Amazon Fire HD 8 Kids Edition

[ Zawgyi ]

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၉

အားသာချက်

ကလေးတွေ အသုံးပြုဖို့အတွက် အကြမ်းခံတဲ့ ဒီဇိုင်းနဲ့ စီစဉ်ပေးထားသလို မိဘတွေ ထိန်းချုပ်ဖို့အတွက် parental control ကိုပါ ထည့်သွင်းပေးထားပါတယ်။ ကလေးတွေ tablet ကို ပစ်ပေါက်တာတွေ ခံနိုင်ဖို့အတွက် အကြမ်းခံနိုင်မယ့် ဘောင်ကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီသက်တမ်းကလည်း အသင့်အတင့် ခံနိုင်ရှိပါတယ်။

အားနည်းချက်

App တွေ သုံးစွဲမှုကိုတော့ ကန့်သတ်ထားပါတယ်။ Amazon က သတ်မှတ်ထားတဲ့ app တွေကိုသာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ တစ်ချို့ content တွေကတော့ အင်တာနက် သုံးစွဲမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Quad-core processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.3GHz ရှိမှာဖြစ်ပါတယ်။ RAM 1.5GB ပါဝင်မှာဖြစ်ပြီး အချက်အလက် တွေ သိမ်းဆည်းဖို့ 32GB ပမာဏ
ရှိတဲ့ storage ပါဝင်မှာဖြစ်ပါ တယ်။ Display screen အရွယ်အစားကတော့ ၈ လက်မခန့်ရှိ မှာဖြစ်ပြီး resolution ကတော့ 1280 x 800 ရှိမှာဖြစ်ပါတယ်။ Dual stereo speaker တပ်ဆင်
ပေးထားသလို built-in microphone လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Tablet ရဲ့ အရှေ့နဲ့ အနောက်မှာ 2 megapixels အရည်အသွေးရှိတဲ့ ကင်မရာတွေကို တပ်ဆင်ပေးထားပါတယ်။

ဘက်ထရီပိုင်းကတော့ သီချင်းတွေ နားထောင်မယ်၊ ဗီဒီယိုကြည့်မယ် web browsing အသုံးပြုမယ်ဆိုရင် ၁၀ နာရီခန့် အသုံးခံနိုင်အောင် စီစဉ်ပေးထားတာကို တွေ့မြင်ရ မှာ ဖြစ်ပါတယ်။

-သီဟ
Ref: wired

[ Unicode ]









Ref: wired