Amazon Alexa နဲ႔ယွဥ္ၿပိဳင္ဖို႔ Google Assistant မွာ interpreter mode ပါဝင္လာ

[ Zawgyi ]

ဒီဂ်စ္တယ္ပုိင္းအတြက္ အေထာက္အကူျဖစ္ေစတဲ့ Google Assistant ဟာ Amazon ရဲ႕ Alexa နဲ႔ Apple Siri တို႔နဲ႔ ဆင္ပါတယ္။ အဂၤါေန႔က ကမၻာ႔အႀကီးဆုံးနည္းပညာျပပြဲ CES မွာ Google Assistant ရဲ႕ Interpreter mode ကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။ တူညီတဲ့ဘာသာစကားကုိ မေျပာဆုိႏိုင္သူ ႏွစ္ဦးအၾကား စကားျပန္အျဖစ္ ေဆာင္ရြက္ေပးႏိုင္ပါတယ္။

Google အေနနဲ႔ Assistant အတြင္းက Interpreter mode စကားျပန္ feature ကို လတ္ဗီးဂတ္စ္ၿမိဳ႕အတြင္းက ဆီဆာပဲေလ့စ္ဟိုတယ္က စားပြဲခုံမွာ စတင္ အသုံးျပဳေနပါတယ္။ ဒါ့အျပင္ နယူးေယာက္စီးတီးက ဒရင္းေဒါင္းေတာင္းနဲ႔ ဆန္ဖရန္စစၥကုိၿမိဳ႕က ေဟးရက္တို႔မွာလည္း စတင္အသုံးျပဳေနၾကပါၿပီ။ အဲဒီ feature ဟာ Google Assistant ပါဝင္တဲ့ စမတ္ display အတြင္းမွာ စတင္ပါဝင္လာမွာ ျဖစ္ပါတယ္။ ဟင္းခ်က္နည္းေတြနဲ႔ ေနာက္ဆုံးရသတင္းေတြကုိ ေဖာ္ျပေပးႏိုင္တဲ့ screen ပါဝင္တဲ့ စမတ္အိမ္သုံးထုတ္ကုန္တစ္မ်ိဳးျဖစ္တဲ့ Google ရဲ႕ကုိယ္ပုိင္ Home Hub မွာလည္း Interpreter mode ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Google နဲ႔ပူးေပါင္းထားတဲ့ Lenovo, JBL နဲ႔ LG တို႔က ထုတ္လုပ္တဲ့ စမတ္ display ေတြမွာလည္း စကားျပန္ feature ပါဝင္လာမွာ ျဖစ္ပါတယ္။

Google အေနနဲ႔ စမတ္ဖုန္းအပါအဝင္ အျခားထုတ္ကုန္ေတြမွာလည္း စကားျပန္ feature ကုိ ထည့္သြင္းလိုပါတယ္။ Google Assistant မွာ အသစ္ပါဝင္လာတဲ့ စကားျပန္ mode ဟာ စပိန္၊ ခ်က္၊ ဟင္ဒီနဲ႔ ဗီယက္နမ္ အပါအဝင္ ဘာသာစကား ၂၇ ခုနဲ႔ အလုပ္လုပ္ႏိုင္တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

ဒီဂျစ်တယ်ပိုင်းအတွက် အထောက်အကူဖြစ်စေတဲ့ Google Assistant ဟာ Amazon ရဲ့ Alexa နဲ့ Apple Siri တို့နဲ့ ဆင်ပါတယ်။ အင်္ဂါနေ့က ကမ္ဘာ့အကြီးဆုံးနည်းပညာပြပွဲ CES မှာ Google Assistant ရဲ့ Interpreter mode ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ တူညီတဲ့ဘာသာစကားကို မပြောဆိုနိုင်သူ နှစ်ဦးအကြား စကားပြန်အဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။

Google အနေနဲ့ Assistant အတွင်းက Interpreter mode စကားပြန် feature ကို လတ်ဗီးဂတ်စ်မြို့အတွင်းက ဆီဆာပဲလေ့စ်ဟိုတယ်က စားပွဲခုံမှာ စတင် အသုံးပြုနေပါတယ်။ ဒါ့အပြင် နယူးယောက်စီးတီးက ဒရင်းဒေါင်းတောင်းနဲ့ ဆန်ဖရန်စစ္စကိုမြို့က ဟေးရက်တို့မှာလည်း စတင်အသုံးပြုနေကြပါပြီ။ အဲဒီ feature ဟာ Google Assistant ပါဝင်တဲ့ စမတ် display အတွင်းမှာ စတင်ပါဝင်လာမှာ ဖြစ်ပါတယ်။ ဟင်းချက်နည်းတွေနဲ့ နောက်ဆုံးရသတင်းတွေကို ဖော်ပြပေးနိုင်တဲ့ screen ပါဝင်တဲ့ စမတ်အိမ်သုံးထုတ်ကုန်တစ်မျိုးဖြစ်တဲ့ Google ရဲ့ကိုယ်ပိုင် Home Hub မှာလည်း Interpreter mode ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Google နဲ့ပူးပေါင်းထားတဲ့ Lenovo, JBL နဲ့ LG တို့က ထုတ်လုပ်တဲ့ စမတ် display တွေမှာလည်း စကားပြန် feature ပါဝင်လာမှာ ဖြစ်ပါတယ်။

Google အနေနဲ့ စမတ်ဖုန်းအပါအဝင် အခြားထုတ်ကုန်တွေမှာလည်း စကားပြန် feature ကို ထည့်သွင်းလိုပါတယ်။ Google Assistant မှာ အသစ်ပါဝင်လာတဲ့ စကားပြန် mode ဟာ စပိန်၊ ချက်၊ ဟင်ဒီနဲ့ ဗီယက်နမ် အပါအဝင် ဘာသာစကား ၂၇ ခုနဲ့ အလုပ်လုပ်နိုင်တယ်လို့ သိရပါတယ်။

Ref: CNET