AirPods ကို ယွဥ္ၿပိဳင္သြားမယ့္ ထုတ္ကုန္တစ္မ်ိဳး Amazon နဲ႔ Google ပူးေပါင္းလုပ္ကုိင္ေန

[ Zawgyi ]

Amazon နဲ႔ Google ဟာ AirPods ကုိ ယွဥ္ၿပိဳင္သြားမယ့္ ထုတ္ကုန္တစ္မ်ိဳးကို ဖန္တီးေနတယ္လို႔ Apple ေလ့လာဆန္းစစ္သူ မင္ခ်ီကူက supply-chain အစီရင္ခံစာေတြကို ကိုးကားၿပီး ေျပာၾကားခဲ့ပါတယ္။

Apple အေနနဲ႔ AirPods နဲ႔ေဈးကြက္ကုိ စိုးမိုးထားႏိုင္ဖို႔ လုပ္ေဆာင္ခ်က္အသစ္ေတြ ထပ္မံထည့္သြင္းႏိုင္ပါတယ္။

Apple ရဲ႕ AirPods နည္းပညာဟာ ေဈးကြက္ရဲ႕ ပထမဆုံး ႀကိဳးမဲ့ in-ear နားၾကပ္မဟုတ္ပါဘူး။ ၂၀၁၆ခုႏွစ္တုနး္က Bragi Dash earbuds စတင္ထြက္ရွိခဲ့ပါတယ္။

ဒါေပမယ့္ Apple ရဲ႕ AirPods ဟာအေျမာက္အျမား စတင္ထုတ္လုပ္ေရာင္းခ်တဲ့ ပထမဆုံး ကုမၸဏီျဖစ္ၿပီး ဖုန္းနဲ႔အလြယ္တကူ ခ်ိတ္ဆက္ႏိုင္သလုိ အလြန္ေကာင္းမြန္တဲ့ ဘက္ထရီစြမ္းအင္နဲ႔ မိုက္က႐ိုဖုနး္ စြမ္းေဆာင္ရည္ ပါဝင္လာပါတယ္။

Apple ရဲ႕ AirPods ထြက္ရွိလာအၿပီးမွာ ေဈးႏႈနး္အမ်ိဳးမ်ိဳးရွိတဲ့ အလားတူ ထုတ္ကုန္ေတြ ထြက္ရွိလာပါတယ္။ Bang & Olufsen, Bose နဲ႔ Master & Dynamic လုိမ်ိဳးကုမၸဏီကလည္း တန္ဖိုးႀကီးမားတဲ့ အလားတူထုတ္ကုန္မ်ိဳးေတြ ထုတ္လုပ္ခဲ့ၾကပါတယ္။

Apple ဟာအျခားထုတ္ကုန္ေတြနဲ႔ ယွဥ္ၿပိဳင္ရာမွာ အသာစီးရဖို႔ AirPods မွာ feature သစ္ေတြ ထည့္သြင္းဖြယ္ရွိေနပါတယ္။ AirPods မွာ၂၀၁၉ခုႏွစ္ ပထမသုံးလပတ္အတြင္း ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္လာႏိုင္သလို ၂၀၂၀ ေမာ္ဒယ္မွာ ဒီဇိုင္းသစ္အသုံးျပဳဖြယ္ရွိပါတယ္။

ဒါ့အျပင္ AirPods မွာ Hey Siri ေထာက္ပံ့မႈ၊ ေရစိုခံႏိုင္မႈတို႔ပါဝင္လာႏိုင္တယ္လုိ႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ AirPods ရဲ႕ပုံစံကုိ အမ်ိဳးမ်ိဳးေျပာင္းလဲႏိုင္တဲ့ မူပုိင္ခြင့္လည္း ထြက္ေပၚထားၿပီး က်န္းမာေရး sensor ေတြလညး္ ပါဝင္လာႏိုင္ဖြယ္ရွိပါတယ္။

ဒီႏွစ္ AirPods တင္ပုိ႔ေရာင္းခ်မႈဟာ ၂၆သန္းက ၂၈သန္းအထိ တိုးတက္လာၿပီး လာမယ့္ႏွစ္မွာ သန္း ၅၀ကေန ၅၅သန္းအထိ ရွိမယ္လို႔ မင္ခ်ီကူက ခန္႔မွန္းထားပါတယ္။ ၂၀၂၁ခုႏွစ္အေရာက္မွာ AirPods တင္ပုိ႔ေရာင္းခ်မႈဟာ သန္း ၁၀၀ေက်ာ္အထိ ရွိလာႏိုင္ပါတယ္။

စိုးထက္
Ref: 9to5Mac

[ Unicode ]

Amazon နဲ့ Google ဟာ AirPods ကို ယှဉ်ပြိုင်သွားမယ့် ထုတ်ကုန်တစ်မျိုးကို ဖန်တီးနေတယ်လို့ Apple လေ့လာဆန်းစစ်သူ မင်ချီကူက supply-chain အစီရင်ခံစာတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

Apple အနေနဲ့ AirPods နဲ့ဈေးကွက်ကို စိုးမိုးထားနိုင်ဖို့ လုပ်ဆောင်ချက်အသစ်တွေ ထပ်မံထည့်သွင်းနိုင်ပါတယ်။

Apple ရဲ့ AirPods နည်းပညာဟာ ဈေးကွက်ရဲ့ ပထမဆုံး ကြိုးမဲ့ in-ear နားကြပ်မဟုတ်ပါဘူး။ ၂၀၁၆ခုနှစ်တုနး်က Bragi Dash earbuds စတင်ထွက်ရှိခဲ့ပါတယ်။

ဒါပေမယ့် Apple ရဲ့ AirPods ဟာအမြောက်အမြား စတင်ထုတ်လုပ်ရောင်းချတဲ့ ပထမဆုံး ကုမ္ပဏီဖြစ်ပြီး ဖုန်းနဲ့အလွယ်တကူ ချိတ်ဆက်နိုင်သလို အလွန်ကောင်းမွန်တဲ့ ဘက်ထရီစွမ်းအင်နဲ့ မိုက်ကရိုဖုနး် စွမ်းဆောင်ရည် ပါဝင်လာပါတယ်။

Apple ရဲ့ AirPods ထွက်ရှိလာအပြီးမှာ ဈေးနှုနး်အမျိုးမျိုးရှိတဲ့ အလားတူ ထုတ်ကုန်တွေ ထွက်ရှိလာပါတယ်။ Bang & Olufsen, Bose နဲ့ Master & Dynamic လိုမျိုးကုမ္ပဏီကလည်း တန်ဖိုးကြီးမားတဲ့ အလားတူထုတ်ကုန်မျိုးတွေ ထုတ်လုပ်ခဲ့ကြပါတယ်။

Apple ဟာအခြားထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်ရာမှာ အသာစီးရဖို့ AirPods မှာ feature သစ်တွေ ထည့်သွင်းဖွယ်ရှိနေပါတယ်။ AirPods မှာ၂၀၁၉ခုနှစ် ပထမသုံးလပတ်အတွင်း ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာနိုင်သလို ၂၀၂၀ မော်ဒယ်မှာ ဒီဇိုင်းသစ်အသုံးပြုဖွယ်ရှိပါတယ်။

ဒါ့အပြင် AirPods မှာ Hey Siri ထောက်ပံ့မှု၊ ရေစိုခံနိုင်မှုတို့ပါဝင်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ AirPods ရဲ့ပုံစံကို အမျိုးမျိုးပြောင်းလဲနိုင်တဲ့ မူပိုင်ခွင့်လည်း ထွက်ပေါ်ထားပြီး ကျန်းမာရေး sensor တွေလညး် ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

ဒီနှစ် AirPods တင်ပို့ရောင်းချမှုဟာ ၂၆သန်းက ၂၈သန်းအထိ တိုးတက်လာပြီး လာမယ့်နှစ်မှာ သန်း ၅၀ကနေ ၅၅သန်းအထိ ရှိမယ်လို့ မင်ချီကူက ခန့်မှန်းထားပါတယ်။ ၂၀၂၁ခုနှစ်အရောက်မှာ AirPods တင်ပို့ရောင်းချမှုဟာ သန်း ၁၀၀ကျော်အထိ ရှိလာနိုင်ပါတယ်။

Ref: 9to5Mac