AI app ေတြကို အလြယ္တကူဖန္တီးႏိုင္ေအာင္ အေထာက္အပံ့ေပးတဲ့ Lobe ကုိ Microsoft ဝယ္ယူ

Microsoft ဟာ ဆန္ဖရန္စစၥကုိ start-up ကုမၸဏီ Lobe ကုိဝယ္ယူလိုက္ပါတယ္။ Lobe ဟာ artificial intelligence ေမာ္ဒယ္ေတြကုိ အလြယ္တကူနဲ႔ ေလ့က်င့္ေပးၿပီး အသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ေပးေနပါတယ္။

Amazon, Google နဲ႔အျခားနည္းပညာကုမၸဏီေတြလိုပဲ Microsoft အေနနဲ႔ ကုိယ္ပုိင္ဝန္ေဆာင္မႈေတြမွာ AI ထည့္သြင္းၿပီး အျခားကုမၸဏီေတြအတြက္ AI tool ေတြကို ေထာက္ပံ့ေပးဖို႔ ႀကိဳးစားေနပါတယ္။

Lobe ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ အဒမ္မန္ဂ်ီအေနနဲ႔ Apple မွာ machine learning အင္ဂ်င္နီယာနဲ႔ ထုတ္ကုန္မန္ေနဂ်ာအျဖစ္ လုပ္ကုိင္ခဲ့ဖူးပါတယ္။

Lobe ရဲ႕ဝန္ေဆာင္မႈဟာ beta အျဖစ္ပဲရွိေသးၿပီး coding မလိုဘဲ AI ေမာ္ဒယ္ေတြ တပ္ဆင္မႈအတြက္ အြန္လုိင္း interface ေထာက္ပံ့ေပးေနၿပီး အျခားေထာက္ပံ့သူေတြနဲ႔ ျခားနားတဲ့အရာေတြ ပါဝင္ပါတယ္။

Lobe ရဲ႕စနစ္ဟာ ကင္မရာေတြ၊ မိုက္ခ႐ိုဖုန္းေတြနဲ႔ အျခားအခ်က္အလက္ input စနစ္ေတြက ေလ့က်င့္ေပးတဲ့ အခ်က္အလက္အေပၚ အေျခခံၿပီး ခန္႔မွန္းမႈေတြ ျပဳလုပ္ေပးသလုိ အခ်က္အလက္သစ္ ထုတ္လုပ္ေပးပါတယ္။

Lobe လိုမ်ိဳး start-up ကုမၸဏီမွာ ေဖာက္သည္မ်ားစြာ မရွိပါဘူး။

“ကၽြမ္းက်င္သူနဲ႔ အင္ဂ်င္နီယာမဟုတ္သူေတြလက္ထဲကုိ AI ဖြံ႔ၿဖိဳးတည္ေဆာက္ေရး ေထာက္ပ့ံေပးဖို႔ Lobe က ဆက္လက္လုပ္ေဆာင္ သြားဖို႔ ကၽြန္ေတာ္တို႔အေနနဲ႔ ေမွ်ာ္လင့္ပါတယ္” လို႔ Microsoft နည္းပညာအႀကီးအကဲ အရာရွိ ကယ္ဗင္စေကာ့က blog post မွာေရးသားခဲ့ပါတယ္။

Microsoft အေနနဲ႔ ဓာတ္ပုံ၊ ေျပာစကားနဲ႔ ဘာသာစကားကုိ မွတ္သားႏိုင္တဲ့ Azure Cognitive Services ကို ဝယ္ယူထားပါတယ္။ ဒါေပမဲ့ Lobe အေနနဲ႔ လက္ရွိမွာ ျပဳလုပ္ေနတဲ့ ကုိယ္ပုိင္ ထုတ္ကုန္ကုိပဲ လုပ္ကုိင္သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: CNBC

[ Unicode ]

Microsoft ဟာ ဆန်ဖရန်စစ္စကို start-up ကုမ္ပဏီ Lobe ကိုဝယ်ယူလိုက်ပါတယ်။ Lobe ဟာ artificial intelligence မော်ဒယ်တွေကို အလွယ်တကူနဲ့ လေ့ကျင့်ပေးပြီး အသုံးပြုနိုင်အောင် ပြုလုပ်ပေးနေပါတယ်။

Amazon, Google နဲ့အခြားနည်းပညာကုမ္ပဏီတွေလိုပဲ Microsoft အနေနဲ့ ကိုယ်ပိုင်ဝန်ဆောင်မှုတွေမှာ AI ထည့်သွင်းပြီး အခြားကုမ္ပဏီတွေအတွက် AI tool တွေကို ထောက်ပံ့ပေးဖို့ ကြိုးစားနေပါတယ်။

Lobe ရဲ့အမှုဆောင်အရာရှိချုပ် အဒမ်မန်ဂျီအနေနဲ့ Apple မှာ machine learning အင်ဂျင်နီယာနဲ့ ထုတ်ကုန်မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

Lobe ရဲ့ဝန်ဆောင်မှုဟာ beta အဖြစ်ပဲရှိသေးပြီး coding မလိုဘဲ AI မော်ဒယ်တွေ တပ်ဆင်မှုအတွက် အွန်လိုင်း interface ထောက်ပံ့ပေးနေပြီး အခြားထောက်ပံ့သူတွေနဲ့ ခြားနားတဲ့အရာတွေ ပါဝင်ပါတယ်။

Lobe ရဲ့စနစ်ဟာ ကင်မရာတွေ၊ မိုက်ခရိုဖုန်းတွေနဲ့ အခြားအချက်အလက် input စနစ်တွေက လေ့ကျင့်ပေးတဲ့ အချက်အလက်အပေါ် အခြေခံပြီး ခန့်မှန်းမှုတွေ ပြုလုပ်ပေးသလို အချက်အလက်သစ် ထုတ်လုပ်ပေးပါတယ်။

Lobe လိုမျိုး start-up ကုမ္ပဏီမှာ ဖောက်သည်များစွာ မရှိပါဘူး။

“ကျွမ်းကျင်သူနဲ့ အင်ဂျင်နီယာမဟုတ်သူတွေလက်ထဲကို AI ဖွံ့ဖြိုးတည်ဆောက်ရေး ထောက်ပ့ံပေးဖို့ Lobe က ဆက်လက်လုပ်ဆောင် သွားဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်” လို့ Microsoft နည်းပညာအကြီးအကဲ အရာရှိ ကယ်ဗင်စကော့က blog post မှာရေးသားခဲ့ပါတယ်။

Microsoft အနေနဲ့ ဓာတ်ပုံ၊ ပြောစကားနဲ့ ဘာသာစကားကို မှတ်သားနိုင်တဲ့ Azure Cognitive Services ကို ဝယ်ယူထားပါတယ်။ ဒါပေမဲ့ Lobe အနေနဲ့ လက်ရှိမှာ ပြုလုပ်နေတဲ့ ကိုယ်ပိုင် ထုတ်ကုန်ကိုပဲ လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

Ref: CNBC