September 21, 2018

Agony

[ Zawgyi ]

ဂိမ္းေဆာ့ပါတယ္ဆိုမွေတာ့ ျပင္ပလက္ေတြ႕ဘဝမွာလို ခပ္ေအးေအး၊ ခပ္မွန္မွန္ ဇာတ္ေၾကာင္းတစ္ခုကို ဘယ္သူမွ ေဆာ့ခ်င္မွာ မဟုတ္ဘူးဗ်။ စိတ္ကူးယဥ္အေတြးနဲ႔ ပံုေဖာ္ထားတဲဲ့ အေၾကာင္းအရာေတြကို အမွန္မဟုတ္ဘူးဆုိတာ သိေပမယ့္ သေဘာက်ၾကမယ္၊ ႏွစ္သက္ၾကမယ္။ ဒါကဂိမ္းရဲ႕ သေဘာ ပဲေပါ့။ အခုေျပာျပခ်င္တဲ့ ဂိမ္းက Agony၊ စြန္႔စားခန္းစစ္စစ္၊ ၿပီးေတာ့ ေၾကာက္မက္ဖြယ္၊ ဘာေၾကာင့္ စြန္႔စားခန္း ျဖစ္ရသလဲဲ။ ငရဲကေန ျပန္လည္ လြတ္ေျမာက္ေအာင္ ႀကိဳးစား ရတာမို႔ပါ။ ဘာေၾကာင့္ ေၾကာက္မက္ဖြယ္လဲ၊ ငရဲမွာ သြားကစား ရမယ့္ ဂိမ္းျဖစ္လို႔ေပါ့။

Madmind Studio ကေနဖန္တီးတယ္၊ PlayWay ကေန ျဖန္႔ခ်ိလာတဲ့ အခုဂိမ္းက တကယ္ဆိုရင္ မတ္ ၃၀ ကတည္းက
ထြက္လာရမွာ ျဖစ္ေပမယ့္ အခုေတာ့ နည္းနည္းေနာက္ က်ၿပီးမွာ ထြက္လာမယ္လုုိ႔ သိရပါတယ္။ ကစားရသူအေနနဲ႔ အတိတ္က အေၾကာင္းေတြကို လံုုး၀ မမွတ္မိေတာ့တဲ့ ဝိညာဥ္တစ္ေကာင္အေနနဲဲ႔ ငရဲမွာ ေရာက္ေနမယ္။ အရင္ဆံုးငရဲခန္း ျမင္ကြင္းကိုေတြ႕ရမယ္။ ေအာ္သံေတြ၊ ေသြးသံရဲရဲနဲ႔ ညႇဥ္းဆဲခံ ပတ္ဝန္းက်င္္ တစ္ခုေပါ့။

သင့္အေနနဲ႔က Martyrs လုိ႔ဆိုတဲ့ အဆိုုပါ အတိတ္ေမ့ ဝိညာဥ္ေတြေနရာမွာ ဝင္ေရာက္ ကစားႏုိင္မွာပါ။ တျခားဂိမ္းေတြလိုပဲ ၀ိညာဥ္ တစ္ေကာင္ခ်င္းစီမွာ ကိုယ္ပိုင္ သီးသန္႔ စြမ္းေဆာင္ရည္ေတြ ရွိပါတယ္။ မိစာၦေတြကို တိုက္ခိုက္ အႏိုင္ယူၿပီး ေအာင္ျမင္ေအာင္ ကစားရမယ္။ ကိုယ္မယွဥ္ႏုိင္ေလာက္တဲ့ ရန္သူေတြဆိုရင္ လည္း ေရွာင္သြားႏိုင္မယ့္ စြမ္းရည္ေတြ ရွိတယ္။ ဒါေပမဲ့ ေရွာင္တဲ့ေနရာမွာလည္း ပညာ သားပါရမယ္ေပါ့။ တကယ္လုိ႔ ရန္သူက ျမင္သြားရင္ေတာ့ သင့္ အေနနဲ႔ အစကေန ျပန္ကစား ရပါလိမ့္မယ္။

ဒီေနရာမွာ ကိုယ္က မႏိုင္ႏုိင္လုိ႔ မတိုက္ဘဲ ေရွာင္ထြက္္ လာတဲဲ့ နတ္မိစာၦေတြအစား ေရွာင္ထြက္လာတဲ့ လမ္းေၾကာင္္းမွာ စိန္ေခၚမႈ တစ္ခုက ထပ္ေစာင့္ေနပါလိမ့္မယ္။ အဲဒါကေတာ့့ ျဖတ္လမ္း၀င္ နည္း ပေဟဠိပါ။ ဒီလိုပေဟဠိကို မွန္ကန္ေအာင္ ရွင္းလင္းေျဖ ရွင္းႏိုင္မွလည္း ေနာက္ထပ္ စခန္းသစ္ေတြ၊ အဆင့္သစ္ေတြ ထပ္ပြင့္ဖုိ႔ လြယ္သလို မိစာၦေတြ ကို မတိုက္ခိုက္ရေပမယ့္ ပေဟဠိကို ရွင္းႏိုင္လို႔ မိမိလည္းအဆင့္တက္ ျမန္ေစပါလိမ့္မယ္။

ပေဟဠိတစ္ခု မွန္တိုင္း သင့္ကိုဂိမ္းရဲ႕ အမွတ္အသားဆုတစ္ခု ေပးပါလိမ့္မယ္။ Loot စုသလို စုထားႏုိင္ပါတယ္။ ဒီဆုေတြကို ေပါင္းၿပီးေနာက္ပိုင္္းမွာ လိုုအပ္တဲ့ပစၥည္း၊ အဆင္ျ့မႇင့့္ မႈေတြ လုုပ္ေဆာင္ႏုုိင္ပါလိမ့္မယ္။ သိရသေလာက္ အခုဂိမ္းကို ၂၀၁၆ ခုႏွစ္ ႏုိဝင္ဘာ အတြင္းကတည္းက စတင္္ ဖန္တီးေန တာပါ။ Platform စံုနဲ႔ ကစားႏုုိင္ ေအာင္ ဖန္တီးေနလုိ႔ အခ်ိန္ နည္းနည္း ၾကာေနတယ္လုိ႔ ယူဆရပါတယ္။ Wins နဲ႔ေရာ PS4, Xbox One ေတြနဲ႔ပါ အစံုကစားႏုိင္မွာပါ။ ႐ုပ္ထြက္ အထူး ေကာင္းလြန္းတယ္၊ လူေတြ အလားပီသတဲ့ ႐ုပ္ထြက္ ကို ေတြ႕ရပါတယ္။ သိပၸံေခတ္လို၊ တိုက္ခိုက္ေရးဂိမ္းေတြေလာက္ တိုက္ခုိက္ရျခင္း မရွိေပမယ့္ ဝိညာဥ္တစ္ေကာင္အေနနဲ႔ မိမိရွင္သန္ႏုိင္မႈအတြက္ အေလး ထားကစားရမွာျဖစ္ၿပီး သိထားဖို႔ လိုအပ္တာက မိမိအေနနဲ႔ မိစာၦေတြကို အႏုိင္ယူႏိုင္မႈထက္ ကိုယ့္ကိုယ္ကို ရွင္သန္ႏုိင္ဖုိ႔ အဓိကပုိက်တယ္၊ ငရဲမွာ ဝိညာဥ္ဘဝနဲ႔ ထပ္မေသရဖုိ႔႔ ႀကိဳးစားရမယ္ ဆိုတာပါပဲ။ သင္ ႐ံႈးရင္ေတာ့ သင့္၀ိညာဥ္လည္း ငရဲမွာ ႏွိပ္စက္ခံရေတာ့မွာပါ။

-သက္ႏိုင္ဦး (UCSL)

=========

[ Unicode [

Agony

=========

ဂိမ်းဆော့ပါတယ်ဆိုမှတော့ ပြင်ပလက်တွေ့ဘဝမှာလို ခပ်အေးအေး၊ ခပ်မှန်မှန် ဇာတ်ကြောင်းတစ်ခုကို ဘယ်သူမှ ဆော့ချင်မှာ မဟုတ်ဘူးဗျ။ စိတ်ကူးယဉ်အတွေးနဲ့ ပုံဖော်ထားတဲဲ့ အကြောင်းအရာတွေကို အမှန်မဟုတ်ဘူးဆိုတာ သိပေမယ့် သဘောကျကြမယ်၊ နှစ်သက်ကြမယ်။ ဒါကဂိမ်းရဲ့ သဘော ပဲပေါ့။ အခုပြောပြချင်တဲ့ ဂိမ်းက Agony၊ စွန့်စားခန်းစစ်စစ်၊ ပြီးတော့ ကြောက်မက်ဖွယ်၊ ဘာကြောင့် စွန့်စားခန်း ဖြစ်ရသလဲဲ။ ငရဲကနေ ပြန်လည် လွတ်မြောက်အောင် ကြိုးစား ရတာမို့ပါ။ ဘာကြောင့် ကြောက်မက်ဖွယ်လဲ၊ ငရဲမှာ သွားကစား ရမယ့် ဂိမ်းဖြစ်လို့ပေါ့။

Madmind Studio ကနေဖန်တီးတယ်၊ PlayWay ကနေ ဖြန့်ချိလာတဲ့ အခုဂိမ်းက တကယ်ဆိုရင် မတ် ၃၀ ကတည်းက
ထွက်လာရမှာ ဖြစ်ပေမယ့် အခုတော့ နည်းနည်းနောက် ကျပြီးမှာ ထွက်လာမယ်လုုိ့ သိရပါတယ်။ ကစားရသူအနေနဲ့ အတိတ်က အကြောင်းတွေကို လုုံးဝ မမှတ်မိတော့တဲ့ ဝိညာဉ်တစ်ကောင်အနေနဲဲ့ ငရဲမှာ ရောက်နေမယ်။ အရင်ဆုံးငရဲခန်း မြင်ကွင်းကိုတွေ့ရမယ်။ အော်သံတွေ၊ သွေးသံရဲရဲနဲ့ ညှဉ်းဆဲခံ ပတ်ဝန်းကျင်် တစ်ခုပေါ့။

သင့်အနေနဲ့က Martyrs လို့ဆိုတဲ့ အဆိုုပါ အတိတ်မေ့ ဝိညာဉ်တွေနေရာမှာ ဝင်ရောက် ကစားနိုင်မှာပါ။ တခြားဂိမ်းတွေလိုပဲ ၀ိညာဉ် တစ်ကောင်ချင်းစီမှာ ကိုယ်ပိုင် သီးသန့် စွမ်းဆောင်ရည်တွေ ရှိပါတယ်။ မိစ္ဆာတွေကို တိုက်ခိုက် အနိုင်ယူပြီး အောင်မြင်အောင် ကစားရမယ်။ ကိုယ်မယှဉ်နိုင်လောက်တဲ့ ရန်သူတွေဆိုရင် လည်း ရှောင်သွားနိုင်မယ့် စွမ်းရည်တွေ ရှိတယ်။ ဒါပေမဲ့ ရှောင်တဲ့နေရာမှာလည်း ပညာ သားပါရမယ်ပေါ့။ တကယ်လို့ ရန်သူက မြင်သွားရင်တော့ သင့် အနေနဲ့ အစကနေ ပြန်ကစား ရပါလိမ့်မယ်။

ဒီနေရာမှာ ကိုယ်က မနိုင်နိုင်လို့ မတိုက်ဘဲ ရှောင်ထွက်် လာတဲဲ့ နတ်မိစ္ဆာတွေအစား ရှောင်ထွက်လာတဲ့ လမ်းကြောင််းမှာ စိန်ခေါ်မှု တစ်ခုက ထပ်စောင့်နေပါလိမ့်မယ်။ အဲဒါကတော့့ ဖြတ်လမ်းဝင် နည်း ပဟေဠိပါ။ ဒီလိုပဟေဠိကို မှန်ကန်အောင် ရှင်းလင်းဖြေ ရှင်းနိုင်မှလည်း နောက်ထပ် စခန်းသစ်တွေ၊ အဆင့်သစ်တွေ ထပ်ပွင့်ဖို့ လွယ်သလို မိစ္ဆာတွေ ကို မတိုက်ခိုက်ရပေမယ့် ပဟေဠိကို ရှင်းနိုင်လို့ မိမိလည်းအဆင့်တက် မြန်စေပါလိမ့်မယ်။

ပဟေဠိတစ်ခု မှန်တိုင်း သင့်ကိုဂိမ်းရဲ့ အမှတ်အသားဆုတစ်ခု ပေးပါလိမ့်မယ်။ Loot စုသလို စုထားနိုင်ပါတယ်။ ဒီဆုတွေကို ပေါင်းပြီးနောက်ပိုင််းမှာ လိုုအပ်တဲ့ပစ္စည်း၊ အဆင်ြ့မှင့့် မှုတွေ လုုပ်ဆောင်နုုိင်ပါလိမ့်မယ်။ သိရသလောက် အခုဂိမ်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ အတွင်းကတည်းက စတင်် ဖန်တီးနေ တာပါ။ Platform စုံနဲ့ ကစားနုုိင် အောင် ဖန်တီးနေလို့ အချိန် နည်းနည်း ကြာနေတယ်လို့ ယူဆရပါတယ်။ Wins နဲ့ရော PS4, Xbox One တွေနဲ့ပါ အစုံကစားနိုင်မှာပါ။ ရုပ်ထွက် အထူး ကောင်းလွန်းတယ်၊ လူတွေ အလားပီသတဲ့ ရုပ်ထွက် ကို တွေ့ရပါတယ်။ သိပ္ပံခေတ်လို၊ တိုက်ခိုက်ရေးဂိမ်းတွေလောက် တိုက်ခိုက်ရခြင်း မရှိပေမယ့် ဝိညာဉ်တစ်ကောင်အနေနဲ့ မိမိရှင်သန်နိုင်မှုအတွက် အလေး ထားကစားရမှာဖြစ်ပြီး သိထားဖို့ လိုအပ်တာက မိမိအနေနဲ့ မိစ္ဆာတွေကို အနိုင်ယူနိုင်မှုထက် ကိုယ့်ကိုယ်ကို ရှင်သန်နိုင်ဖို့ အဓိကပိုကျတယ်၊ ငရဲမှာ ဝိညာဉ်ဘဝနဲ့ ထပ်မသေရဖို့့ ကြိုးစားရမယ် ဆိုတာပါပဲ။ သင် ရှုံးရင်တော့ သင့်ဝိညာဉ်လည်း ငရဲမှာ နှိပ်စက်ခံရတော့မှာပါ။

-သက်နိုင်ဦး (UCSL)