Acer Spin 3

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၄၈၅.၂ဝ

အားသာခ်က္

ကိုင္တြယ္အသုံးျပဳရတာ ေကာင္းမြန္လွတဲ့ 2-in-1 ဒီဇုိင္းရွိတဲ့အျပင္ 1080p Display ကိုအသုံးျပဳထားတာကလည္း သေဘာက်
စရာပါ။ စပီကာပိုင္းအသံထြက္ေကာင္းမြန္လွသလို ေစ်းႏႈန္းသက္သာတာက ဒီ Laptop ရဲ႕အားသာခ်က္ေတြပဲျဖစ္ပါတယ္။

အားနည္းခ်က္

ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈကေတာ့ ပုံမွန္ရွိသင့္တာရဲ႕ေအာက္ျဖစ္ေနတာ၊ ကီးဘုတ္က အနည္းငယ္က်ဥ္းတာနဲ႔ Bloatware ေတြ
မ်ားျပားစြာ ပါဝင္တာက ဒီ Laptop ရဲ႕အားနည္းခ်က္လုိ႔ ဆိုရမွာပါ။ စြမ္းေဆာင္ရည္ပိုင္းကလည္း ေန႔စဥ္လုပ္ငန္းေဆာင္တာ အသုံးျပဳဖို႔အတြက္ သင့္ေတာ္ေကာင္းမြန္ေပမယ့္ ဒီထက္ပိုေကာင္းသင့္တယ္လို႔ထင္ပါတယ္။

သုံးသပ္ခ်က္

1080p HD Display နဲ႔ထုတ္ထားတဲ့ Acer Spin 3 က ေစ်းႏႈန္းအားျဖင့္ သုံးရတာတန္တယ္လို႔ခံစားရမွာျဖစ္ေပမယ့္ ကီးဘုတ္
စနစ္နဲ႔ ဘက္ထရီပိုင္း ပုံမွန္ရွိသင့္တဲ့ ၾကာခ်ိန္ထက္နည္းတာက စဥ္းစားစရာျဖစ္ပါတယ္။ မိမိအေနနဲ႔ သာမန္ ၁၄ လက္မအရြယ္အစား
Laptop တစ္လုံးဝယ္ဖို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ သူ႔ထက္စြမ္းေဆာင္ရည္ပိုင္း ပိုေကာင္းမြန္တဲ့ ေရြးခ်ယ္စရာ Laptop ေတြမ်ားစြာ
ရွိတယ္လို႔ဆိုပါရေစ။ ဒါေပမဲ့ ျမင္ကြင္းကို ၃၆ဝ ဒီဂရီထိ ေနာက္ျပန္ေခါက္ၿပီးအသုံးျပဳႏုိင္တဲ့အျပင္ touch-screen display နဲ႔
Laptop တစ္လုံးကို ဝယ္ဖို႔စဥ္းစားေနတယ္ဆိုရင္ေတာ့ စပီကာပိုင္း၊ Display ပိုင္းနဲ႔ ေပါ့ပါးတဲ့ဒီဇုိင္းရွိတဲ့ Acer Spin 3 ေရြးခ်ယ္စရာ
တစ္ခုလို႔ဆိုခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ 2-in-1 Laptop အမ်ဳိးအစားေတြ ထဲမွာ သူ႔ရဲ႕ေစ်းႏႈန္းက သုံးရတာတန္တယ္လုိ႔ ခံစားရမွာ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၄ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့ IPS LCD panel က Touchscreen အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 2.2GHz ရွိတဲ့ Intel Core i3-8130U processor ကို အသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 1 TB HDD ရွိမွာ ျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel UHD Graphics 620 GPU ေထာက္ပံ့ပါဝင္ပါ၀င္ၿပီး တုံ႔ျပန္မႈေကာင္းမြန္လွတဲ့အျပင္ Multitouch gesture စနစ္ေထာက္ပံ့ပါဝင္တဲ့ Touchpad က ၄.၁x၂.၅ လက္မ အရြယ္အစားရွိပါတယ္။

WiFi 802.11ac၊ Bluetooth 4.1၊ SD card slot ေပါက္၊ USB 2.0၊ USB 3.0 ေပါက္၊ Kensington lock ေပါက္နဲ႔ HDMI ေပါက္ေတြပါဝင္ပါတယ္။ WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၆ နာရီ၀န္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၇ ကီလိုဂရမ္ (၃.၇၉ ေပါင္) ရွိမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၄၈၅.၂ဝ

အားသာချက်

ကိုင်တွယ်အသုံးပြုရတာ ကောင်းမွန်လှတဲ့ 2-in-1 ဒီဇိုင်းရှိတဲ့အပြင် 1080p Display ကိုအသုံးပြုထားတာကလည်း သဘောကျ
စရာပါ။ စပီကာပိုင်းအသံထွက်ကောင်းမွန်လှသလို စျေးနှုန်းသက်သာတာက ဒီ Laptop ရဲ့အားသာချက်တွေပဲဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကတော့ ပုံမှန်ရှိသင့်တာရဲ့အောက်ဖြစ်နေတာ၊ ကီးဘုတ်က အနည်းငယ်ကျဉ်းတာနဲ့ Bloatware တွေ
များပြားစွာ ပါဝင်တာက ဒီ Laptop ရဲ့အားနည်းချက်လို့ ဆိုရမှာပါ။ စွမ်းဆောင်ရည်ပိုင်းကလည်း နေ့စဉ်လုပ်ငန်းဆောင်တာ အသုံးပြုဖို့အတွက် သင့်တော်ကောင်းမွန်ပေမယ့် ဒီထက်ပိုကောင်းသင့်တယ်လို့ထင်ပါတယ်။

သုံးသပ်ချက်

1080p HD Display နဲ့ထုတ်ထားတဲ့ Acer Spin 3 က စျေးနှုန်းအားဖြင့် သုံးရတာတန်တယ်လို့ခံစားရမှာဖြစ်ပေမယ့် ကီးဘုတ်
စနစ်နဲ့ ဘက်ထရီပိုင်း ပုံမှန်ရှိသင့်တဲ့ ကြာချိန်ထက်နည်းတာက စဉ်းစားစရာဖြစ်ပါတယ်။ မိမိအနေနဲ့ သာမန် ၁၄ လက်မအရွယ်အစား
Laptop တစ်လုံးဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သူ့ထက်စွမ်းဆောင်ရည်ပိုင်း ပိုကောင်းမွန်တဲ့ ရွေးချယ်စရာ Laptop တွေများစွာ
ရှိတယ်လို့ဆိုပါရစေ။ ဒါပေမဲ့ မြင်ကွင်းကို ၃၆ဝ ဒီဂရီထိ နောက်ပြန်ခေါက်ပြီးအသုံးပြုနိုင်တဲ့အပြင် touch-screen display နဲ့
Laptop တစ်လုံးကို ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင်တော့ စပီကာပိုင်း၊ Display ပိုင်းနဲ့ ပေါ့ပါးတဲ့ဒီဇိုင်းရှိတဲ့ Acer Spin 3 ရွေးချယ်စရာ
တစ်ခုလို့ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ 2-in-1 Laptop အမျိုးအစားတွေ ထဲမှာ သူ့ရဲ့စျေးနှုန်းက သုံးရတာတန်တယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၄ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ IPS LCD panel က Touchscreen အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 2.2GHz ရှိတဲ့ Intel Core i3-8130U processor ကို အသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1 TB HDD ရှိမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 GPU ထောက်ပံ့ပါဝင်ပါ၀င်ပြီး တုံ့ပြန်မှုကောင်းမွန်လှတဲ့အပြင် Multitouch gesture စနစ်ထောက်ပံ့ပါဝင်တဲ့ Touchpad က ၄.၁x၂.၅ လက်မ အရွယ်အစားရှိပါတယ်။

WiFi 802.11ac၊ Bluetooth 4.1၊ SD card slot ပေါက်၊ USB 2.0၊ USB 3.0 ပေါက်၊ Kensington lock ပေါက်နဲ့ HDMI ပေါက်တွေပါဝင်ပါတယ်။ WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၆ နာရီဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၇ ကီလိုဂရမ် (၃.၇၉ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com