Acer Predator Helios 300 Special Edition

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၃၉၉.၉၉

အားသာခ်က္

ပရီမီယံဒီဇုိင္း၊ ေတာက္ပၿပီး အေရာင္အေသြးကာလာပိုင္း ေကာင္းမြန္လွတဲ့ Display နဲ႔ သက္ေသာင့္သက္သာ ရွိလွတဲ့ ကီးဘုတ္ကလည္း အသုံးျပဳရတာ ေကာင္းမြန္လွပါတယ္။ ျမင့္မားေကာင္းမြန္လွတဲ့ Laptop စြမ္းေဆာင္ရည္၊ ဂရပ္ဖစ္
စြမ္းေဆာင္ရည္နဲ႔ မွတ္ခ်က္ျပဳရေလာက္တဲ့ Laptop Cooling စနစ္ေတြက ဒီ Laptop ရဲ႕ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

ေစ်းနည္းတဲ့ပလပ္စတစ္ ကိုယ္ထည္ဒီဇုိင္းနဲ႔ အသံထြက္ပိုင္းကေတာ့ သိပ္အားမရလွဘူးလို႔ ဆိုရမွာပါ။ CPU စြမ္းေဆာင္ရည္နဲ႔ ဂရပ္ဖစ္ပိုင္း ျမင့္မားတဲ့ Laptop ေတြက ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီ Laptop က ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈကလည္း ပုံမွန္ရွိသင့္တဲ့ ၾကာခ်ိန္ထက္နည္းတယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ ေပးႏုိင္ပါတယ္။ 8th Intel Core i7-8750H processor ကို အသုံးျပဳထားၿပီး RAM 16GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256GB PCIe-NVMe SSD ပါ၀င္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ NVIDIA GeForce GTX 1060 GPU (6GB VRAM) ေထာက္ပံ့ပါ၀င္ၿပီး Touchpad ရဲ႕ အရြယ္အစားက ၄.၁ x ၃.ဝ လက္မရွိပါတယ္။ Wi-Fi 802.11ac နဲ႔ Bluetotoh 5.0 စနစ္ေတြေထာက္ပံ့ပါဝင္ၿပီး လုံၿခဳံေရးဆုိင္ရာ Kensington Lock, USB 3.0 ေပါက္၊ HDMI ေပါက္၊ USB Type-C ေပါက္၊ USB 2.0 ေပါက္၊ Card Reader ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၃ နာရီဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၂.၄ ကီလိုဂရမ္ (၅.၅ ေပါင္) ရွိမွာျဖစ္ပါတယ္။

သုံးသပ္ခ်က္

Acer Predator Helios 300 Special Edition က ျမင့္မားေကာင္းမြန္လွတဲ့ စြမ္းေဆာင္ရည္ ရွိတယ္။ ေနာက္ၿပီး ကိုယ္ထည္မွာ အသုံးျပဳထားတဲ့ ေဆးသားက ေတာက္ပမႈရွိၿပီး ေနာက္ဆုံး 8th Generation Core i7 processor ကို သုံးထားသလို Nvidia GTX 1060 GPU ကို သုံးထားတာေတြက သေဘာက်စရာပါ။ ေနာက္တစ္ခုက အခ်ိန္ၾကာၾကာနဲ႔ လုပ္ငန္းႀကီးေတြ ဆက္တိုက္ လုပ္ ေဆာင္မႈမွာ Laptop ကိုယ္ထည္ ပူေႏြးမႈမရွိဘဲ အသုံးျပဳႏုိင္တာက ပေရာ္ဖက္ရွင္နယ္လုပ္ကုိင္ သူေတြအတြက္ ေကာင္းမြန္လွတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္တဲ့ ၾကာခ်ိန္က ၿပိဳင္ဘက္ေမာ္ဒယ္ေတြထက္ နည္းတာနဲ႔ စပီကာပိုင္းက ဂိမ္း Laptop တစ္လုံးအေနနဲ႔ဆိုရင္ေတာ့ သိပ္အားမရလွတဲ့ အပိုင္းေလးေတြ ရွိ တာကလြဲရင္ ဒီ Laptop က ေတာက္ပေကာင္းမြန္လွတဲ့ 144-Hertz panel, ၁၅.၆ လက္မ Display၊ သက္ေသာင့္သက္သာရွိလွတဲ့ ကီးဘုတ္နဲ႔ စြမ္းေဆာင္ရည္ျပည့္တဲ့ ဂိမ္း Laptop တစ္လုံးကို အသုံျပဳခ်င္သူေတြ ေရြးခ်ယ္သင့္တဲ့ Laptop တစ္လုံးျဖစ္ပါတယ္။ ေနာက္တစ္ခုက သူရဲ႕ စြမ္းေဆာင္ရည္ေတြကေပးရတဲ့ ေစ်းနဲ႔ႏိႈင္း ယွဥ္မယ္ဆိုရင္ေတာ့ တန္တယ္လို႔ဆိုရမွာ ျဖစ္ပါတယ္။

ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၃၉၉.၉၉

အားသာချက်

ပရီမီယံဒီဇိုင်း၊ တောက်ပပြီး အရောင်အသွေးကာလာပိုင်း ကောင်းမွန်လှတဲ့ Display နဲ့ သက်သောင့်သက်သာ ရှိလှတဲ့ ကီးဘုတ်ကလည်း အသုံးပြုရတာ ကောင်းမွန်လှပါတယ်။ မြင့်မားကောင်းမွန်လှတဲ့ Laptop စွမ်းဆောင်ရည်၊ ဂရပ်ဖစ်
စွမ်းဆောင်ရည်နဲ့ မှတ်ချက်ပြုရလောက်တဲ့ Laptop Cooling စနစ်တွေက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

စျေးနည်းတဲ့ပလပ်စတစ် ကိုယ်ထည်ဒီဇိုင်းနဲ့ အသံထွက်ပိုင်းကတော့ သိပ်အားမရလှဘူးလို့ ဆိုရမှာပါ။ CPU စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်ပိုင်း မြင့်မားတဲ့ Laptop တွေက ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီ Laptop က ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကလည်း ပုံမှန်ရှိသင့်တဲ့ ကြာချိန်ထက်နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ ပေးနိုင်ပါတယ်။ 8th Intel Core i7-8750H processor ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB PCIe-NVMe SSD ပါ၀င်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ NVIDIA GeForce GTX 1060 GPU (6GB VRAM) ထောက်ပံ့ပါ၀င်ပြီး Touchpad ရဲ့ အရွယ်အစားက ၄.၁ x ၃.ဝ လက်မရှိပါတယ်။ Wi-Fi 802.11ac နဲ့ Bluetotoh 5.0 စနစ်တွေထောက်ပံ့ပါဝင်ပြီး လုံခြုံရေးဆိုင်ရာ Kensington Lock, USB 3.0 ပေါက်၊ HDMI ပေါက်၊ USB Type-C ပေါက်၊ USB 2.0 ပေါက်၊ Card Reader ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၃ နာရီဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၄ ကီလိုဂရမ် (၅.၅ ပေါင်) ရှိမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Acer Predator Helios 300 Special Edition က မြင့်မားကောင်းမွန်လှတဲ့ စွမ်းဆောင်ရည် ရှိတယ်။ နောက်ပြီး ကိုယ်ထည်မှာ အသုံးပြုထားတဲ့ ဆေးသားက တောက်ပမှုရှိပြီး နောက်ဆုံး 8th Generation Core i7 processor ကို သုံးထားသလို Nvidia GTX 1060 GPU ကို သုံးထားတာတွေက သဘောကျစရာပါ။ နောက်တစ်ခုက အချိန်ကြာကြာနဲ့ လုပ်ငန်းကြီးတွေ ဆက်တိုက် လုပ် ဆောင်မှုမှာ Laptop ကိုယ်ထည် ပူနွေးမှုမရှိဘဲ အသုံးပြုနိုင်တာက ပရော်ဖက်ရှင်နယ်လုပ်ကိုင် သူတွေအတွက် ကောင်းမွန်လှတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဘက်ထရီနဲ့ အသုံးပြုနိုင်တဲ့ ကြာချိန်က ပြိုင်ဘက်မော်ဒယ်တွေထက် နည်းတာနဲ့ စပီကာပိုင်းက ဂိမ်း Laptop တစ်လုံးအနေနဲ့ဆိုရင်တော့ သိပ်အားမရလှတဲ့ အပိုင်းလေးတွေ ရှိ တာကလွဲရင် ဒီ Laptop က တောက်ပကောင်းမွန်လှတဲ့ 144-Hertz panel, ၁၅.၆ လက်မ Display၊ သက်သောင့်သက်သာရှိလှတဲ့ ကီးဘုတ်နဲ့ စွမ်းဆောင်ရည်ပြည့်တဲ့ ဂိမ်း Laptop တစ်လုံးကို အသုံပြုချင်သူတွေ ရွေးချယ်သင့်တဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ နောက်တစ်ခုက သူရဲ့ စွမ်းဆောင်ရည်တွေကပေးရတဲ့ စျေးနဲ့နှိုင်း ယှဉ်မယ်ဆိုရင်တော့ တန်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com