Acer Chromebook 11 (2018)

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၂၆၉.၉၉

အားသာခ်က္

Classic ဒီဇုိင္းကဆဲြေဆာင္မႈရွိသလို Multitasking စြမ္းရည္ပိုင္းကလည္း သေဘာက်စရာပါ။ ဘက္ထရီနဲ႔အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာက ဒီ Laptop ရဲ႕အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

ကီးဘုတ္က အနည္းငယ္ အသုံးျပဳရတာေသးငယ္တယ္လုိ႔ ခံစားရပါတယ္။ အသံထြက္ပိုင္း အနည္းငယ္အားနည္းသလို Android app ေတြ အသုံးျပဳႏုိင္မႈကလည္း အကန္႔အသတ္ေတြ ရွိေနေသးတယ္လို႔ခံစားရပါတယ္။

သုံးသပ္ခ်က္

Acer Chromebook 11 က ခ်စ္စဖြယ္ဒီဇုိင္းရွိသလို ျပည့္ဝေကာင္းမြန္လွတဲ့ ဘက္ထရီသက္တမ္းနဲ႔ ေကာင္းမြန္လွတဲ့ စြမ္းေဆာင္ရည္ရွိတဲ့ Laptop တစ္လုံးျဖစ္ပါတယ္။ Multitasking လုပ္ေဆာင္ခ်က္ေတြကို ေကာင္းစြာအသုံးျပဳႏုိင္သလို Display ပိုင္းလည္းေကာင္းမြန္ လွပါတယ္။

အသံထြက္ပုိင္းနဲ႔ Android app ေတြ ေကာင္းစြာလုပ္ေဆာင္ႏုိင္ဖုိ႔အတြက္ jပဳလုပ္ေပးထားမယ္ဆိုရင္ေတာ့ ပရီမီယံဒီဇုိင္းနဲ႔ ထုတ္လုပ္ထားၿပီး ကန္ေဒၚလာ ၂၆၉ သာရွိတဲ့ ေစ်းႏႈန္းသက္သာတဲ့ ဒီ Laptop က မမွားယြင္းႏုိင္တဲ့ ေရြးခ်ယ္စရာတစ္ခုလို႔ ဆိုရမွာပါ။

အေသးစိတ္ေဖာ္ျပခ်က္

၁၁.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1366 x 768 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့ Matte Diaplay အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 1.1 GHz ရွိတဲ့ Intel Celeron N3350 ကိုအသုံးျပဳထားၿပီး RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32GB eMMC ရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Intel HD Graphics 500 ေထာက္ပံ့ပါဝင္ၿပီး Touchpad ရဲ႕အရြယ္အစားက ၄.၁ x၂.၃ လက္မ အရြယ္အစားရွိပါတယ္။ WiFi802.11ac၊ Bluetooth 4.2၊ microSD ေပါက္၊ USB 3.0 ေပါက္၊ Thunderbolt 3 ေပါက္၊ Kensington Lock ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။ WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၂ဝ မိနစ္၀န္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္
ကေတာ့ ၁.ဝ၇ ကီလိုဂရမ္ (၂.၃၇ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၂၆၉.၉၉

အားသာချက်

Classic ဒီဇိုင်းကဆွဲဆောင်မှုရှိသလို Multitasking စွမ်းရည်ပိုင်းကလည်း သဘောကျစရာပါ။ ဘက်ထရီနဲ့အချိန်ကြာကြာ အသုံးပြုနိုင်တာက ဒီ Laptop ရဲ့အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ကီးဘုတ်က အနည်းငယ် အသုံးပြုရတာသေးငယ်တယ်လို့ ခံစားရပါတယ်။ အသံထွက်ပိုင်း အနည်းငယ်အားနည်းသလို Android app တွေ အသုံးပြုနိုင်မှုကလည်း အကန့်အသတ်တွေ ရှိနေသေးတယ်လို့ခံစားရပါတယ်။

သုံးသပ်ချက်

Acer Chromebook 11 က ချစ်စဖွယ်ဒီဇိုင်းရှိသလို ပြည့်ဝကောင်းမွန်လှတဲ့ ဘက်ထရီသက်တမ်းနဲ့ ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်ရှိတဲ့ Laptop တစ်လုံးဖြစ်ပါတယ်။ Multitasking လုပ်ဆောင်ချက်တွေကို ကောင်းစွာအသုံးပြုနိုင်သလို Display ပိုင်းလည်းကောင်းမွန် လှပါတယ်။

အသံထွက်ပိုင်းနဲ့ Android app တွေ ကောင်းစွာလုပ်ဆောင်နိုင်ဖို့အတွက် jပုလုပ်ပေးထားမယ်ဆိုရင်တော့ ပရီမီယံဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး ကန်ဒေါ်လာ ၂၆၉ သာရှိတဲ့ စျေးနှုန်းသက်သာတဲ့ ဒီ Laptop က မမှားယွင်းနိုင်တဲ့ ရွေးချယ်စရာတစ်ခုလို့ ဆိုရမှာပါ။

အသေးစိတ်ဖော်ပြချက်

၁၁.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1366 x 768 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ Matte Diaplay အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 1.1 GHz ရှိတဲ့ Intel Celeron N3350 ကိုအသုံးပြုထားပြီး RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32GB eMMC ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel HD Graphics 500 ထောက်ပံ့ပါဝင်ပြီး Touchpad ရဲ့အရွယ်အစားက ၄.၁ x၂.၃ လက်မ အရွယ်အစားရှိပါတယ်။ WiFi802.11ac၊ Bluetooth 4.2၊ microSD ပေါက်၊ USB 3.0 ပေါက်၊ Thunderbolt 3 ပေါက်၊ Kensington Lock ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။ WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၂ဝ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.ဝ၇ ကီလိုဂရမ် (၂.၃၇ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com