Acer Chrombook 13 (2018)

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၇၉၉.၉၉

အားသာခ်က္

အလူမီနီယံကိုယ္ထည္၊ ႐ုပ္ထြက္အေရာင္ပိုင္း စိုျပည္ေကာင္းမြန္တဲ့ high-res screen၊ ျမင့္ မားတဲ့စြမ္းေဆာင္ရည္နဲ႔ Laptop ကိုယ္ထည္ ပူေႏြးမႈမရွိဘဲ လုပ္ငန္းေဆာင္တာေတြကို လုပ္ကိုင္ ႏုိင္တာက ဒီ Laptop ရဲ႕ အားသာခ်က္ျဖစ္ပါတယ္။

အားနည္းခ်က္

ဘက္ထရီပိုင္းမွာ Chrome book တစ္လုံးရဲ႕ ပုံမွန္ရွိသင့္တဲ့ ဘက္ထရီၾကာခ်ိန္ထက္ အနည္းငယ္ေလ်ာ့နည္းတယ္လို႔ ခံစားရပါတယ္။ 720p အမ်ဳိးအစား Webcam က သိပ္အေကာင္းႀကီး မဟုတ္ဘူးလို႔ဆိုရမွာပါ။ ေနာက္တစ္ခုက ေစ်းနည္းနည္းႀကီးတာပါ။

သုံးသပ္ခ်က္

Acer Chromebook 13 က ပရီမီယံ Chrome OS laptop တစ္လုံးလို႔ ေျပာလို႔ရပါတယ္။ အသုံးျပဳရတာ ျမန္ဆန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ ပါးလႊာၿပီး အလူမီနီယံကိုယ္ထည္က စတုိင္ က်လွပတဲ့ Laptop ကို ကိုင္ခ်င္သူေတြအတြက္ အထူးဆြဲေဆာင္ႏုိင္သလို အဲဒီအခ်က္ေတြကပဲ ဒီ Laptop ကို ေစ်းႀကီးေစတာလို႔ ေျပာရမယ္။ ေတာက္ပၿပီး အေရာင္ အရည္အေသြးပိုင္း စိုျပည္တဲ့ Display ေကာင္းတာေတြက သေဘာက်စရာေကာင္းေပမယ့္ Display က Touchscreen မဟုတ္ ပါဘူး။ မိမိအေနနဲ႔ Touchscreen မျဖစ္လည္းရတယ္ ပရီမီယံအမ်ဳိး အစား Chromebook မ်ဳိးကို ၀ယ္ ယူမယ္ဆိုရင္ေတာ့ ဆြဲေဆာင္မႈ အျပည့္ရွိတဲ့ Acer Chromebook 13 က ေရြးခ်ယ္စရာတစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၅ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 2256×1504 pixel အထိ ေထာက္ပံ့ေပးႏုိင္္ပါတယ္။ Intel Core i5-8250U Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေန နဲ႔ Intel UHD Graphics 620 GPU ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 64 GB eMMC ကို အသုံးျပဳထားပါတယ္။ Webcam ကေတာ့ 720p အမ်ဳိးအစားျဖစ္ၿပီး Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈ ေကာင္းမြန္ပါတယ္။ Wi-Fi 802.11ac ၊ Bluetotoh 4.2 စနစ္ေတြေထာက္ပံ့ပါ၀င္သလို USB 3.1 Type C ေပါက္၊ USB 3.0 ေပါက္နဲ႔ SD ကတ္ေပါက္ေတြလည္း ပါ၀င္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီ ၁၅ မိနစ္ဝန္း က်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၆ ကီလိုဂရမ္ (၃.၆ ေပါင္) ရွိမွာျဖစ္ ပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ရ၉၉.၉၉

အားသာချက်

အလူမီနီယံကိုယ်ထည်၊ ရုပ်ထွက်အရောင်ပိုင်း စိုပြည်ကောင်းမွန်တဲ့ high-res screen၊ မြင့် မားတဲ့စွမ်းဆောင်ရည်နဲ့ Laptop ကိုယ်ထည် ပူနွေးမှုမရှိဘဲ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင် နိုင်တာက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီပိုင်းမှာ Chrome book တစ်လုံးရဲ့ ပုံမှန်ရှိသင့်တဲ့ ဘက်ထရီကြာချိန်ထက် အနည်းငယ်လျော့နည်းတယ်လို့ ခံစားရပါတယ်။ 720p အမျိုးအစား Webcam က သိပ်အကောင်းကြီး မဟုတ်ဘူးလို့ဆိုရမှာပါ။ နောက်တစ်ခုက စျေးနည်းနည်းကြီးတာပါ။

သုံးသပ်ချက်

Acer Chromebook 13 က ပရီမီယံ Chrome OS laptop တစ်လုံးလို့ ပြောလို့ရပါတယ်။ အ သုံးပြုရတာ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ပါးလွှာပြီး အလူမီနီယံကိုယ်ထည်က စတိုင် ကျလှပတဲ့ Laptop ကို ကိုင်ချင်သူတွေအတွက် အထူးဆွဲဆောင်နိုင်သလို အဲဒီအချက်တွေကပဲ ဒီ Laptop ကို စျေးကြီးစေတာလို့ ပြောရမယ်။ တောက်ပပြီး အရောင် အရည်အသွေးပိုင်း စိုပြည်တဲ့ Display ကောင်းတာတွေက သဘောကျစရာကောင်းပေမယ့် Display က Touchscreen မဟုတ် ပါဘူး။ မိမိအနေနဲ့ Touchscreen မဖြစ်လည်းရတယ် ပရီမီယံအမျိုး အစား Chromebook မျိုးကို ၀ယ် ယူမယ်ဆိုရင်တော့ ဆွဲဆောင်မှု အပြည့်ရှိတဲ့ Acer Chromebook 13 က ရွေးချယ်စရာတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၅ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2256×1504 pixel အထိ ထောက်ပံ့ပေးနိုင််ပါတယ်။ Intel Core i5-8250U Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေ နဲ့ Intel UHD Graphics 620 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 64 GB eMMC ကို အသုံးပြုထားပါတယ်။ Webcam ကတော့ 720p အမျိုးအစားဖြစ်ပြီး Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်ပါတယ်။ Wi-Fi 802.11ac ၊ Bluetotoh 4.2 စနစ်တွေထောက်ပံ့ပါ၀င်သလို USB 3.1 Type C ပေါက်၊ USB 3.0 ပေါက်နဲ့ SD ကတ်ပေါက်တွေလည်း ပါ၀င်ပါတယ်။

WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီ ၁၅ မိနစ်ဝန်း ကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၆ ကီလိုဂရမ် (၃.၆ ပေါင်) ရှိမှာဖြစ် ပါတယ်။

Ref: www.laptopmag.com