ကျောဘက်ကင်မရာ ၄ လုံးပါဝင်တဲ့ ပထမဆုံး Galaxy A စီးရီး စမတ်ဖုန်းကို Samsung မိတ်ဆက်
[Zawgyi]
#RAM #ROM #အရောင်
#ကင်မရာ
#Display
#နည်းပညာ
#ဈေးနှုန်း
[Unicode]
Samsung ကနေ ကျောဘက်ကင်မရာ ၄ လုံးပါ၀င်တဲ့ Galaxy A9 နဲ့ ကျောဘက်ကင်မရာ ၃ လုံးပါ၀င်တဲ့ Galaxy A7 မော်ဒယ်သစ် စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်က မလေးရှားနိုင်ငံ W Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Galaxy A9 ကိုတော့ ယခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထပ်မံမိတ်ဆက်ပေးသွားမယ်လို့သိရပါတယ်။
#RAM #ROM #အရောင်
Galaxy A9 ကို 6GB/128GB နဲ့ 8GB/128GB အနေနဲ့ရရှိနိုင်ပြီး အရောင်အနေနဲ့ ပန်းရောင်၊ အနက်၊ လီမွန်နိတ်အပြာ စတဲ့ အရောင် ၃ မျိုးရှိမှာဖြစ်ပါတယ်။
Galaxy A7 ကို RAM 4GB/64GB ၊ 4GB/128GB ၊ 6GB/128GB အနေနဲ့ ရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ အနက်၊ အပြာ၊ ပန်းရောင်၊ ရွှေ စတဲ့ အရောင် ၄ မျိုးရှိမှာဖြစ်ပါတယ်။
ဖုန်းမော်ဒယ် ၂ မျိုးလုံးမှာ microSD ကတ်ပေါက် ထောက်ပံ့ပါ၀င်ပြီး microSD မှ 512GB ထိ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
#ကင်မရာ
ကင်မရာပိုင်းမှာတော့ Galaxy A9 မှာ Apeature f/1.7 ရှိတဲ့ 24 megapixel ကင်မရာ၊ Apeature f/2.2 ရှိတဲ့ 5 megapixel Depth ကင်မရာ၊ Apeature f/2.4 ရှိတဲ့ 10 megapixel Telephoto ကင်မရာ၊ Apeature f/2.4 ရှိတဲ့ 8 megapixel Ultra wide angle ကင်မရာတွေ ပါ၀င်ပြီး ရှေ့ဘက် ကင်မရာကတော့ Apeature f/2.0 ရှိတဲ့ 24 megapixel ကင်မရာဖြစ်ပါတယ်။
Galaxy A7 မှာတော့ Apeature f/1.7 ရှိတဲ့ 24 megapixel ကင်မရာ၊ Apeature f/2.4 ရှိတဲ့ 8 megapixel Ultra qide angle ကင်မရာနဲ့ Apeature f/2.2 ရှိတဲ့ 5 megapixel Depth ကင်မရာ တွေကို တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာ ကတော့ Apeature f/2.0 ရှိတဲ့ 24 megapixel ကင်မရာဖြစ်ပါတယ်။
ကင်မရာစနစ်မှာ AI sensing လုပ်ဆောင်ချက်၊ Live focus လုပ်ဆောင်ချက်နဲ့၊ AR emoji လုပ်ဆောင်ချက်တွေ ပါ၀င်ပြီး ရှေ့နောက်ကင်မရာစနစ်တွေအတွက် flash မီးစနစ်လည်း ထောက်ပံ့ပါ၀င်ပါတယ်။ ဒီဖုန်းတွေရဲ့ Ultra wide angle ကင်မရာစနစ်က မြင်ကွင်းအကျယ်ကို ၁၂၀ ဒီဂရီ wide အထိ ထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။
#Display
ရုပ်ထွက်အရည်အသွေး 1080×2220 ရှိတဲ့ Full HD+ Super AMOLED Infinity Display ကို အသုံးပြုထားပါတယ်။ Galaxy A9 မှာ ၆.၃ လက်မအရွယ်အစားဖြစ်ပြီး Galaxy A7 ကတော့ ၆.၀ လက်မအရွယ်အစားဖြစ်ပါတယ်။
#နည်းပညာ
အခြားလုပ်ဆောင်ချက်တွေအနေနဲ့ လက်ဗွေလုံခြုံရေးစနစ်၊ မျက်နှာဖြင့် ဖုန်း Screen ကို unlock လုပ်တဲ့ face recogniation နည်းပညာ၊ Bixby AI assistance နည်းပညာ ၊ Dolby Atmos အသံနည်းပညာတွေ ထောက်ပံ့ပါ၀င်ပါတယ်။
#စျေးနှုန်း
စျေးနှုန်းနဲ့ စတင်ရောင်းချမယ့် ရက်ကိုတော့ Samsung မှ ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ပါဘူး။ ပြည်တွင်းမှာတော့ Galaxy A9 ကိုတော့ ယခုနှစ် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး Galaxy A7 (4GB/64GB) အမျိုးအစားကို အနက်၊ အပြာ၊ ရွှေရောင်အနေနဲ့ သတင်းကျွတ်ကာလအကုန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ပထမပတ်လောက်မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။