ေဈးႏႈနး္သက္သာတဲ့ ကင္မရာသုံးလုံးပါဝင္တဲ့ စမတ္ဖုနး္ေတြကုိ Samsung ထုတ္လုပ္ဖြယ္ရွိ

[Zawgyi]

ဒတ္ခ်္ဘေလာ့တစ္ခုျဖစ္တဲ့ GalaxyClub ဟာ ၂၀၁၈ ခုႏွစ္မွာ ထြက္ရွိမယ့္ Galaxy A7 ဓာတ္ပုံေတြကုိ ေဝမွ်ခဲ့ပါတယ္။ အဲဒီထုတ္ကုန္မွာ ေက်ာဘက္ကင္မရာ ၃ လုံးပါဝင္လာပါတယ္။

၂၀၁၈ ခုႏွစ္မွာ ကင္မရာသုံးလုံးပါဝင္တဲ့ စမတ္ဖုန္းေတြ မျမင္ေတြ႕ရေသးပါဘူး။ Huawei P20 Pro ရဲ႕ ေက်ာဘက္မွာ ကင္မရာသုံးလုံးပါဝင္လာတဲ့အတြက္ အရည္အေသြးျမင့္ ဓာတ္ပုံေတြ႐ိုက္ကူးႏိုင္ပါတယ္။ လက္ရွိမွာ Samsung ဟာ ကင္မရာသုံးလုံးပါဝင္တဲ့ ဖုန္းကုိ မထုတ္လုပ္ထားေသးပါဘူး။ ဒါေပမဲ့ လာမယ့္ႏွစ္မွာ ထြက္ရွိမယ့္ Galaxy 10 Plus မွာေတာ့ ကင္မရာသုံးလုံး ပါဝင္မယ္လို႔ ေကာလာဟလသတင္းေတြ ထြက္ေပၚေနပါတယ္။

အခုေပါက္ၾကားထြက္ေပၚလာတဲ့ ဓာတ္ပုံေတြအရ Samsung အလယ္အလတ္တန္းစားဖုန္း A7 မွာ အဆင့္ျမင့္ feature ျဖစ္တဲ့ ကင္မရာသုံးလုံး စတင္ပါဝင္လာႏိုင္ပါတယ္။

ကုမၸဏီအေနနဲ႔ Samsung ရဲ႕အလယ္အလတ္တန္းစားဖုန္းေတြမွာ ေနာက္ဆုံးေပၚ အဆင့္ျမင့္ feature နဲ႔ နည္းပညာသစ္ေတြ ထည့္သြင္းဖို႔ စီစဥ္ေနတယ္လုိ႔ Samsung Mobile ဥကၠ႒ ဒီေဂကုိခ်္က ေျပာခဲ့ပါတယ္။ Samsung အေနနဲ႔ ႏွစ္စဥ္ Galaxy A7 ဆိုတဲ့အမည္နဲ႔ အလယ္အလတ္တန္းစား စမတ္ဖုန္းေတြကုိ ျပန္လည္ ထုတ္လုပ္ေလ့ရွိပါတယ္။ ဒီႏွစ္မွာလည္း အလားတူ ျပဳလုပ္ဖြယ္ရွိပါတယ္။

Samsung ဟာ ေအာက္တုိဘာလ ၁၁ ရက္မွာ Galaxy ထုတ္ကုန္သစ္မိတ္ဆက္ပြဲကုိ ျပဳလုပ္ဖုိ႔ရွိပါတယ္။ ဒါေၾကာင့္ မၾကာခင္မွာ Galaxy ထုတ္ကုန္သစ္နဲ႔ပတ္သက္တဲ့ သတင္းေတြ ပိုမိုထြက္ေပၚလာႏိုင္ပါတယ္။

စိုးထက္
Ref: CNET

[Unicode]

ဒတ်ချ်ဘလော့တစ်ခုဖြစ်တဲ့ GalaxyClub ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိမယ့် Galaxy A7 ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။ အဲဒီထုတ်ကုန်မှာ ကျောဘက်ကင်မရာ ၃ လုံးပါဝင်လာပါတယ်။

၂၀၁၈ ခုနှစ်မှာ ကင်မရာသုံးလုံးပါဝင်တဲ့ စမတ်ဖုန်းတွေ မမြင်တွေ့ရသေးပါဘူး။ Huawei P20 Pro ရဲ့ ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်လာတဲ့အတွက် အရည်အသွေးမြင့် ဓာတ်ပုံတွေရိုက်ကူးနိုင်ပါတယ်။ လက်ရှိမှာ Samsung ဟာ ကင်မရာသုံးလုံးပါဝင်တဲ့ ဖုန်းကို မထုတ်လုပ်ထားသေးပါဘူး။ ဒါပေမဲ့ လာမယ့်နှစ်မှာ ထွက်ရှိမယ့် Galaxy 10 Plus မှာတော့ ကင်မရာသုံးလုံး ပါဝင်မယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Samsung အလယ်အလတ်တန်းစားဖုန်း A7 မှာ အဆင့်မြင့် feature ဖြစ်တဲ့ ကင်မရာသုံးလုံး စတင်ပါဝင်လာနိုင်ပါတယ်။

ကုမ္ပဏီအနေနဲ့ Samsung ရဲ့အလယ်အလတ်တန်းစားဖုန်းတွေမှာ နောက်ဆုံးပေါ် အဆင့်မြင့် feature နဲ့ နည်းပညာသစ်တွေ ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ Samsung Mobile ဥက္ကဋ္ဌ ဒီဂေကိုချ်က ပြောခဲ့ပါတယ်။ Samsung အနေနဲ့ နှစ်စဉ် Galaxy A7 ဆိုတဲ့အမည်နဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတွေကို ပြန်လည် ထုတ်လုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာလည်း အလားတူ ပြုလုပ်ဖွယ်ရှိပါတယ်။

Samsung ဟာ အောက်တိုဘာလ ၁၁ ရက်မှာ Galaxy ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို ပြုလုပ်ဖို့ရှိပါတယ်။ ဒါကြောင့် မကြာခင်မှာ Galaxy ထုတ်ကုန်သစ်နဲ့ပတ်သက်တဲ့ သတင်းတွေ ပိုမိုထွက်ပေါ်လာနိုင်ပါတယ်။

စိုးထက်
Ref: CNET