August 20, 2018

OnePlus နဲ႔ ယွဥ္ၿပိဳင္မယ့္ အမွတ္တံဆိပ္ခြဲသစ္တစ္ခု Xiaomi ဖန္တီး

[Zawgyi]

Xiaomi ဟာ အိႏၵိယ ဟန္းဆက္ေစ်းကြက္မွာ အခိုင္အမာ ရပ္တည္ႏိုင္ေနၿပီျဖစ္ေပမယ့္ အမွတ္တံဆိပ္ကိုေတာ့ ဘတ္ဂ်က္အေနနဲ႔ပဲ ျမင္ၾကပါတယ္။ တ႐ုတ္စမတ္ဖုန္းကုမၸဏီဟာ ၿပီးခဲ့တဲ့ႏွစ္က အိႏၵိယမွာ Mi Mix 2 ကို မိတ္ဆက္ခဲ့ေပမယ့္လည္း သံုးစြဲသူေတြက Xiaomi ဖုန္းတစ္လံုးအတြက္ ႐ူပီး ၃၀,၀၀၀ (၄၃၅ ေဒၚလာ) ေပးေခ်လိုစိတ္မရိွတာေၾကာင့္ အေရာင္းေအးခဲ့ပါတယ္။

အခုအခါမွာေတာ့ Xiaomi ဟာ Jai Mai ဦးေဆာင္မယ့္ Poco လို႔ေခၚတဲ့ အမွတ္တံဆိပ္ခြဲသစ္တစ္ခုနဲ႔ ထိုးေဖာက္ႏိုင္မယ့္ နည္းလမ္းသစ္ကို ရွာေဖြေနပါတယ္။ Mani ဟာ ၂၀၁၄ ခုႏွစ္က Google ကေန Xiaomi ကို Lead Product Manager အျဖစ္နဲ႔ ေရာက္ရိွလာသူျဖစ္ပါတယ္။ အဲ့ဒီေနာက္ သူဟာ အိႏၵိယမွာ ကုမၸဏီရဲ႕ ထုတ္ကုန္မိတ္ဆက္မႈေတြမွာ အေရးပါသူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဒီပေရာဂ်က္ဟာ “တကယ့္ကို အေရးပါတဲ့” နည္းပညာေတြပါဝင္တဲ့ ဖုန္းတစ္လံုးဖန္တီးဖို႔ ေမြးဖြားလာတာျဖစ္တယ္လို႔ Mani က Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။

အသစ္ထြက္မယ့္ Pocophone နဲ႔ပတ္သက္တဲ့ အေသးစိတ္ကိုေတာ့ Mani က မေျပာၾကားခဲ့ပါဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္ပတ္ေက်ာ္က ထြက္ေပၚလာခဲ့တဲ့ ေပါက္ၾကားမႈေတြအရ ပထမဆံုးထြက္ရိွမယ့္ Poco ဖုန္းကို Pocophone F1 လို႔ေခၚဆိုမွာျဖစ္ၿပီး Snapdragon 845 အသံုးျပဳထားတယ္လို႔ သိရပါတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာက ဒီဖုန္းမွာ liquid cooling နဲ႔ 4000mAh ဘက္ထရီ ပါဝင္လာမယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။ ဒါ့အျပင္ IR blaster လည္းပါဝင္လာမယ္လို႔ ဆိုပါတယ္။ အေရွ႕ဘက္ကင္မရာက 20MP ျဖစ္ၿပီး face unlock လုပ္ႏိုင္သလို 3.5mm နားၾကပ္ေပါက္နဲ႔ USB-C တို႔လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။ ဒီေန႔ေခတ္ ေစ်းကြက္ထဲက Android ဖုန္းအမ်ားစုလိုပဲ F1 မွာ notch တစ္ခု ပါဝင္လာမွာ ျဖစ္ပါတယ္။

Pocophone F1 ကို ေမာ္ဒယ္ႏွစ္မ်ိဳးနဲ႔ ေရာင္းခ်သြားဖို႔ရိွပါတယ္။ 6GB/64GB အတြက္က ေဒၚလာ ၄၈၀ ျဖစ္ၿပီး 6GB/128GB အတြက္က ေဒၚလာ ၅၄၀ လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ Poco ဟာ ဒီဖုန္းေတြကို အိႏၵိယအျပင္ ကမ႓ာတစ္ဝန္းက ေစ်းကြက္ေတြမွာလည္း ေရာင္းခ်သြားမယ္လို႔ ဆိုပါတယ္။ ေရာင္းခ်မႈကိုေတာ့ စက္တင္ဘာလ ဒါမွမဟုတ္ ေအာက္တိုဘာလ အေစာပိုင္းမွာ စတင္သြားမယ္လို႔ သိရပါတယ္။

Ref: AndroidCentral

=========

[Unicode]

OnePlus နဲ့ ယှဉ်ပြိုင်မယ့် အမှတ်တံဆိပ်ခွဲသစ်တစ်ခု Xiaomi ဖန်တီး
========

Xiaomi ဟာ အိန္ဒိယ ဟန်းဆက်စျေးကွက်မှာ အခိုင်အမာ ရပ်တည်နိုင်နေပြီဖြစ်ပေမယ့် အမှတ်တံဆိပ်ကိုတော့ ဘတ်ဂျက်အနေနဲ့ပဲ မြင်ကြပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က အိန္ဒိယမှာ Mi Mix 2 ကို မိတ်ဆက်ခဲ့ပေမယ့်လည်း သုံးစွဲသူတွေက Xiaomi ဖုန်းတစ်လုံးအတွက် ရူပီး ၃၀,၀၀၀ (၄၃၅ ဒေါ်လာ) ပေးချေလိုစိတ်မရှိတာကြောင့် အရောင်းအေးခဲ့ပါတယ်။

အခုအခါမှာတော့ Xiaomi ဟာ Jai Mai ဦးဆောင်မယ့် Poco လို့ခေါ်တဲ့ အမှတ်တံဆိပ်ခွဲသစ်တစ်ခုနဲ့ ထိုးဖောက်နိုင်မယ့် နည်းလမ်းသစ်ကို ရှာဖွေနေပါတယ်။ Mani ဟာ ၂၀၁၄ ခုနှစ်က Google ကနေ Xiaomi ကို Lead Product Manager အဖြစ်နဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ အဲ့ဒီနောက် သူဟာ အိန္ဒိယမှာ ကုမ္ပဏီရဲ့ ထုတ်ကုန်မိတ်ဆက်မှုတွေမှာ အရေးပါသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီပရောဂျက်ဟာ “တကယ့်ကို အရေးပါတဲ့” နည်းပညာတွေပါဝင်တဲ့ ဖုန်းတစ်လုံးဖန်တီးဖို့ မွေးဖွားလာတာဖြစ်တယ်လို့ Mani က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

အသစ်ထွက်မယ့် Pocophone နဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ Mani က မပြောကြားခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပတ်ကျော်က ထွက်ပေါ်လာခဲ့တဲ့ ပေါက်ကြားမှုတွေအရ ပထမဆုံးထွက်ရှိမယ့် Poco ဖုန်းကို Pocophone F1 လို့ခေါ်ဆိုမှာဖြစ်ပြီး Snapdragon 845 အသုံးပြုထားတယ်လို့ သိရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီဖုန်းမှာ liquid cooling နဲ့ 4000mAh ဘက်ထရီ ပါဝင်လာမယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒါ့အပြင် IR blaster လည်းပါဝင်လာမယ်လို့ ဆိုပါတယ်။ အရှေ့ဘက်ကင်မရာက 20MP ဖြစ်ပြီး face unlock လုပ်နိုင်သလို 3.5mm နားကြပ်ပေါက်နဲ့ USB-C တို့လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီနေ့ခေတ် စျေးကွက်ထဲက Android ဖုန်းအများစုလိုပဲ F1 မှာ notch တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။

Pocophone F1 ကို မော်ဒယ်နှစ်မျိုးနဲ့ ရောင်းချသွားဖို့ရှိပါတယ်။ 6GB/64GB အတွက်က ဒေါ်လာ ၄၈၀ ဖြစ်ပြီး 6GB/128GB အတွက်က ဒေါ်လာ ၅၄၀ လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ Poco ဟာ ဒီဖုန်းတွေကို အိန္ဒိယအပြင် ကမ႓ာတစ်ဝန်းက စျေးကွက်တွေမှာလည်း ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ရောင်းချမှုကိုတော့ စက်တင်ဘာလ ဒါမှမဟုတ် အောက်တိုဘာလ အစောပိုင်းမှာ စတင်သွားမယ်လို့ သိရပါတယ်။

Ref: AndroidCentral