6G ကြန္ရက္ကုိ စမ္းသပ္ဖို႔ တ႐ုတ္ျပင္ဆင္ေန

[ Zawgyi ]

ကမ႓ာတစ္ဝန္းက ကြန္ရက္ေအာ္ပေရတာေတြဟာ 5G ကြန္ရက္ကို တပ္ဆင္ဖို႔အတြက္ ေနရာခ်ထားဖို႔ ႀကိဳးပမ္းေနၾကပါတယ္။ ဒါေပမဲ့ တ႐ုတ္သုေတသီေတြ မ်ိဳးဆက္သစ္ႀကိဳးမဲ့ဝန္ေဆာင္မႈအတြက္ ပစ္မွတ္ထားေနပါတယ္လို႔ တ႐ုတ္အစိုးရ မီဒီယာ Securities Times ကေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္အေနနဲ႔ ၂၀၂၀ ခုႏွစ္အတြင္း ေျခာက္ခုေျမာက္ ႀကိဳးမဲ့စနစ္ေတြ သုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ စနစ္တက် စတင္ျပဳလုပ္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ သတင္းအခ်က္အလက္နည္းပညာနဲ႔ လုပ္ငန္းပုိင္း ဝန္ႀကီးဌာနေအာက္မွာ လုပ္ကိုင္ေနတဲ့ 5G အဖြဲ႕ေခါင္းေဆာင္ Su Xin ကေျပာၾကားခဲ့ပါတယ္။ 6G ကြန္ရက္ကုိ ပင္လယ္ေရမ်က္ႏွာျပင္အထက္မွာ တိုးခ်ဲ႕တည္ဆာက္သြားမွာ ျဖစ္သလို အဲဒီကြန္ရက္အသစ္ဟာ 5G ထက္ ၁၀ ဆ ျမန္ဆန္တယ္လို႔ Su Xin ကေျပာသြားပါတယ္။

တ႐ုတ္ဟာ 5G စနစ္ၿပိဳင္ပြဲ အပါအဝင္ ျမန္ႏႈန္းျမင့္ကြန္ရက္ေတြ တည္ေဆာက္မႈမွာ အေမရိကန္နဲ႔ အျခားႏိုင္ငံေတြထက္ သာလြန္ဖုိ႔ ႀကိဳးပမ္းေနတာကုိ ေတြ႕ရပါတယ္။

စိုးထက္
Ref: Bloomberg

[ Unicode ]

ကမ႓ာတစ်ဝန်းက ကွန်ရက်အော်ပရေတာတွေဟာ 5G ကွန်ရက်ကို တပ်ဆင်ဖို့အတွက် နေရာချထားဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ တရုတ်သုတေသီတွေ မျိုးဆက်သစ်ကြိုးမဲ့ဝန်ဆောင်မှုအတွက် ပစ်မှတ်ထားနေပါတယ်လို့ တရုတ်အစိုးရ မီဒီယာ Securities Times ကဖော်ပြခဲ့ပါတယ်။

တရုတ်အနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း ခြောက်ခုမြောက် ကြိုးမဲ့စနစ်တွေ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ စတင်ပြုလုပ်ဖို့ မျှော်မှန်းထားတယ်လို့ သတင်းအချက်အလက်နည်းပညာနဲ့ လုပ်ငန်းပိုင်း ဝန်ကြီးဌာနအောက်မှာ လုပ်ကိုင်နေတဲ့ 5G အဖွဲ့ခေါင်းဆောင် Su Xin ကပြောကြားခဲ့ပါတယ်။ 6G ကွန်ရက်ကို ပင်လယ်ရေမျက်နှာပြင်အထက်မှာ တိုးချဲ့တည်ဆာက်သွားမှာ ဖြစ်သလို အဲဒီကွန်ရက်အသစ်ဟာ 5G ထက် ၁၀ ဆ မြန်ဆန်တယ်လို့ Su Xin ကပြောသွားပါတယ်။

တရုတ်ဟာ 5G စနစ်ပြိုင်ပွဲ အပါအဝင် မြန်နှုန်းမြင့်ကွန်ရက်တွေ တည်ဆောက်မှုမှာ အမေရိကန်နဲ့ အခြားနိုင်ငံတွေထက် သာလွန်ဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။

Ref: Bloomberg