5G ကြန္ရက္နည္းပညာ

[ Zawgyi ]

5G ဆိုတာကေတာ့ တယ္လီဖုန္းဆက္သြယ္ေရးနည္းပညာရဲ႕ မ်ဳိးဆက္သစ္ကြန္ရက္နည္းပညာသစ္တစ္ခု ျဖစ္ပါတယ္။ သူ႔အရင္ 2G (GSM), 3G (UMTS) နဲ႔ 4G (LTE/WiMax) ဆုိုတာရွိၿပီး 5G ကေတာ့ ခုေနာက္ဆုံးထြက္ထားတဲ့ မ်ဳိးဆက္ျဖစ္ပါတယ္။ ဒီနည္းပညာက ျမင့္မားတဲ့ အခ်က္အလက္ data သယ္ယူပို႔ေဆာင္ႏုိင္မႈ၊ ပိုမိုျမန္ဆန္တဲ့ အျမန္ႏႈန္း၊ ပါ၀ါသုံးစြဲမႈႏႈန္း နည္းပါးမႈ၊ ကုန္က်စရိတ္ေလွ်ာ့ခ်ႏုိင္မႈ၊ ျမင့္မားေကာင္းမြန္တဲ့ ဖြဲ႔စည္းမႈစနစ္နဲ႔ ထုတ္ကုန္မ်ားစြာနဲ႔ခ်ိတ္ဆက္ အသုံးျပဳႏုိင္မႈေတြကို လုပ္ေဆာင္ႏုိင္ပါတယ္။

5G နည္းပညာက ေကာင္းမြန္တဲ့ ဆက္သြယ္မႈေတြကို စမတ္ဖုန္းအျပင္ တျခားေသာ နည္းပညာထုတ္ကုန္ေတြမွာ အသုံးျပဳလာႏုိင္မယ့္ အနာဂတ္နည္းပညာသစ္တစ္ခုဆိုရင္လည္း မမွားပါဘူး။ ေနာက္ဆုံး သုေတသနျပဳလုပ္ခ်က္ေတြအရ 5G ကြန္ရက္နည္းပညာက Download အျမန္ႏႈန္းကို 1GBps ၀န္းက်င္ေလာက္နဲ႔ အသုံးျပဳႏုိင္မယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ လက္ရွိအသုံးျပဳေနတဲ့ ကြန္ရက္စနစ္ထက္ ပိုမိုျမန္ဆန္တဲ့အျမန္ႏႈန္းနဲ႔ ထုတ္ကုန္တစ္ခုထက္ပိုၿပီး ပိုမိုက်ယ္ျပန္မႈရွိတဲ့ ဆက္သြယ္မႈတစ္ခုျဖစ္တဲ့ အေနနဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။

5G နည္းပညာကို ပထမအဆင့္အေနနဲ႔ အေစာဆုံး ၂ဝ၁၉ ခုႏွစ္ ဧၿပီေလာက္မွာ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ လုပ္ကိုင္လာႏုိင္ေလာက္ပါတယ္။ ITU (International Telecommunication Union) ရဲ႕ အဆိုအရဆိုရင္ေတာ့ ဒီနည္းပညာကို ဒုတိယအဆင့္အေနနဲ႔ ၂ဝ၂ဝ ျပည့္ႏွစ္ ဧၿပီေလာက္ဆိုရင္ ပိုမိုျမန္ဆန္ေကာင္းမြန္တဲ့ အျမန္ႏႈန္းနဲ႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ITU က IMT-2020 နည္းပညာဖြံ႔ၿဖိဳးတိုးတက္ေရးရဲ႕ လုပ္ေဆာင္သူေတြထဲက တစ္ဦး ျဖစ္ပါတယ္။

ITU ရဲ႕ IMT-2020 အခ်က္အလက္ေတြအက ႀကီးမားက်ယ္ျပန္႔တဲ့ bandwidth နဲ႔ MIMO ဆက္သြယ္မႈနည္းပညာေတြမွာ အျမန္ႏႈန္းကို အျမင့္ဆုံး 20 Gbps အထိ ရရွိႏုိင္မယ္လို႔ ဆိုပါတယ္။

5G ကြန္ရက္နည္းပညာကိုေတာ့ တစ္ကမၻာလုံး လႊမ္းၿခဳံအသုံးျပဳႏုိင္မယ့္ အခ်ိန္ကေတာ့ ၂ဝ၂ဝ ျပည့္ႏွစ္ ေလာက္ျဖစ္မယ္လို႔ ဆုိထားပါတယ္။ ဒီနည္းပညာကို လက္ရွိအသုံးျပဳလ်က္ရွိတဲ့ 3G နဲ႔ 4G နည္းပညာေတြရဲ႕ ေထာက္ပံ့ႏုိင္တဲ့ အျမန္ႏႈန္းထက္ပိုမိုျမန္ဆန္တဲ့ အျမန္ႏႈန္း၊ ပိုမိုေကာင္းမြန္တဲ့ ခ်ိတ္ဆက္မႈေတြနဲ႔ မိမိဘယ္ေနရာမွာပဲ ေရာက္ေနေစကာမူ အင္တာနက္အသုံးျပဳႏုိင္ေအာင္လို႔ ပူးတြဲလုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

5G ဆိုတာကတော့ တယ်လီဖုန်းဆက်သွယ်ရေးနည်းပညာရဲ့ မျိုးဆက်သစ်ကွန်ရက်နည်းပညာသစ်တစ်ခု ဖြစ်ပါတယ်။ သူ့အရင် 2G (GSM), 3G (UMTS) နဲ့ 4G (LTE/WiMax) ဆိုုတာရှိပြီး 5G ကတော့ ခုနောက်ဆုံးထွက်ထားတဲ့ မျိုးဆက်ဖြစ်ပါတယ်။ ဒီနည်းပညာက မြင့်မားတဲ့ အချက်အလက် data သယ်ယူပို့ဆောင်နိုင်မှု၊ ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်း၊ ပါ၀ါသုံးစွဲမှုနှုန်း နည်းပါးမှု၊ ကုန်ကျစရိတ်လျှော့ချနိုင်မှု၊ မြင့်မားကောင်းမွန်တဲ့ ဖွဲ့စည်းမှုစနစ်နဲ့ ထုတ်ကုန်များစွာနဲ့ချိတ်ဆက် အသုံးပြုနိုင်မှုတွေကို လုပ်ဆောင်နိုင်ပါတယ်။

5G နည်းပညာက ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေကို စမတ်ဖုန်းအပြင် တခြားသော နည်းပညာထုတ်ကုန်တွေမှာ အသုံးပြုလာနိုင်မယ့် အနာဂတ်နည်းပညာသစ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ နောက်ဆုံး သုတေသနပြုလုပ်ချက်တွေအရ 5G ကွန်ရက်နည်းပညာက Download အမြန်နှုန်းကို 1GBps ၀န်းကျင်လောက်နဲ့ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ ကွန်ရက်စနစ်ထက် ပိုမိုမြန်ဆန်တဲ့အမြန်နှုန်းနဲ့ ထုတ်ကုန်တစ်ခုထက်ပိုပြီး ပိုမိုကျယ်ပြန်မှုရှိတဲ့ ဆက်သွယ်မှုတစ်ခုဖြစ်တဲ့ အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

5G နည်းပညာကို ပထမအဆင့်အနေနဲ့ အစောဆုံး ၂ဝ၁၉ ခုနှစ် ဧပြီလောက်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ကိုင်လာနိုင်လောက်ပါတယ်။ ITU (International Telecommunication Union) ရဲ့ အဆိုအရဆိုရင်တော့ ဒီနည်းပညာကို ဒုတိယအဆင့်အနေနဲ့ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလောက်ဆိုရင် ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ အမြန်နှုန်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ITU က IMT-2020 နည်းပညာဖွံ့ဖြိုးတိုးတက်ရေးရဲ့ လုပ်ဆောင်သူတွေထဲက တစ်ဦး ဖြစ်ပါတယ်။

ITU ရဲ့ IMT-2020 အချက်အလက်တွေအက ကြီးမားကျယ်ပြန့်တဲ့ bandwidth နဲ့ MIMO ဆက်သွယ်မှုနည်းပညာတွေမှာ အမြန်နှုန်းကို အမြင့်ဆုံး 20 Gbps အထိ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

5G ကွန်ရက်နည်းပညာကိုတော့ တစ်ကမ္ဘာလုံး လွှမ်းခြုံအသုံးပြုနိုင်မယ့် အချိန်ကတော့ ၂ဝ၂ဝ ပြည့်နှစ် လောက်ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဒီနည်းပညာကို လက်ရှိအသုံးပြုလျက်ရှိတဲ့ 3G နဲ့ 4G နည်းပညာတွေရဲ့ ထောက်ပံ့နိုင်တဲ့ အမြန်နှုန်းထက်ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်း၊ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့ မိမိဘယ်နေရာမှာပဲ ရောက်နေစေကာမူ အင်တာနက်အသုံးပြုနိုင်အောင်လို့ ပူးတွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။