5,000mAh ဘက်ထရီပါဝင်တဲ့ M7 Power ကို Gionee မိတ်ဆက်

M7 ကို တရားဝင်မိတ်ဆက်ပြီး နှစ်ရက်အကြာမှာ Gionee က M7 Power စမတ်ဖုန်းသစ်ကို Thailand Mobile Expo 2017 မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီစမတ်ဖုန်းသစ်မှာ 5,000mAh ဘက်ထရီပါဝင်ပေမယ့် Gionee M7 ထက် စွမ်းဆောင်ရည်လျော့နည်းပါတယ်။

Gionee M7 Power မှာ Snapdrgon 435 SoC နဲ့ octa-core 1.4GHz processor ပါဝင်ပါတယ်။ RAM က 4GB ဖြစ်ပြီး storage က 64GB ဖြစ်ပါတယ်။ MicroSD slot တစ်ခုပါဝင်တာကြောင့် storage ကို 256GB အထိ တိုးမြှင့်နိုင်ပါတယ်။ Dual SIM အထောက်အပံ့ပါဝင်ပြီး slot တစ်ခုက hybrid ဖြစ်ပါတယ်။

Display က ၆ လက်မဖြစ်ပြီး HD+ resolution 18:9 ratio နဲ့ အသုံးပြုနိုင်ပါတယ်။ အရှေ့ဘက်မှာ ဘာခလုတ်မှမပါဝင်သလို ထိပ်ဘက်နဲ့ အောက်ခြေဘက်က bezel တွေကလည်း အလွန်သေးငယ်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး ကျောဘက်ကင်မရာက 13MP ဖြစ်ပါတယ်။

တန်ဖိုးက ဘတ် ၉,၉၉၀ (၂၉၉ ဒေါ်လာ) ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena