48-megapixel ကင္မရာပါဝင္တဲ့ Redmi Note 7 ကို ေဒၚလာ ၁၅၀ နဲ႔ Xiaomi ေရာင္းခ်မည္

[ Zawgyi ]

Xiaomi ဥကၠ႒လင္ဘင္ အေနနဲ႔ 48-megapixel ကင္မရာပါဝင္တဲ့ Redmi Note 7 ကုိ မိတ္ဆက္လိုက္ပါတယ္။ ေဈးႏႈန္းသက္သာတဲ့ Redmi အမွတ္တံဆိပ္ကေန Xiaomi ဟာ Redmi Note 7 ကုိ ထုတ္ေဖာ္မိတ္ဆက္လုိက္တာ ျဖစ္ပါတယ္။

ဒီဇိုင္းပုိင္းက ၿပီးခဲ့တဲ့ရက္သတၱပတ္ အနည္းငယ္က မိတ္ဆက္ထားတဲ့ တန္ဖိုးနည္း Mi Play နဲ႔အလြန္ဆင္ၿပီး display notch ပါလာပါတယ္။ ဒါ့အျပင္ Redmi Note 7 ေက်ာဘက္မွာ fingerprint sensor နဲ႔ dual ကင္မရာပါဝင္သလို 48-megapixel image sensor နဲ႔ f/1.8 sensor ကို အသုံးျပဳထားပါတယ္။

ေနာက္ကင္မရာတစ္လုံးကေတာ့ 5 megapixels ျဖစ္ၿပီး depth ကုိအသုံးျပဳထားပါတယ္။

Redmi Note 7 ကင္မရာကေတာ့ အလင္းေရာင္အားေကာင္းတဲ့ေနရာမွာ 0.8-micron pixels ၄၈ သန္းနဲ႔ ဓာတ္ပုံေတြ႐ိုက္ကူးႏိုင္ပါတယ္။ ဒါ့အျပင္ 1.6-micron pixels ေတြနဲ႔ ႐ိုက္ကူးထားတဲ့ 12-megapixel ဓာတ္ပုံနဲ႔ ညီမွ်တဲ့အရာနဲ႔ pixel ေတြကို ေပါင္းစပ္ေပးႏိုင္ပါတယ္။

Redmi Note 7 ရဲ႕မ်က္ႏွာျပင္ ၆.၃လက္မ 19.5:9 1080p screen နဲ႔ Snapdragon 660 ပ႐ိုက္ဆာ၊ 13-megapixel selfie ကင္မရာ၊ ဘက္ထရီ 4,000mAh အျပင္ USB-C charging နဲ႔ နားၾကပ္ေပါက္တုိ႔ ပါဝင္လာပါတယ္။

Redmi အေနနဲ႔ သီးျခားအမွတ္တံဆိပ္အျဖစ္ ရပ္တည္ကာ e-commerce နဲ႔ ေဈးႏႈန္းသက္သာမႈအေပၚ အာ႐ုံစိုက္သြားမယ္လို႔ Xiaomi အမႈေဆာင္အရာရွိခ်ုပ္ ေလဂၽြန္ကေျပာခဲ့ပါတယ္။

Redmi Note 7 ရဲ႕ RAM 3GB နဲ႔ storage 32GB ေမာ္ဒယ္ကို ေဒၚလာ ၁၅၀ နဲ႔ စတင္ ေရာင္းခ်သြားမွာ ျဖစ္ၿပီး 6GB/64GB ေမာ္ဒယ္ကိုေတာ့ ေဒၚလာ ၂၀၀ နဲ႔ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Redmi Note 7 ကို တ႐ုတ္ႏိုင္ငံမွာ စတင္ ေရာင္းခ်မွာျဖစ္ၿပီး ေနာက္ပုိင္းမွာ အိႏၵိယနဲ႔ အျခားေဒသေတြမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Xiaomi ဥက္ကဋ္ဌလင်ဘင် အနေနဲ့ 48-megapixel ကင်မရာပါဝင်တဲ့ Redmi Note 7 ကို မိတ်ဆက်လိုက်ပါတယ်။ ဈေးနှုန်းသက်သာတဲ့ Redmi အမှတ်တံဆိပ်ကနေ Xiaomi ဟာ Redmi Note 7 ကို ထုတ်ဖော်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းက ပြီးခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်က မိတ်ဆက်ထားတဲ့ တန်ဖိုးနည်း Mi Play နဲ့အလွန်ဆင်ပြီး display notch ပါလာပါတယ်။ ဒါ့အပြင် Redmi Note 7 ကျောဘက်မှာ fingerprint sensor နဲ့ dual ကင်မရာပါဝင်သလို 48-megapixel image sensor နဲ့ f/1.8 sensor ကို အသုံးပြုထားပါတယ်။

နောက်ကင်မရာတစ်လုံးကတော့ 5 megapixels ဖြစ်ပြီး depth ကိုအသုံးပြုထားပါတယ်။

Redmi Note 7 ကင်မရာကတော့ အလင်းရောင်အားကောင်းတဲ့နေရာမှာ 0.8-micron pixels ၄၈ သန်းနဲ့ ဓာတ်ပုံတွေရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် 1.6-micron pixels တွေနဲ့ ရိုက်ကူးထားတဲ့ 12-megapixel ဓာတ်ပုံနဲ့ ညီမျှတဲ့အရာနဲ့ pixel တွေကို ပေါင်းစပ်ပေးနိုင်ပါတယ်။

Redmi Note 7 ရဲ့မျက်နှာပြင် ၆.၃လက်မ 19.5:9 1080p screen နဲ့ Snapdragon 660 ပရိုက်ဆာ၊ 13-megapixel selfie ကင်မရာ၊ ဘက်ထရီ 4,000mAh အပြင် USB-C charging နဲ့ နားကြပ်ပေါက်တို့ ပါဝင်လာပါတယ်။

Redmi အနေနဲ့ သီးခြားအမှတ်တံဆိပ်အဖြစ် ရပ်တည်ကာ e-commerce နဲ့ ဈေးနှုန်းသက်သာမှုအပေါ် အာရုံစိုက်သွားမယ်လို့ Xiaomi အမှုဆောင်အရာရှိချုပ် လေဂျွန်ကပြောခဲ့ပါတယ်။

Redmi Note 7 ရဲ့ RAM 3GB နဲ့ storage 32GB မော်ဒယ်ကို ဒေါ်လာ ၁၅၀ နဲ့ စတင် ရောင်းချသွားမှာ ဖြစ်ပြီး 6GB/64GB မော်ဒယ်ကိုတော့ ဒေါ်လာ ၂၀၀ နဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။ Redmi Note 7 ကို တရုတ်နိုင်ငံမှာ စတင် ရောင်းချမှာဖြစ်ပြီး နောက်ပိုင်းမှာ အိန္ဒိယနဲ့ အခြားဒေသတွေမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: TheVerge