August 19, 2018

Censorware

Censorware ဆိုသည်မှာ မလိုလားအပ်သော ဝက်ဘ်ဆိုက်များနှင့် အကြောင်းအရာများကို စစ်ထုတ်ပေးသော ဆော့ဖ်ဝဲကို ခေါ်ဆိုသည်။ ဥပမာအနေဖြင့် Cybersitter, N2H2, Netnanny, Surfwatch နှင့် Wisechoice တို့မှာ censorware များ ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲ အမျိုးအစားသည် တစ်ဦးတစ်ယောက်ချင်းစီ၏ တိကျသေချာသော အချက်အလက်များ ပေးပို့၊ လက်ခံခြင်းနှင့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များတွင် အသုံးပြုခြင်းကို တားဆီးပေးနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ American Civil Liberties Union (ACLU) နှင့် Electronic Privacy Information Center (EPIC) ကဲ့သို့သော အဖွဲ့အစည်းများက အဆိုပါ censorware အသုံးပြုခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းနှင့် ကွဲလွဲဆန့်ကျန်ကြောင်း ဆိုခဲ့ကြသည်။

Censorware တွင် လူတစ်ဦးတစ်ယောက်ချင်း၏ အချက်အလက် အသုံးပြုခွင့်ကို ချိုးဖောက်ခြင်း ရှိ၊ မရှိသော မေးခွန်းများအပြင် အခြားပြဿနာအချို့လည်း ရှိသည်။ Censorware သည် တိကျသေချာသော ဝက်ဘ်ဆိုက် အကြောင်းအရာများကို တားမြစ်နိုင်သလို မလိုလားအပ်သော အကြောင်းအရာများကို ကန့်သတ်ရန်အတွက် ဘာသာစကား အခြေခံသည့် စံသတ်မှတ်ချက်ကို အသုံးပြုသည်။ အကြောင်းအရာတစ်ခုတွင် ပါဝင်သည့် လက်သင့်မခံနိုင်သည်ဟု ယူဆရသော ပြောဆိုမှုများ၊ စကားလုံးများနှင့် စကားစုများည် အခြားတစ်နေရာတွင် သဘောရိုးဖြင့် ပြောကြားမှုများအဖြစ် သတ်မှတ်ခံရနိုင်သည်။ အဓိပ္ပာယ်နှစ်မျိုးထွက်သော်လည်း လက်သင့်ခံနိုင်သော အကြောင်းအရာများမှာ တားမြစ်ခြင်းခံရနိုင်သလို လက်သင့်မခံနိုင်သော အကြောင်းအရာများမှ ပရိုဂရမ်၏ စိစစ်တားမြစ်ခြင်းမှ ကင်းလွတ်နိုင်သည်။ ၂၀၀၀ ခုနှစ်တွင် အင်တာနက်အခွင့်အရေးအဖွဲ့တစ်ခု ဖြစ်သော Digital Freedom Network (DFN) က လုပ်ငန်းခွင်တွင် censorware ၏ အဓိပ္ပာယ်မရှိသော လုပ်ဆောင်ချက်မျာကို ဥပမာပေးနိုင်ရန်အတွက် ပြိုင်ပွဲတစ်ခု ကျင်းပခဲ့သည်။ ၎င်းပြိုင်ပွဲတွင် ကျောင်း၏ ဝက်ဘ်ဆိုက်တွင် high ဟူသည့် စကားလုံးကို ထည့်ကာ ရှာဖွေခဲ့သောကြောင့် ဝက်ဘ်ဆိုက်ကို အသုံးပြုခွင့် တားမြစ်ခံခဲ့ရသော ကျောင်းသားတစ်ဦးက ဆုရရှိသွားခဲ့သည်။

DFN မှ အမှုဆောင်ဒါရိုက်တာ ဘော့ဘ်ဆန်ဝေါင်က ကလေးငယ်များကို censorware ဖြင့် ကန့်သတ်တားမြစ်ထားခြင်းထက် မိဘများက ကြီးကြပ်ခြင်းဖြင့် ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့သည်။