August 19, 2018

2018 မွာ အေကာင္းဆုံး Video Editor App ကိုု ဘယ္လိုေရြးခ်ယ္မလဲ

[ Zawgyi ]

ဗီဒီယိုေတြကို တည္းျဖတ္တာဟာ အီလက္ထေရာနစ္ ထုတ္ကုန္

တစ္ခုအတြက္ ႀကီးမားတဲ့အလုပ္ေတြထဲက တစ္ခုပါ။ ကြန္ပ်ဴတာမွာ ဗီဒီယိုတည္းျဖတ္မယ္ဆုိရင္ RAM မ်ားမ်ား Storage မ်ားမ်ား လိုအပ္တဲ့အျပင္ အသုံးျပဳနည္းတခ်ိဳ႕ကိုလည္း သိထားဖို႔လိုပါတယ္။ ဒါေၾကာင့္ မိုဘိုင္းထုတ္ကုန္ေပၚမွာ ဗီဒီယိုတည္းျဖတ္မယ္ဆိုရင္ ပိုမုိခက္ခဲသြားပါၿပီ။ ဖုန္းမွာ Final Cut Pro ဒါမွမဟုတ္ Adobe Premiere Pro လိုမ်ိဳး အေတြ႕အႀကဳံကို ရယူႏိုင္ဖုိ႔ စြမ္းအင္မရွိပါဘူး။ ဒါေပမဲ့ အဲ့ app ေတြကို မမီေပမယ့္ အေျခခံ ဗီဒီယိုတည္းျဖတ္ႏိုင္တဲ့ app ေတြ မိုဘိုင္းမွာ ရွိပါတယ္။ အဲဒိ App ေတြကိုု ေရြးခ်ယ္တဲ့ အခါမွာလည္း ပိုု္မိုုအဆင့္ျမင့္လာတဲ့ App ေတြကိုု အသံုုးျပဳဖိုု႔ လိုုအပ္ပါတယ္။ ဒါေၾကာင့္ ေနာက္ဆံုုး update ေတြနဲ႔ ၂၀၁၈ မွာ ေကာင္းမြန္ၿပီး Android မွာအသုံးျပဳႏိုင္တဲ့ ဗီဒီယိုတည္းျဖတ္ app ေတြကို ဘယ္လိုုေရြးခ်ယ္မလဲဆိုုတဲ့ အေၾကာင္းကိုုေျပာျပ ေပးသြားမွာျဖစ္ပါတယ္။

ကြန္ပ်ဴတာမွာ နာမည္ႀကီးတဲ့ Software မ်ိဳးကိုု ဖုုန္းမွာ သံုုးခ်င္တယ္ဆိုုရင္

ActionDirector Video Editor

ActionDirector ဟာ ကြန္ပ်ဴတာမွာ နာမည္အေက်ာ္ၾကားဆုံး ဗီဒီယိုတည္းျဖတ္မႈ app ေတြထဲက တစ္ခုပါ။ Android အတြက္လည္း ျဖန္႔ခ်ိထားပါတယ္။ Android မွာေတာ့ ဗီဒီယိုတည္းျဖတ္မႈ အေျခခံ လုပ္ေဆာင္ခ်က္ေတြကိုပဲ လုပ္ေဆာင္ႏိုင္ပါတယ္။ ဗီဒီယိုထည့္သြင္းၿပီး တည္းျဖတ္ျပင္ဆင္ႏိုင္ပါတယ္။ ကုိယ္ပုိင္သီခ်င္းေတြ ထည့္သြင္းတာ အျပင္ ဗီဒီယိုကုိ trim နဲ႔ cut ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ စာသားနဲ႔ slow motion ထည့္ႏိုင္ပါတယ္။ ActionDirector မွာ 4K ဗီဒီယို ေထာက္ပံ့မႈပါဝင္တဲ့ video editor app အနည္းငယ္ထဲမွာ ပါဝင္ပါတယ္။ သုံးစြဲသူထုတ္ကုန္ရဲ႕ ကိုက္ညီမႈ ရွိ၊ မရွိစစ္ေဆးၿပီး Google Play Store ကေန download ျပဳလုပ္ႏိုင္ပါတယ္။ အခမဲ့ေတာ့ရမွာ မဟုုတ္ပါဘူး။ ၃.၉ ၉ ေဒၚလာနဲ႔ေတာ့ ဝယ္ရမွာပါ။

Adobe Premiere Clip

Adobe Premiere Clip မွာ feature မ်ားစြာ ပါဝင္လာတယ္။ သုံးစြဲသူရဲ႕ ဓာတ္ပုံေတြနဲ႔ ဗီဒီယိုကုိ သုံးၿပီး ဗီဒီယိုေတြကို အလိုအေလ်ာက္ ထုတ္ေပးႏိုင္တယ္။ ဒါမွမဟုတ္ tool, effect နဲ႔ ေတးဂီတသုံးၿပီး ဗီဒီယိုကုိ ကုိယ္တုိင္ ဗီဒီယို တည္းျဖတ္ႏိုင္ပါတယ္။

ကုိယ္ပုိင္ေတးဂီတကိုလည္း သုံးႏိုင္ပါတယ္။ Adobe Premiere Pro ကို sync ျပဳလုပ္ၿပီး တြဲဖက္ သုံးႏိုင္ပါတယ္။ သုံးစြဲသူအေနနဲ႔ sync ျပဳလုပ္ႏိုင္ဖို႔ Adobe Creative Cloud account လိုပါတယ္။ google playstore မွာ အခမဲ့ download ရယူႏိုုင္ပါတယ္။

PowerDirector

PowerDirector ဟာ feature စုံလင္တဲ့ video editor app တစ္ခုပဲ ျဖစ္ပါတယ္။ အဲဒီ app မွာ တည္းျဖတ္မႈေတြ အလ်င္အျမန္ ျပဳလုပ္ႏိုင္တဲ့ tool ေတြနဲ႔ effect ေတြအမ်ိဳးမ်ိဳးအျပင္ အျခား tool ေတြလည္း ပါဝင္တယ္။ PowerDirector မွာ collage maker နဲ႔ slow motion ေထာက္ပံ့မႈ ပါဝင္လာတယ္။ App ရဲ႕ interface ကို အလြယ္တကူ အသုံးျပဳ ႏိုင္ပါတယ္။ ဗီဒီယို မၾကာခဏတည္းျဖတ္ သူေတြအတြက္ သင့္ေတာ္ပါ တယ္။ PowerDirector ကို အခမဲ့ download ျပဳလုပ္ႏိုင္ၿပီး feature အားလုံး အသုံးျပဳခ်င္ရင္ ေဒၚလာ ၅.၉၉ ေပးရပါမယ္။

မိုုဘိုုင္းသီးသန္႔အတြက္ အေကာင္းဆံုုး App ေတြ ေရြးခ်င္တယ္ဆိုုရင္

FilmoraGo – Free Video Editor

FilmraGo ဟာ Wondershare ကထုတ္တဲ့ video editor app တစ္မ်ိဳးျဖစ္ပါတယ္။ FilmoraGo မွာ trim နဲ႔ cut လုပ္ႏိုင္သလို သ႐ုပ္ ေဖာ္ျခင္းစတဲ့ အေျခခံလုပ္ေဆာင္ခ်က္ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဗီဒီယို reverse ျပဳလုပ္ၿပီး ဖြင့္ႏိုင္တယ္။ Instagram အတြက္ 1:1 square ဗီဒီယိုနဲ႔ YouTube အတြက္ သီးသန္႔ 16:9 ဗီဒီယိုေတြကို ဖန္တီး ႏိုင္ပါတယ္။ FilmoraGo မွာ slow motion, transitions, music, overlays နဲ႔အျခား feature ေတြလည္း ပါဝင္လာပါတယ္။ App မွာ in-app purchase ျပဳလုပ္ႏိုင္ေပမယ့္လည္း က်န္တာေတြက အခမဲ့ပါ။

Free Video Editor

အေကာင္းဆုံး video editor app ေတြထဲက တစ္ခုျဖစ္ပါတယ္။ ဗီဒီယိုေတြကို တည္းျဖတ္ၿပီး clip ေတြကို စုစည္းတာ၊ သီခ်င္းထည့္တာ စတဲ့ အေျခခံအရာေတြ ျပဳလုပ္ႏိုင္ပါတယ္။ အျခား feature ေတြကေတာ့ emoji ထည့္တာ၊ ဗီဒီယိုမွာ စာသားထည့္တာနဲ႔ ေပ်ာ္စရာေကာင္းတဲ့ effect ေတြ ထည့္တာေတြ ျပဳလုပ္ႏိုင္ပါတယ္။ Facebook, Twitter ဒါမွမဟုတ္ Instagram လိုမ်ိဳး လူမႈေရး မီဒီယာအတြက္ ပိုအဆင္ေျပတဲ့ app ျဖစ္ပါတယ္။ ပုိမိုႀကီးမားတဲ့ ဗီဒီယိုထုတ္လုပ္မႈေတြေတာ့ ဒီ app က မျပဳလုပ္ႏိုင္ပါဘူး။ အားလုံးကို အခမဲ့ အျပည့္အဝ အသုံးျပဳႏိုင္တဲ့ app လည္း ျဖစ္ပါတယ္။

Funimate Video Effects Editor

Funimate ဟာ သုံးစြဲသူထုတ္ကုန္မွာရွိတဲ့ ဗီဒီယိုေတြကို ေတးဂီတ ဗီဒီယုိ ဒါမွမဟုတ္ ႐ုိးရွင္းတဲ့ဗီဒီယိုျပဳလုပ္ဖို႔ ေကာင္းတဲ့ နာမည္ေက်ာ္ app တစ္ခုပါ။ အဲဒီ app မွာ သုံးစြဲသူကိုယ္တိုင္ စိတ္ႀကိဳက္ဖန္တီးႏိုင္ဖို႔ ဗီဒီယို filter ၁၅ ခုနဲ႔ effect ၁၅ ခု ပါဝင္ပါတယ္။

KineMaster

KineMaster ဟာ စြမ္းေဆာင္ရည္ျမင့္ video editor app တစ္ခုျဖစ္ပါတယ္။ အျခား video editor လိုမ်ိဳး အေျခခံ လုပ္ေဆာင္ ခ်က္ေတြအျပင္ ဗီဒီယို၊ ဓာတ္ပုံနဲ႔ effect အမ်ိဳးမ်ိဳးအတြက္ layer ေတြပါဝင္ပါတယ္။ ဒီ app အသံပုိင္းဆိုင္ရာ filter, chroma key,
transitions နဲ႔ video effects အမ်ိဳးမ်ိဳးစတဲ့ feature မ်ားစြာ ပါဝင္ပါတယ္။ KineMaster ဟာ desktop editor ေလာက္ စြမ္းေဆာင္ရည္ မျမင့္မားပါဘူး။ သုံးစြဲသူက trial mode နဲ႔ စမ္းသပ္သုံးစြဲႏိုင္ပါတယ္။ အျပည့္အဝ အသုံးျပဳခ်င္တယ္ဆုိရင္ေတာ့ တစ္လကို ၄.၉၉ ေဒၚလာ ေပးသြင္းရပါမယ္။

Movie Maker Filmaker

Movie Maker Filmaker ဟာ လက္ရွိအေကာင္းဆုံး video editor app ေတြထဲက တစ္ခုပါ။ ဗီဒီယိုေတြကို တိတာ၊ ျဖတ္တာနဲ႔ ျပန္စီတာအျပင္ focal point ေတြကုိ ျပန္သတ္မွတ္ႏိုင္ပါတယ္။ ဒါ့အျပင္ video effect အမ်ိဳးမ်ိဳးနဲ႔ ကုိယ္ပိုင္ custom filter နဲ႔ ဒီဇိုင္းဆြဲႏိုင္ပါေသးတယ္။ လုပ္ေဆာင္ခ်က္ေတြက စြမ္းေဆာင္ရည္ သိပ္မေကာင္းေပမယ့္လည္း အေျခခံအသုံးျပဳႏိုင္ပါတယ္။ Movie Maker Filmaker ကို ဒီဇိုင္းပုိင္း အႀကီးအက်ယ္ေျပာင္းလဲၿပီး ေနာက္ပုိင္းမွာ bug ေတြရိွေနပါတယ္။ ဒါေပမဲ့ အခမဲ့အျဖစ္ အျပည့္အဝ အသုံးျပဳႏိုင္တဲ့ ဗီဒီယိုတည္းျဖတ္မႈ အေကာင္းဆုံး app ထဲကတစ္ခု ျဖစ္ပါတယ္။

-စည္သူ

===================

[ Unicode ]

2018 မှာ အကောင်းဆုံး Video Editor App ကိုု ဘယ်လိုရွေးချယ်မလဲ

===================

ဗီဒီယိုတွေကို တည်းဖြတ်တာဟာ အီလက်ထရောနစ် ထုတ်ကုန်

တစ်ခုအတွက် ကြီးမားတဲ့အလုပ်တွေထဲက တစ်ခုပါ။ ကွန်ပျူတာမှာ ဗီဒီယိုတည်းဖြတ်မယ်ဆိုရင် RAM များများ Storage များများ လိုအပ်တဲ့အပြင် အသုံးပြုနည်းတချို့ကိုလည်း သိထားဖို့လိုပါတယ်။ ဒါကြောင့် မိုဘိုင်းထုတ်ကုန်ပေါ်မှာ ဗီဒီယိုတည်းဖြတ်မယ်ဆိုရင် ပိုမိုခက်ခဲသွားပါပြီ။ ဖုန်းမှာ Final Cut Pro ဒါမှမဟုတ် Adobe Premiere Pro လိုမျိုး အတွေ့အကြုံကို ရယူနိုင်ဖို့ စွမ်းအင်မရှိပါဘူး။ ဒါပေမဲ့ အဲ့ app တွေကို မမီပေမယ့် အခြေခံ ဗီဒီယိုတည်းဖြတ်နိုင်တဲ့ app တွေ မိုဘိုင်းမှာ ရှိပါတယ်။ အဲဒိ App တွေကိုု ရွေးချယ်တဲ့ အခါမှာလည်း ပိုု်မိုုအဆင့်မြင့်လာတဲ့ App တွေကိုု အသုုံးပြုဖိုု့ လိုုအပ်ပါတယ်။ ဒါကြောင့် နောက်ဆုံုး update တွေနဲ့ ၂၀၁၈ မှာ ကောင်းမွန်ပြီး Android မှာအသုံးပြုနိုင်တဲ့ ဗီဒီယိုတည်းဖြတ် app တွေကို ဘယ်လိုုရွေးချယ်မလဲဆိုုတဲ့ အကြောင်းကိုုပြောပြ ပေးသွားမှာဖြစ်ပါတယ်။

ကွန်ပျူတာမှာ နာမည်ကြီးတဲ့ Software မျိုးကိုု ဖုုန်းမှာ သုံုးချင် တယ်ဆိုုရင်

ActionDirector Video Editor

ActionDirector ဟာ ကွန်ပျူတာမှာ နာမည်အကျော်ကြားဆုံး ဗီဒီယိုတည်းဖြတ်မှု app တွေထဲက တစ်ခုပါ။ Android အတွက်လည်း ဖြန့်ချိထားပါတယ်။ Android မှာတော့ ဗီဒီယိုတည်းဖြတ်မှု အခြေခံ လုပ်ဆောင်ချက်တွေကိုပဲ လုပ်ဆောင်နိုင်ပါတယ်။ ဗီဒီယိုထည့်သွင်းပြီး တည်းဖြတ်ပြင်ဆင်နိုင်ပါတယ်။ ကိုယ်ပိုင်သီချင်းတွေ ထည့်သွင်းတာ အပြင် ဗီဒီယိုကို trim နဲ့ cut ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် စာသားနဲ့ slow motion ထည့်နိုင်ပါတယ်။ ActionDirector မှာ 4K ဗီဒီယို ထောက်ပံ့မှုပါဝင်တဲ့ video editor app အနည်းငယ်ထဲမှာ ပါဝင်ပါတယ်။ သုံးစွဲသူထုတ်ကုန်ရဲ့ ကိုက်ညီမှု ရှိ၊ မရှိစစ်ဆေးပြီး Google Play Store ကနေ download ပြုလုပ်နိုင်ပါတယ်။ အခမဲ့တော့ရမှာ မဟုုတ်ပါဘူး။ ၃.၉ ၉ ဒေါ်လာနဲ့တော့ ဝယ်ရမှာပါ။

Adobe Premiere Clip

Adobe Premiere Clip မှာ feature များစွာ ပါဝင်လာတယ်။ သုံးစွဲသူရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုကို သုံးပြီး ဗီဒီယိုတွေကို အလိုအလျောက် ထုတ်ပေးနိုင်တယ်။ ဒါမှမဟုတ် tool, effect နဲ့ တေးဂီတသုံးပြီး ဗီဒီယိုကို ကိုယ်တိုင် ဗီဒီယို တည်းဖြတ်နိုင်ပါတယ်။

ကိုယ်ပိုင်တေးဂီတကိုလည်း သုံးနိုင်ပါတယ်။ Adobe Premiere Pro ကို sync ပြုလုပ်ပြီး တွဲဖက် သုံးနိုင်ပါတယ်။ သုံးစွဲသူအနေနဲ့ sync ပြုလုပ်နိုင်ဖို့ Adobe Creative Cloud account လိုပါတယ်။ google playstore မှာ အခမဲ့ download ရယူနိုုင်ပါတယ်။

PowerDirector

PowerDirector ဟာ feature စုံလင်တဲ့ video editor app တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီ app မှာ တည်းဖြတ်မှုတွေ အလျင်အမြန် ပြုလုပ်နိုင်တဲ့ tool တွေနဲ့ effect တွေအမျိုးမျိုးအပြင် အခြား tool တွေလည်း ပါဝင်တယ်။ PowerDirector မှာ collage maker နဲ့ slow motion ထောက်ပံ့မှု ပါဝင်လာတယ်။ App ရဲ့ interface ကို အလွယ်တကူ အသုံးပြု နိုင်ပါတယ်။ ဗီဒီယို မကြာခဏတည်းဖြတ် သူတွေအတွက် သင့်တော်ပါ တယ်။ PowerDirector ကို အခမဲ့ download ပြုလုပ်နိုင်ပြီး feature အားလုံး အသုံးပြုချင်ရင် ဒေါ်လာ ၅.၉၉ ပေးရပါမယ်။

မိုုဘိုုင်းသီးသန့်အတွက် အကောင်းဆုံုး App တွေ ရွေးချင်တယ်ဆိုုရင်

FilmoraGo – Free Video Editor

FilmraGo ဟာ Wondershare ကထုတ်တဲ့ video editor app တစ်မျိုးဖြစ်ပါတယ်။ FilmoraGo မှာ trim နဲ့ cut လုပ်နိုင်သလို သရုပ် ဖော်ခြင်းစတဲ့ အခြေခံလုပ်ဆောင်ချက်ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဗီဒီယို reverse ပြုလုပ်ပြီး ဖွင့်နိုင်တယ်။ Instagram အတွက် 1:1 square ဗီဒီယိုနဲ့ YouTube အတွက် သီးသန့် 16:9 ဗီဒီယိုတွေကို ဖန်တီး နိုင်ပါတယ်။ FilmoraGo မှာ slow motion, transitions, music, overlays နဲ့အခြား feature တွေလည်း ပါဝင်လာပါတယ်။ App မှာ in-app purchase ပြုလုပ်နိုင်ပေမယ့်လည်း ကျန်တာတွေက အခမဲ့ပါ။

Free Video Editor

အကောင်းဆုံး video editor app တွေထဲက တစ်ခုဖြစ်ပါတယ်။ ဗီဒီယိုတွေကို တည်းဖြတ်ပြီး clip တွေကို စုစည်းတာ၊ သီချင်းထည့်တာ စတဲ့ အခြေခံအရာတွေ ပြုလုပ်နိုင်ပါတယ်။ အခြား feature တွေကတော့ emoji ထည့်တာ၊ ဗီဒီယိုမှာ စာသားထည့်တာနဲ့ ပျော်စရာကောင်းတဲ့ effect တွေ ထည့်တာတွေ ပြုလုပ်နိုင်ပါတယ်။ Facebook, Twitter ဒါမှမဟုတ် Instagram လိုမျိုး လူမှုရေး မီဒီယာအတွက် ပိုအဆင်ပြေတဲ့ app ဖြစ်ပါတယ်။ ပိုမိုကြီးမားတဲ့ ဗီဒီယိုထုတ်လုပ်မှုတွေတော့ ဒီ app က မပြုလုပ်နိုင်ပါဘူး။ အားလုံးကို အခမဲ့ အပြည့်အဝ အသုံးပြုနိုင်တဲ့ app လည်း ဖြစ်ပါတယ်။

Funimate Video Effects Editor

Funimate ဟာ သုံးစွဲသူထုတ်ကုန်မှာရှိတဲ့ ဗီဒီယိုတွေကို တေးဂီတ ဗီဒီယို ဒါမှမဟုတ် ရိုးရှင်းတဲ့ဗီဒီယိုပြုလုပ်ဖို့ ကောင်းတဲ့ နာမည်ကျော် app တစ်ခုပါ။ အဲဒီ app မှာ သုံးစွဲသူကိုယ်တိုင် စိတ်ကြိုက်ဖန်တီးနိုင်ဖို့ ဗီဒီယို filter ၁၅ ခုနဲ့ effect ၁၅ ခု ပါဝင်ပါတယ်။

KineMaster

KineMaster ဟာ စွမ်းဆောင်ရည်မြင့် video editor app တစ်ခုဖြစ်ပါတယ်။ အခြား video editor လိုမျိုး အခြေခံ လုပ်ဆောင် ချက်တွေအပြင် ဗီဒီယို၊ ဓာတ်ပုံနဲ့ effect အမျိုးမျိုးအတွက် layer တွေပါဝင်ပါတယ်။ ဒီ app အသံပိုင်းဆိုင်ရာ filter, chroma key,
transitions နဲ့ video effects အမျိုးမျိုးစတဲ့ feature များစွာ ပါဝင်ပါတယ်။ KineMaster ဟာ desktop editor လောက် စွမ်းဆောင်ရည် မမြင့်မားပါဘူး။ သုံးစွဲသူက trial mode နဲ့ စမ်းသပ်သုံးစွဲနိုင်ပါတယ်။ အပြည့်အဝ အသုံးပြုချင်တယ်ဆိုရင်တော့ တစ်လကို ၄.၉၉ ဒေါ်လာ ပေးသွင်းရပါမယ်။

Movie Maker Filmaker

Movie Maker Filmaker ဟာ လက်ရှိအကောင်းဆုံး video editor app တွေထဲက တစ်ခုပါ။ ဗီဒီယိုတွေကို တိတာ၊ ဖြတ်တာနဲ့ ပြန်စီတာအပြင် focal point တွေကို ပြန်သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် video effect အမျိုးမျိုးနဲ့ ကိုယ်ပိုင် custom filter နဲ့ ဒီဇိုင်းဆွဲနိုင်ပါသေးတယ်။ လုပ်ဆောင်ချက်တွေက စွမ်းဆောင်ရည် သိပ်မကောင်းပေမယ့်လည်း အခြေခံအသုံးပြုနိုင်ပါတယ်။ Movie Maker Filmaker ကို ဒီဇိုင်းပိုင်း အကြီးအကျယ်ပြောင်းလဲပြီး နောက်ပိုင်းမှာ bug တွေရှိနေပါတယ်။ ဒါပေမဲ့ အခမဲ့အဖြစ် အပြည့်အဝ အသုံးပြုနိုင်တဲ့ ဗီဒီယိုတည်းဖြတ်မှု အကောင်းဆုံး app ထဲကတစ်ခု ဖြစ်ပါတယ်။