[ Zawgyi ]
HTC Desire 12+
HTC Desire 12
-နောင်နောင်
Ref: GSMArena
===============
[ Unicode ]
18:9 screen ပါဝင်တဲ့ Desire 12 နဲ့ Desire 12+ ကို HTC မိတ်ဆက်
===============
HTC ဟာ နာမည်ကျော် 18:9 screen တွေပါဝင်တဲ့ Desire 12 နဲ့ Desire 12+ တို့ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။
HTC Desire 12+
HTC Desire 12+ ဟာ အရွယ်ပိုမိုကြီးမားသလို Desire 12 ထက်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ ရှည်လျားတဲ့ ၅.၉၉ လက်မ IPS LCD ပါဝင်ပြီး resolution က 720 x 1440px ဖြစ်ပါတယ်။
ကျောဘက်မှာ ကင်မရာနှစ်ခု ပါဝင်ပါတယ်။ ပင်မကင်မရာက 13MP ဖြစ်ပြီး ဒုတိယကင်မရာက 2MP depth-sensing sensor ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပါတယ်။
HTC Desire 12+ မှာ Snapdragon 450 chipset နဲ့ 3GB RAM ကို အသုံးပြုထားပါတယ်။ Operating system က Android Oreo 8.0 ဖြစ်ပြီး fingerprint scanner ကို ကျောဘက်မှာ တပ်ဆင်ထားပါတယ်။
HTC Desire 12+ ကို အနက်ရောင်နဲ့ ငွေရောင်ဆိုပြီး ရရှိနိုင်ပါတယ်။ တန်ဖိုးကတော့ စျေးကွက်အပေါ်မူတည်ကာ ယူရို ၂၃၅ ကနေ ယူရို ၂၄၉ အတွင်းကျသင့်နိုင်ပါတယ်။
HTC Desire 12
အရွယ်ပိုငယ်တဲ့ HTC Desire 12 မှာတော့ 18:9 ၅.၅ လက်မ display ပါဝင်ပါတယ်။ Resolution ကတော့ Desire 12+ အတိုင်း 720 x 1440px ဖြစ်ပါတယ်။
ကျောဘက်မှာ 13MP ကင်မရာတစ်ခု ပါဝင်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်ပါတယ်။
Chipset က MediaTek 6739 ဖြစ်ပြီး RAM က 3GB ဖြစ်ပါတယ်။
Plus မော်ဒယ်နဲ့မတူတာက HTC Desire 12 မှာ fingerprint scanner မပါဝင်ပါဘူး။
Desire 12 ကို အနက်ရောင်၊ ငွေရောင်တို့နဲ့ရရှိနိုင်ပြီး တန်ဖိုးက ယူရို ၁၈၅ ကနေ ယူရို ၁၉၉ အတွင်း ကျသင့်နိုင်ပါတယ်။
-နောင်နောင်
Ref: GSMArena