August 19, 2018


[ Zawgyi ]

တရုတ်စမတ်ဖုန်းကုမ္ပဏီ Blackview ဟာ ဘက်ထရီကို တစ်ကြိမ်အားသွင်းပြီး ၇ ရက်ကြာ အသုံးပြုနိုင်မယ့် P10000 Pro စမတ်ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။





-နောင်နောင်
Ref: AndroidAuthority

===========

[ Unicode ]

11,000mAh ဘက်ထရီပါဝင်တဲ့ Blackview P10000 Pro စမတ်ဖုန်း

===========

တရုတ်စမတ်ဖုန်းကုမ္ပဏီ Blackview ဟာ ဘက်ထရီကို တစ်ကြိမ်အားသွင်းပြီး ရ ရက်ကြာ အသုံးပြုနိုင်မယ့် P10000 Pro စမတ်ဖုန်းကို ဖြန့်ချိခဲ့ပါတယ်။

ဒီစမတ်ဖုန်းမှာ 11,000mAh ဘက်ထရီပါဝင်ပြီး stanby အနေနဲ့ ရက် ၅၀ ကြာအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ 5V/5A charger က ဘက်ထရီကို ၂ နာရီနဲ့ ၂၅ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။

P10000 Pro မှာ ၅.၉၉ လက်မ 18:9 aspect ratio display ပါဝင်ပြီး resolution က 2,160 x 1,080 pixel ဖြစ်ပါတယ်။ Selfie ကင်မရာက 13MP + 0.3MP ဖြစ်ပြီး ပင်မကင်မရာက 16MP + 0.3MP ဖြစ်ပါတယ်။ Fingerprint sensor အစား facial recognition ကို အသုံးပြုထားပါတယ်။

MediaTek ရဲ့ octa-core Helio P23 chipset, 4GB RAM, 64GB storage နဲ့ Android 7.1 Nougat ကို အသုံးပြုထားပါတယ်။

တန်ဖိုးက ဒေါ်လာ ၂၀၀ အောက်ဖြစ်ပြီး AliExpress ကနေ ဝယ်ယူနိုင်ပါတယ်။

-နောင်နောင်
Ref: AndroidAuthority