10x optical zoom အစိတ်အပိုင်း ပါဝင်တဲ့ F19 ကို Oppo မိတ်ဆက်နိုင်

[ Zawgyi ]




စိုးထက်
Ref: GSMArena

[ Unicode ]

Oppo ဟာ ပြီးခဲ့တဲ့အပတ်က 10x optical zoom ကင်မရာ အစိတ်အပိုင်း MWC ကို ထုတ်ဖော်မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ Oppo Innovation Event ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီပွဲမှာ 10x zoom ပါဝင်တဲ့ Oppo F19 နဲ့ F19 Pro တွေကို မိတ်ဆက်နိုင်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ Oppo ဟာ MWC မှာပွဲပြုလုပ်မယ့် ဖိတ်စာကိုလည်း twitte မှာဖော်ပြခဲ့ပါတယ်။

Oppo ဟာ MWC 2017 ပွဲမှာ 5x zoom module ကို ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ အခု 10x zoom moudel ကလည်း အလားတူပုံစံအတိုင်း တည်ဆောက်ထားဖွယ်ရှိပြီး ultra-wide angel ကင်မရာ (၁၅.၉ မီလီမီတာ အပြင် tele lens မှာ ၁၅၉ မီလီမီတာရှိ) ပါဝင်လာနိုင်ပါတယ်။

Ref: GSMArena