ႏိုင္ငံျခားေ႐းဝန္ႀကီးဌာနမွ အဆင့္ျမင့္သံတမန္ေရးရာကြၽမ္းက်င္မႈ သင္တန္းသားေလွ်ာက္လႊာမ်ား ေခၚယူ

[ Zawgyi ]

ႏိုင္ငံျခားေ႐းဝန္ႀကီးဌာနမွ အဆင့္ျမင့္သံတမန္ေရးရာကြၽမ္းက်င္မႈ သင္တန္းသားေလွ်ာက္လႊာေတြ ေခၚယူေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

သင္တန္းကို ေဖေဖာ္ဝါရီလ ဒုတိယအပတ္မွာ စတင္ဖြင့္လွစ္သင္ၾကား ပို႔ခ်ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ သင္တန္းကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ဖြင့္လွစ္တဲ့ အေျခခံသံတမန္ေရးရာ ကၽြမ္းက်င္မႈသင္တန္း (Basic Diplomatic Skills-BDS) တက္ေရာက္ေအာင္ျမင္ၿပီး (Certificate of Completion) ရရွိထားသူေတြ ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ အသက္ ၃၀ မွ ၅၅ ႏွစ္အတြင္း ရွိသူျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္သူ၊ သင္တန္းကာလတစ္ေလွ်ာက္လုံး သင္တန္းခ်ိန္ မပ်က္မကြက္ တက္ေရာက္ႏိုင္သူေတြ ျဖစ္ရပါမယ္။ သင္တန္းမွာ အၿငိမ္းစားသံအမတ္ႀကီးေတြ၊ ဝါရင့္သံတမန္ႀကီးေတြနဲ႔ ဘာသာရပ္ဆိုင္ရာ ကၽြမ္းက်င္သူပညာရွင္ေတြက မ်က္ေမွာက္ေခတ္ ႏိုင္ငံတကာႏွင့္ ျမန္မာ့ေရးရာမ်ား၊ ႏိုင္ငံ့မူဝါဒမ်ား၊ ျမန္မာႏိုင္ငံျခားေရးရာ ကိစၥရပ္မ်ား၊ သံတမန္ေရးရာ ဘာသာရပ္မ်ား၊ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ စီးပြားေရးဘာသာရပ္ေတြကို သင္ၾကားပို႔ခ်ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

သင္တန္းကာလအေနနဲ႔ ရက္သတၱ ၇ ပတ္ ၾကာျမင့္မွာျဖစ္ၿပီး သင္တန္းသား ၅၀ ဦးကိုသာ ကန္႔သတ္လက္ခံ သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ သင္တန္းေလွ်ာက္လႊာေတြကို ဇန္နဝါရီလ ၁၁ ရက္ကေန ၁၈ ရက္အထိ လက္ခံေပးသြားမွာ ျဖစ္ပါတယ္။ သင္တန္းတက္ေရာက္လိုသူေတြအေနနဲ႔ မဟာဗ်ဴဟာေလ့လာေရးႏွင့္ ေလ့က်င့္ေရးဦးစီးဌာန ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ရန္ကုန္၊ ဖုန္း ၂၂၁၅၃၁၊ ၂၂၁၅၃၇၊ ၂၂၂၀၂၈ ကုိ ဆက္သြယ္ စုံစမ္းႏိုင္မွာျဖစ္ပါတယ္။

-ေဝေဝ

[ Unicode ]

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းသားလျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ စတင်ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်တဲ့ အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း (Basic Diplomatic Skills-BDS) တက်ရောက်အောင်မြင်ပြီး (Certificate of Completion) ရရှိထားသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အသက် ၃၀ မှ ၅၅ နှစ်အတွင်း ရှိသူဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းကာလတစ်လျှောက်လုံး သင်တန်းချိန် မပျက်မကွက် တက်ရောက်နိုင်သူတွေ ဖြစ်ရပါမယ်။ သင်တန်းမှာ အငြိမ်းစားသံအမတ်ကြီးတွေ၊ ဝါရင့်သံတမန်ကြီးတွေနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တွေက မျက်မှောက်ခေတ် နိုင်ငံတကာနှင့် မြန်မာ့ရေးရာများ၊ နိုင်ငံ့မူဝါဒများ၊ မြန်မာနိုင်ငံခြားရေးရာ ကိစ္စရပ်များ၊ သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးဘာသာရပ်တွေကို သင်ကြားပို့ချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလအနေနဲ့ ရက်သတ္တ ရ ပတ် ကြာမြင့်မှာဖြစ်ပြီး သင်တန်းသား ၅၀ ဦးကိုသာ ကန့်သတ်လက်ခံ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာတွေကို ဇန်နဝါရီလ ၁၁ ရက်ကနေ ၁၈ ရက်အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်၊ ဖုန်း ၂၂၁၅၃၁၊ ၂၂၁၅၃၇၊ ၂၂၂၀၂၈ ကို ဆက်သွယ် စုံစမ်းနိုင်မှာဖြစ်ပါတယ်။