ၿဗိတိသွ်ေကာင္စီ၏ USD ၉,၆၀၀၀ တန္ဖိုးရိွိ အေရွ႕အာရွ IELTS Prize ပညာသင္ဆုအတြက္ ေလွ်ာက္ထားႏုိင္

[ Zawgyi ]

(၂၀၁၉/၂၀) ပညာသင္ႏွစ္ ျပည္တြင္းျပည္ပ ဘြဲ႔ႀကိဳဘြဲ႔လြန္သင္တန္းမ်ား စတင္တက္ေရာက္ရန္ စီစဥ္ထားတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား ေလွ်ာက္ထားႏုိင္ရန္ ၿဗိတိသွ်ေကာင္စီရဲ႕ အေရွ႕အာရွ IELTS Prize (၂၀၁၈/၂၀၁၉) ပညာသင္ဆုကုိ ေလွ်ာက္ထားႏုိင္ၿပီလုိ႔ သိရပါတယ္။

ျမန္မာႏုိင္ငံမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားအတြက္ US$ ၁၉,၇၀၀ တန္ဖိုးရွိ ျပည္တြင္းဆု သုံးဆု၊ အေရွ႕အာရွေဒသ ဆုရွင္မ်ားအတြက္ US$ ၇၆,၅၀၀ တန္ဖိုိးရွိ ဆုမ်ားေပးအပ္သြား မွာပါ။ ၂၀၁၁ ခုႏွစ္မွ စတင္ၿပီး ယူေက၊ ယူအက္(စ)၊ ကေနဒါ၊ ၾသစေၾတးလ်၊ နယ္သာလန္၊ ပုိလန္၊ စင္ကာပူ အစရွိတဲ့ ႏုိင္ငံမ်ားကဲ့သုိ႔ေသာ မိမိတုိ႔ အဆင့္ျမင့္ပညာသင္ၾကားလုိတဲ့ ႏုိင္ငံမ်ားမွာ ေက်ာင္းတက္ႏုိင္ေစရန္ ထူးခၽြန္ေက်ာင္းသူ၊ ေက်ာင္းသား (၂၀၀) ေက်ာ္ကုိ IELTS Prize ဆုမ်ား ခ်ီးျမႇင့္ခဲ့ၿပီး ျဖစ္ပါတယ္။ IELTS Prize ဆုရရွိသူမ်ားမွ ေဆးပညာ၊ ႏုိင္ငံတကာဆက္ဆံေရး၊ အင္ဂ်င္နီယာသိပၸံ၊ လူ႔အခြင့္အေရး၊ ျပည္သူ႔ဆက္ဆံေရး၊ လုပ္ငန္းစြမ္းေဆာင္ရည္ႏွင့္ စီမံခန္႔ခြဲေရး အစရွိတဲ့ သင္ၾကားေရးအစီအစဥ္မ်ားမွာ တက္ေရာက္ခဲ့ၾကပါတယ္။

ေလွ်ာက္ထားသူေတြဟာ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၁ ရက္မွစတင္ကာ ေျဖဆုိတဲ့ IELTS စာေမးပြဲ ေမာ္ဂ်ဴးတစ္ခုစီ အနည္းဆုံး ရမွတ္ band score ၆ စီ ရရွိထားရမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ ေနာက္ဆုံးထားၿပီး ေလွ်ာက္ၾကရမွာျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ဒီေနရာမွာ ဝင္ေရာက္ၾကည့္႐ႈႏိုင္ပါတယ္။

-သႏၲာ

[ Unicode ]

(၂၀၁၉/၂၀) ပညာသင်နှစ် ပြည်တွင်းပြည်ပ ဘွဲ့ကြိုဘွဲ့လွန်သင်တန်းများ စတင်တက်ရောက်ရန် စီစဉ်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားများ လျှောက်ထားနိုင်ရန် ဗြိတိသျှကောင်စီရဲ့ အရှေ့အာရှ IELTS Prize (၂၀၁၈/၂၀၁၉) ပညာသင်ဆုကို လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအတွက် US$ ၁၉,၇၀၀ တန်ဖိုးရှိ ပြည်တွင်းဆု သုံးဆု၊ အရှေ့အာရှဒေသ ဆုရှင်များအတွက် US$ ရ၆,၅၀၀ တန်ဖိိုးရှိ ဆုများပေးအပ်သွား မှာပါ။ ၂၀၁၁ ခုနှစ်မှ စတင်ပြီး ယူကေ၊ ယူအက်(စ)၊ ကနေဒါ၊ သြစတြေးလျ၊ နယ်သာလန်၊ ပိုလန်၊ စင်ကာပူ အစရှိတဲ့ နိုင်ငံများကဲ့သို့သော မိမိတို့ အဆင့်မြင့်ပညာသင်ကြားလိုတဲ့ နိုင်ငံများမှာ ကျောင်းတက်နိုင်စေရန် ထူးချွန်ကျောင်းသူ၊ ကျောင်းသား (၂၀၀) ကျော်ကို IELTS Prize ဆုများ ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ IELTS Prize ဆုရရှိသူများမှ ဆေးပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ အင်ဂျင်နီယာသိပ္ပံ၊ လူ့အခွင့်အရေး၊ ပြည်သူ့ဆက်ဆံရေး၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် စီမံခန့်ခွဲရေး အစရှိတဲ့ သင်ကြားရေးအစီအစဉ်များမှာ တက်ရောက်ခဲ့ကြပါတယ်။

လျှောက်ထားသူတွေဟာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်မှစတင်ကာ ဖြေဆိုတဲ့ IELTS စာမေးပွဲ မော်ဂျူးတစ်ခုစီ အနည်းဆုံး ရမှတ် band score ၆ စီ ရရှိထားရမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက် နောက်ဆုံးထားပြီး လျှောက်ကြရမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။