ၾသစေၾတးလ် ပညာရေးပြပွဲကျင်းပမည်

[ Zawgyi ]




ပွဲတက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ် သိရှိလိုသူတွေအနေနဲ့ ရန်ကုန်၊ ဖုန်း – ၀၉ ၄၅၀ ၀၀၆၉၄၄ /၆၉၅၅၊ ၀၉ ၇၉၉ ၄၅၀၉၄၄/၉၅၅၊ မန္တလေး ဖုန်း -၀၉ ၈၉၁ ၀၀၀၉၅၀/၉၆၀ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ

[ Unicode ]

သြစတြေးလျ ထိပ်တန်းတက္ကသိုလ်၊ ကျောင်းပေါင်း (၂၃) ကျောင်းနဲ့ သြစတြေးလျသံရုံးရဲ့ Australia Awards Scholarships Myanmar နဲ့ AusTrade တို့မှ ကူညီပံ့ပိုးပေးတဲ့ သြစတြေးလျပညာရေးပြပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မှာပြုလုပ်မယ့် ပြပွဲကို မတ် ၃၀ ရက်၊ နံနက် ၉ နာရီခွဲ မှ ညနေ ၃ နာရီခွဲအထိ Melia Hotel Yangon, Level 2, Grand Ballroom မှာလည်းကောင်း၊ မန္တလေးမှာပြုလုပ်မယ့် ပြပွဲကို မတ် ၃၁ ရက်၊ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီအထိ Hilton Hotel Mandalay, Grand Ballroom မှာလည်းကောင်း ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ ပညာရေးပြပွဲတွေမှာ သြစတြေးလျသံရုံးမှ တာဝန်ရှိသူများကိုယ်တိုင် သြစတြေးလျအစိုးရ ပညာသင်ဆု(Australia Awards) အကြောင်း၊ သြစတြေးလျမှာ ပညာသင်ကြားရန်သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်များ အကြောင်းနဲ့ AEC English Centre မှ ပညာသင်ကြားရာမှာ အောင်မြင်မှုရရှိစေဖို့ မည်သို့ ပြင်ဆင်ထားသင့်သည်တို့ကို ရှင်းလင်းပြောကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပညာရေးပြပွဲမှာ ကျောင်းလျှောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Application Fee တွေ ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပြီး ကျန်းမာရေးအာမခံ ၆ လစာကို AVSS Myanmar မှ လက်ဆောင်အဖြစ် ပေးသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် ကျောင်းသားဗီဇာ၊ အုပ်ထိန်းသူဗီဇာနဲ့ မိဘတွေအတွက် အလည်လိုက်နိုင်ဖို့ ဗီဇာတွေကိုလည်း မည်သည့်ဝန်ဆောင်ခမှ ပေးရန်မလိုဘဲ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ပွဲတက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ် သိရှိလိုသူတွေအနေနဲ့ ရန်ကုန်၊ ဖုန်း – ၀၉ ၄၅၀ ၀၀၆၉၄၄ /၆၉၅၅၊ ၀၉ ရ၉၉ ၄၅၀၉၄၄/၉၅၅၊ မန္တလေး ဖုန်း -၀၉ ၈၉၁ ၀၀၀၉၅၀/၉၆၀ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။