သြစတြေးလျနိုင်ငံပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ဆွေးနွေးပွဲ ပြုလုပ်မည်

[ Zawgyi ]





-သန္တာ

[ Unicode ]

သြစတြေးလျနိုင်ငံပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ AT&S (Oversea Education Services) ရုံးခန်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်တွေကို တက်ရောက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ မိမိတို့အောင်မြင်ပြီးဆုံးထားတဲ့ အတန်းပညာရေး၊ ဘွဲ့ဒီဂရီနဲ့ အသက်ပေါ် မူတည်ပြီး ရွေးချယ်သင့်တဲ့ ပညာရေးလမ်းကြောင်း၊ ပညာရေးနဲ့ အမှတ်ပေးစနစ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် အားသာချက်ရှိတဲ့ တက္ကသိုလ်တွေ၊ ကျောင်းဝင်ခွင့်တွေနဲ့ ကျောင်းသား ဗီဇာအတွက် လိုအပ်ချက်တွေ၊ ထူးချွန်ကျောင်းသားတွေအတွက် လျှောက်ထားနိုင်မယ့် ပညာသင်ဆုအကြောင်းတွေကို အခမဲ့တစ်ဦးချင်း အသေးစိတ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

ပညာသင်ကြားရေးအပြင် သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားပါက သိရှိထားသင်တဲ့ ပြည်နယ်အလိုက် အ လုပ်အကိုင်၊ နေထိုင်သွားလာရေးနဲ့ လုံခြုံစိတ်ချရမှု အပိုင်းတွေကိုပါ ဆွေးနွေးပေးသွားမယ်လို့ သိရပါတယ်။

AT&S (Oversea Education Services) ဖုန်း – ၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇ ၂၂၃ ၂၂၅ နဲ့ ၀၉-၅၀၆၂၁၆၁ ကို ကြိုတင်စာရင်းပေးတက်ရောက်နိုင်ပါတယ်။