ၾသဂုတ္လ ၂၆ ရက္မွာ ထြက္ရွိလာမယ့္ ‘World of Warcraft Classic’ ဂိမ္း

[ Zawgyi ]

Blizzard ဟာ အေမရိကနဲ႔ ယူေကအတြင္း ၾသဂုတ္လ ၂၆ ရက္မွာ World of Warcraft Classic ဂိမ္းကုိ ျဖန္႔ခ်ိသြားမယ္လို႔ သိရပါတယ္။ WoW (World of Warcraft) ကို လစဥ္ေၾကးေပးသြင္းသူေတြ အေနနဲ႔ အခေၾကးေငြ ထပ္မံေပးစရာမလိုဘဲ Classic ဂိမ္းကို ကစားႏိုင္ပါတယ္။ ေမလ ၁၅ ရက္မွာ သီးသန္႔ beta စမ္းသပ္မႈကုိ WoW လစဥ္ေၾကးေပးသြင္းကစားသူတခ်ိဳ႕ ရရွိမွာ ျဖစ္ပါတယ္။

World of Warcraft Classic ဂိမ္းဟာ ၂၀၀၆ ခုႏွစ္ ၾသဂုတ္လက Drums of War update ကို ျပန္လည္ ျပင္ဆင္ထားတဲ့ multiplayer ဂိမ္းျဖစ္ပါတယ္။ ဂိမ္းကို တုိက္႐ိုက္မကစားႏိုင္ေသးခင္မွာ beta နဲ႔ စမ္းသပ္မႈေတြမ်ားစြာ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ဒီႏွစ္ေတြအတြင္းမွာ WoW ဂိမ္းကစားသူ သန္းေပါင္းမ်ားစြာဟာ ဂိမ္းကုိ စြန္႔ခြာလာၾကပါတယ္။ WoW ပရိသတ္ေတြက တိုးခ်ဲ႕ထားတဲ့ဂိမ္းအမ်ိဳးမ်ိဳးမွာ မပါဝင္တဲ့ ဂိမ္းေဟာင္းအေတြ႕အႀကဳံကုိ ရရွိဖို႔ ကုိယ္ပုိင္ private ဆာဗာေတြ ဖန္တီးကစားခဲ့ၾကပါတယ္။ ဒါေပမဲ့ Blizzard ဟာ ၂၀၁၆ ခုႏွစ္ ဧၿပီလမွာ WoW classic ရဲ႕ ခြင့္ျပဳခ်က္မရွိတဲ့ ဆာဗာေတြကို ပိတ္ခဲ့တာေၾကာင့္ ပရိသတ္ေတြက တုန္လႈပ္ခဲ့ပါတယ္။ ဥာဏပစၥည္းဆုိင္ရာ မူပုိင္ခြင့္ခ်ိဳးေဖာက္မႈကုိ ကာကြယ္ဖို႔ ပိတ္သိမ္းခဲ့ေၾကာင္း Blizzard ကျပန္လည္တု႔ံျပန္ခဲ့ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Blizzard ဟာ အမေရိကနဲ့ ယူကေအတွင်း သြဂုတ်လ ၂၆ ရက်မှာ World of Warcraft Classic ဂိမ်းကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ WoW (World of Warcraft) ကို လစဉ်ကြေးပေးသွင်းသူတွေ အနေနဲ့ အခကြေးငွေ ထပ်မံပေးစရာမလိုဘဲ Classic ဂိမ်းကို ကစားနိုင်ပါတယ်။ မေလ ၁၅ ရက်မှာ သီးသန့် beta စမ်းသပ်မှုကို WoW လစဉ်ကြေးပေးသွင်းကစားသူတချို့ ရရှိမှာ ဖြစ်ပါတယ်။

World of Warcraft Classic ဂိမ်းဟာ ၂၀၀၆ ခုနှစ် သြဂုတ်လက Drums of War update ကို ပြန်လည် ပြင်ဆင်ထားတဲ့ multiplayer ဂိမ်းဖြစ်ပါတယ်။ ဂိမ်းကို တိုက်ရိုက်မကစားနိုင်သေးခင်မှာ beta နဲ့ စမ်းသပ်မှုတွေများစွာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီနှစ်တွေအတွင်းမှာ WoW ဂိမ်းကစားသူ သန်းပေါင်းများစွာဟာ ဂိမ်းကို စွန့်ခွာလာကြပါတယ်။ WoW ပရိသတ်တွေက တိုးချဲ့ထားတဲ့ဂိမ်းအမျိုးမျိုးမှာ မပါဝင်တဲ့ ဂိမ်းဟောင်းအတွေ့အကြုံကို ရရှိဖို့ ကိုယ်ပိုင် private ဆာဗာတွေ ဖန်တီးကစားခဲ့ကြပါတယ်။ ဒါပေမဲ့ Blizzard ဟာ ၂၀၁၆ ခုနှစ် ဧပြီလမှာ WoW classic ရဲ့ ခွင့်ပြုချက်မရှိတဲ့ ဆာဗာတွေကို ပိတ်ခဲ့တာကြောင့် ပရိသတ်တွေက တုန်လှုပ်ခဲ့ပါတယ်။ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်မှုကို ကာကွယ်ဖို့ ပိတ်သိမ်းခဲ့ကြောင်း Blizzard ကပြန်လည်တု့ံပြန်ခဲ့ပါတယ်။

Ref: CNET