၆.၂ လက္မ screen နဲ႔ stylus ပါဝင္တဲ့ LG Q8 (2018)

[ Zawgyi ]

ေမလတုန္းက G7 ThinQ ရဲ႕ ေစ်းသက္သာတဲ့ ေမာ္ဒယ္ေတြအျဖစ္ Q7 စမတ္ဖုန္းသံုးမ်ိဳးကို ပြဲထုတ္မိတ္ဆက္ခဲ့တဲ့ LG ဟာ ၾသဂုတ္လ ၇ ရက္ (ဒီကေန႔) မွာေတာ့ V35 ThinQ ထက္ ေစ်းပိုသက္သာတဲ့ LG Q8 (2018) ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

အဆိုပါ Q8 စမတ္ဖုန္းသစ္မွာ အရြယ္ႀကီးမားတဲ့ ၆.၂ လက္မ FullVision display နဲ႔ built-in stylus တို႔ ပါဝင္လာပါတယ္။

Chipset က 14nm Snapdragon 450 ျဖစ္ၿပီး 1.8GHz octa-core CPU နဲ႔သံုးႏိုင္ပါတယ္။ Memory က 4GB/64GB ျဖစ္ပါတယ္။ ဒါေပမဲ့ microSD ပါဝင္တာေၾကာင့္ 2TB storage အထိ သိမ္းဆည္းႏိုင္ပါတယ္။

LG ဟာ ကုမၸဏီရဲ႕ flagship စမတ္ဖုန္းေတြမွ wide-angle lens ေတြကို အသံုးျပဳခဲ့ေပမယ့္ ဒီဖုန္းရဲ႕ ေက်ာဘက္မွာေတာ့ သာမန္ sensor တစ္ခုတည္းသာ ပါဝင္ပါတယ္။ အဲ့ဒီ sensor က 16MP ျဖစ္ၿပီး PDAF, LED flash တို႔နဲ႔႐ိုက္ကူးႏိုင္ပါတယ္။ Selfie ကင္မရာက 5MP ျဖစ္ၿပီး ၁၀၀ ဒီဂရီ Super Wide Angle နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။

ခ်ိတ္ဆက္မႈပိုင္းအေနနဲ႔ USB-C, Bluetooth နဲ႔ Wi-Fi 802.11 စံသတ္မွတ္ခ်က္အားလံုး ပါဝင္ပါတယ္။ 3.5mm နားၾကပ္ေပါက္ပါဝင္ၿပီး DTS:X 3D Surround Sound နဲ႔ Hi-Fi Quad DAC တို႔ကို ေထာက္ပံ့ေပးထားပါတယ္။ ဖုန္းရဲ႕ ေရစိုခံအဆင့္က IP68 ျဖစ္ၿပီး MIL-STD 810G ေထာက္ခံခ်က္ကိုလည္း ရရိွထားပါတယ္။ ဘက္ထရီက 3,300mAh ျဖစ္ပါတယ္။

LG Q8 (2018) ကို Aurora Black နဲ႔ Moroccan Blue ဆိုၿပီး အေရာင္ႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။ တန္ဖိုးက ေဒၚလာ ၄၈၀ ျဖစ္ပါတယ္။

Ref: GSMArena

[ Unicode ]

မေလတုန်းက G7 ThinQ ရဲ့ စျေးသက်သာတဲ့ မော်ဒယ်တွေအဖြစ် Q7 စမတ်ဖုန်းသုံးမျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ LG ဟာ သြဂုတ်လ ရ ရက် (ဒီကနေ့) မှာတော့ V35 ThinQ ထက် စျေးပိုသက်သာတဲ့ LG Q8 (2018) ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

အဆိုပါ Q8 စမတ်ဖုန်းသစ်မှာ အရွယ်ကြီးမားတဲ့ ၆.၂ လက်မ FullVision display နဲ့ built-in stylus တို့ ပါဝင်လာပါတယ်။

Chipset က 14nm Snapdragon 450 ဖြစ်ပြီး 1.8GHz octa-core CPU နဲ့သုံးနိုင်ပါတယ်။ Memory က 4GB/64GB ဖြစ်ပါတယ်။ ဒါပေမဲ့ microSD ပါဝင်တာကြောင့် 2TB storage အထိ သိမ်းဆည်းနိုင်ပါတယ်။

LG ဟာ ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းတွေမှ wide-angle lens တွေကို အသုံးပြုခဲ့ပေမယ့် ဒီဖုန်းရဲ့ ကျောဘက်မှာတော့ သာမန် sensor တစ်ခုတည်းသာ ပါဝင်ပါတယ်။ အဲ့ဒီ sensor က 16MP ဖြစ်ပြီး PDAF, LED flash တို့နဲ့ရိုက်ကူးနိုင်ပါတယ်။ Selfie ကင်မရာက 5MP ဖြစ်ပြီး ၁၀၀ ဒီဂရီ Super Wide Angle နဲ့ ရိုက်ကူးနိုင်ပါတယ်။

ချိတ်ဆက်မှုပိုင်းအနေနဲ့ USB-C, Bluetooth နဲ့ Wi-Fi 802.11 စံသတ်မှတ်ချက်အားလုံး ပါဝင်ပါတယ်။ 3.5mm နားကြပ်ပေါက်ပါဝင်ပြီး DTS:X 3D Surround Sound နဲ့ Hi-Fi Quad DAC တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့ ရေစိုခံအဆင့်က IP68 ဖြစ်ပြီး MIL-STD 810G ထောက်ခံချက်ကိုလည်း ရရှိထားပါတယ်။ ဘက်ထရီက 3,300mAh ဖြစ်ပါတယ်။

LG Q8 (2018) ကို Aurora Black နဲ့ Moroccan Blue ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၄၈၀ ဖြစ်ပါတယ်။

Ref: GSMArena