၆.၂ လက္မ 18:9 display နဲ႔ 4GB RAM ပါဝင္တဲ့ LG Q Stylus+ ကို အိႏၵိယတြင္ မိတ္ဆက္

[ Zawgyi ]

LG Q Stylus+ ဟာ အိႏၵိယေစ်းကြက္ထဲကို ဝင္ေရာက္လာတဲ့ LG ရဲ႕ ေနာက္ဆံုးေပၚ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒီစမတ္ဖုန္းသစ္ဟာ ၿပီးခဲ့တဲ့ႏွစ္က အိႏၵိယမွာ ေရာင္းခ်ခဲ့တဲ့ Stylus 3 ရဲ႕ေနရာကို ဆက္ခံမွာျဖစ္ပါတယ္။ တန္ဖိုးက ၃၀၇ ေဒၚလာ ျဖစ္ၿပီး Aurora Black နဲ႔ Moroccan Blue ဆိုတဲ့ အေရာင္ႏွစ္မ်ိဳးနဲ႔ ရရိွႏိုင္ပါတယ္။

ဒီႏွစ္ ဇြန္လက အရင္ဆံုး မိတ္ဆက္ခဲ့တဲ့ အဆိုပါ စမတ္ဖုန္းမွာ စစ္တပ္သံုးအဆင့္ အၾကမ္းခံႏိုင္မႈစနစ္ပါဝင္ၿပီး MIL-STD 810G ေထာက္ခံခ်က္ ရရိွထားပါတယ္။ ဒါ့အျပင္ ေရစိုဒဏ္နဲ႔ ဖုန္ဒဏ္ကိုလည္း ခံႏိုင္ရည္ရိွပါတယ္။

LG Q Stylus+ မွာ ၆.၂ လက္မ FUll HD+ FullVision display ပါဝင္ၿပီး screen resolution က 2160 x 1080 pixels ျဖစ္ပါတယ္။ Pixel သိပ္သည္းဆက 389ppi ျဖစ္ၿပီး 2.5D curved glass နဲ႔ ကာကြယ္ထားပါတယ္။ ပ႐ိုဆက္ဆာက MediaTek MT6750S octa-core ျဖစ္ၿပီး GPU က Mali T860 ျဖစ္ပါတယ္။

RAM ကို 4GB နဲ႔ရရိွႏိုင္ၿပီး internal storage က 64GB ျဖစ္ပါတယ္။ MicroSD card တစ္ခုပါဝင္တာေၾကာင့္ သိုေလွာင္မႈပမာဏကို တိုးျမႇင့္ႏိုင္ပါတယ္။

ကင္မရာအေနနဲ႔ ေက်ာဘက္ကင္မရာက 16-megapixel ျဖစ္ၿပီး LED flash, phase detection autofocus တို႔နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ အေရွ႕ဘက္ကင္မရာက 8-megapixel ျဖစ္ပါတယ္။

ခ်ိတ္ဆက္မႈပိုင္းအေနနဲ႔ 4G VoLTE, WiFi 802.11 b/g/n, Bluetooth 4.2 LE, NFC, GPS / GLONASS နဲ႔ USB Type-C 2.0 တို႔ပါဝင္ပါတယ္။ Operating system က Android 8.1 Oreo ျဖစ္ပါတယ္။

LG Q Stylus+ မွာ display ကို ပိတ္ထားရင္ေတာင္ stylus နဲ႔ မွတ္စုေရးမွတ္တာေတြကို သိရိွႏိုင္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ဒါ့အျပင္ ႐ိုက္ကူးထားတဲ့ ဓာတ္ပံုနဲ႔ ဗီဒီယိုေတြကိုလည္း animated GIF ေတြအျဖစ္ ဖန္တီးႏိုင္ပါတယ္။ ဒီစမတ္ဖုန္းရဲ႕ ဘက္ထရီက 3,300mAh ျဖစ္ၿပီး fast charging ကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။

Ref: GizmoChina

[ Unicode ]

LG Q Stylus+ ဟာ အိန္ဒိယစျေးကွက်ထဲကို ဝင်ရောက်လာတဲ့ LG ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းသစ်ဟာ ပြီးခဲ့တဲ့နှစ်က အိန္ဒိယမှာ ရောင်းချခဲ့တဲ့ Stylus 3 ရဲ့နေရာကို ဆက်ခံမှာဖြစ်ပါတယ်။ တန်ဖိုးက ၃၀၇ ဒေါ်လာ ဖြစ်ပြီး Aurora Black နဲ့ Moroccan Blue ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။

ဒီနှစ် ဇွန်လက အရင်ဆုံး မိတ်ဆက်ခဲ့တဲ့ အဆိုပါ စမတ်ဖုန်းမှာ စစ်တပ်သုံးအဆင့် အကြမ်းခံနိုင်မှုစနစ်ပါဝင်ပြီး MIL-STD 810G ထောက်ခံချက် ရရှိထားပါတယ်။ ဒါ့အပြင် ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။

LG Q Stylus+ မှာ ၆.၂ လက်မ FUll HD+ FullVision display ပါဝင်ပြီး screen resolution က 2160 x 1080 pixels ဖြစ်ပါတယ်။ Pixel သိပ်သည်းဆက 389ppi ဖြစ်ပြီး 2.5D curved glass နဲ့ ကာကွယ်ထားပါတယ်။ ပရိုဆက်ဆာက MediaTek MT6750S octa-core ဖြစ်ပြီး GPU က Mali T860 ဖြစ်ပါတယ်။

RAM ကို 4GB နဲ့ရရှိနိုင်ပြီး internal storage က 64GB ဖြစ်ပါတယ်။ MicroSD card တစ်ခုပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

ကင်မရာအနေနဲ့ ကျောဘက်ကင်မရာက 16-megapixel ဖြစ်ပြီး LED flash, phase detection autofocus တို့နဲ့ ရိုက်ကူးနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာက 8-megapixel ဖြစ်ပါတယ်။

ချိတ်ဆက်မှုပိုင်းအနေနဲ့ 4G VoLTE, WiFi 802.11 b/g/n, Bluetooth 4.2 LE, NFC, GPS / GLONASS နဲ့ USB Type-C 2.0 တို့ပါဝင်ပါတယ်။ Operating system က Android 8.1 Oreo ဖြစ်ပါတယ်။

LG Q Stylus+ မှာ display ကို ပိတ်ထားရင်တောင် stylus နဲ့ မှတ်စုရေးမှတ်တာတွေကို သိရှိနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါ့အပြင် ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း animated GIF တွေအဖြစ် ဖန်တီးနိုင်ပါတယ်။ ဒီစမတ်ဖုန်းရဲ့ ဘက်ထရီက 3,300mAh ဖြစ်ပြီး fast charging ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

Ref: GizmoChina