September 21, 2018

၆ လက္မ screen နဲ႔ Snapdragon 630 ပါဝင္တဲ့ Sony Xperia XA2 Plus

ဇန္နဝါရီလက Sony Xperia XA2 နဲ႔ Sony Xperia XA2 Ultra တို႔ကို မိတ္ဆက္ခဲ့တဲ့ ဂ်ပန္စမတ္ဖုန္းကုမၸဏီဟာ အခုအခါမွာေတာ့ Xperia XA2 Pluks လို႔ေခၚတဲ့ mid-range စမတ္ဖုန္းတစ္မ်ိဳးကို မိတ္ဆက္ခဲ့ပါတယ္။ ဒီစမတ္ဖုန္းမွာ XA2 လိုပဲ 23MP MotionEye ကင္မရာနဲ႔ Snapdragon 630 chipset ပါဝင္လာေပမယ့္ bezel က ပိုမိုေသးငယ္လာၿပီး display က ပိုရွည္လာပါတယ္။

XA2 Plus ဟာ XA2 စီးရီးမွာ 18:9 ratio နဲ႔သံုးႏိုင္မယ့္ ပထမဆံုးထုတ္ကုန္ ျဖစ္ပါတယ္။ LCD အရြယ္အစားက ၆ လက္မျဖစ္ၿပီး Full HD+ resolution နဲ႔ အသံုးျပဳႏိုင္ပါတယ္။ Display ကို Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။

Snapdragon 630 chipset မွာ 2.2GHz octa-core CPU နဲ႔ Adreno 508 GPU တို႔ပါဝင္ပါတယ္။ XA2 Plus ကို 4GB နဲ႔ 6GB RAM ဆိုၿပီး ရရိွႏိုင္သလို storage အေနနဲ႔လည္း 32GB နဲ႔ 64GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ MicroSD slot ပါဝင္တာေၾကာင့္ သိုေလွာင္မႈပမာဏကို တိုးျမွင့္ႏိုင္ပါတယ္။

23MP ကင္မရာမွာ 1/2.3″ Exmor RS sensor နဲ႔အတူ 84-degree wide-angle lens နဲ႔ f/2.0 aperture ပါဝင္ပါတယ္။ ISO 12,800 ကို ေထာက္ပံ့ေပးႏိုင္ၿပီး ဗီဒီယိုေတြကို 4K နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ ဒါ့အျပင္ 120 fps slow-mo နဲ႔လည္း ႐ိုက္ကူးႏိုင္ပါတယ္။

အေရွ႕ဘက္မွာလည္း ကင္မရာတစ္ခုတည္းပါဝင္ပါတယ္။ အဲ့ဒီကင္မရာက 8MP 1/4″ Exmor R sensor ျဖစ္ၿပီး 120-degree super wide-angle lens, f/2.4 aperture တို႔နဲ႔႐ိုက္ကူးႏုိင္ပါတယ္။ Bokeh Mode, Soft Skin နဲ႔ အျခား effect ေတြအပါအဝင္ feature အမ်ားအျပားနဲ႔လည္း အသံုးျပဳႏိုင္ပါတယ္။

Sony XA2 Plus ရဲ႕ အရြယ္အစားက ၁၅၇ x ၇၅ x ၉.၆ မီလီမီတာျဖစ္ၿပီး အေလးခ်ိန္က ၂၀၅ ဂရမ္ျဖစ္တာေၾကာင့္ ထင္ထားတာထက္ အနည္းငယ္ ေလးလံပါတယ္။ ႏွစ္အစက မိတ္ဆက္ေပးခဲ့တဲံ OmniPresence ဒီဇိုင္းသစ္ကိုလည္း အသံုးျပဳထားပါတယ္။ သတၱဳေက်ာဘက္ panel ေၾကာင့္ ဖုန္းရဲ႕ အသြင္အျပင္က ပိုေကာင္းလာပါတယ္။

ဘက္ထရီက အရြယ္ပိုႀကီးတဲ့ XA2 Ultra အတိုင္း 3,580mAh ျဖစ္ၿပီး Quick Charge 3.0 ကို ေထာက္ပံ့ေပးထားပါတယ္။ ဖုန္းရဲ႕ေအာက္ေျခဘက္မွာ USB-C charging port, noise-cancelling mic နဲ႔ speaker တို႔ကို ထည့္သြင္းထားပါတယ္။ 3.5mm နားၾကပ္ေပါက္လည္း ပါဝင္ပါတယ္။

Sony Xperia XA2 Plus ကို အနက္၊ ေငြ၊ ေရႊနဲ႔ အစိမ္းဆိုၿပီး အေရာင္ေလးမ်ိဳးနဲ႔ရရိွႏိုင္ပါတယ္။

Xperia XA2 Plus ရဲ႕တန္ဖိုးကို မသိရေသးေပမယ့္ ၾသဂုတ္လအတြင္း ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

ဇန်နဝါရီလက Sony Xperia XA2 နဲ့ Sony Xperia XA2 Ultra တို့ကို မိတ်ဆက်ခဲ့တဲ့ ဂျပန်စမတ်ဖုန်းကုမ္ပဏီဟာ အခုအခါမှာတော့ Xperia XA2 Pluks လို့ခေါ်တဲ့ mid-range စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစမတ်ဖုန်းမှာ XA2 လိုပဲ 23MP MotionEye ကင်မရာနဲ့ Snapdragon 630 chipset ပါဝင်လာပေမယ့် bezel က ပိုမိုသေးငယ်လာပြီး display က ပိုရှည်လာပါတယ်။

XA2 Plus ဟာ XA2 စီးရီးမှာ 18:9 ratio နဲ့သုံးနိုင်မယ့် ပထမဆုံးထုတ်ကုန် ဖြစ်ပါတယ်။ LCD အရွယ်အစားက ၆ လက်မဖြစ်ပြီး Full HD+ resolution နဲ့ အသုံးပြုနိုင်ပါတယ်။ Display ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Snapdragon 630 chipset မှာ 2.2GHz octa-core CPU နဲ့ Adreno 508 GPU တို့ပါဝင်ပါတယ်။ XA2 Plus ကို 4GB နဲ့ 6GB RAM ဆိုပြီး ရရှိနိုင်သလို storage အနေနဲ့လည်း 32GB နဲ့ 64GB ဆိုပြီး ရရှိနိုင်ပါတယ်။ MicroSD slot ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

23MP ကင်မရာမှာ 1/2.3″ Exmor RS sensor နဲ့အတူ 84-degree wide-angle lens နဲ့ f/2.0 aperture ပါဝင်ပါတယ်။ ISO 12,800 ကို ထောက်ပံ့ပေးနိုင်ပြီး ဗီဒီယိုတွေကို 4K နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် 120 fps slow-mo နဲ့လည်း ရိုက်ကူးနိုင်ပါတယ်။

အရှေ့ဘက်မှာလည်း ကင်မရာတစ်ခုတည်းပါဝင်ပါတယ်။ အဲ့ဒီကင်မရာက 8MP 1/4″ Exmor R sensor ဖြစ်ပြီး 120-degree super wide-angle lens, f/2.4 aperture တို့နဲ့ရိုက်ကူးနိုင်ပါတယ်။ Bokeh Mode, Soft Skin နဲ့ အခြား effect တွေအပါအဝင် feature အများအပြားနဲ့လည်း အသုံးပြုနိုင်ပါတယ်။

Sony XA2 Plus ရဲ့ အရွယ်အစားက ၁၅၇ x ၇၅ x ၉.၆ မီလီမီတာဖြစ်ပြီး အလေးချိန်က ၂၀၅ ဂရမ်ဖြစ်တာကြောင့် ထင်ထားတာထက် အနည်းငယ် လေးလံပါတယ်။ နှစ်အစက မိတ်ဆက်ပေးခဲ့တဲံ OmniPresence ဒီဇိုင်းသစ်ကိုလည်း အသုံးပြုထားပါတယ်။ သတ္တုကျောဘက် panel ကြောင့် ဖုန်းရဲ့ အသွင်အပြင်က ပိုကောင်းလာပါတယ်။

ဘက်ထရီက အရွယ်ပိုကြီးတဲ့ XA2 Ultra အတိုင်း 3,580mAh ဖြစ်ပြီး Quick Charge 3.0 ကို ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အောက်ခြေဘက်မှာ USB-C charging port, noise-cancelling mic နဲ့ speaker တို့ကို ထည့်သွင်းထားပါတယ်။ 3.5mm နားကြပ်ပေါက်လည်း ပါဝင်ပါတယ်။

Sony Xperia XA2 Plus ကို အနက်၊ ငွေ၊ ရွှေနဲ့ အစိမ်းဆိုပြီး အရောင်လေးမျိုးနဲ့ရရှိနိုင်ပါတယ်။

Xperia XA2 Plus ရဲ့တန်ဖိုးကို မသိရသေးပေမယ့် သြဂုတ်လအတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena