၂၀၂၀ ေက်ာင္းဖြင့္ခ်ိန္အတြက္ Australia Awards ပညာသင္ဆုကို ေဖေဖာ္ဝါရီလမွ စတင္ေလွ်ာက္ထားႏုိင္

[ Zawgyi ]

၂၀၂၀ ေက်ာင္းဖြင့္ခ်ိန္အတြက္ Australia Awards ပညာသင္ဆုကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွ စတင္ေလွ်ာက္ထားႏုိင္မွာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္မွ စတင္ကာ ေလွ်ာက္ထားႏုိင္မွာျဖစ္ၿပီး ဧၿပီလ ၃၀ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ပညာသင္ဆုကုိ အသက္ ၂၅ ႏွစ္ျပည့္ၿပီး ဩစေၾတးလ်မွာ Masters တက္ခ်င္သူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။

ေလွ်ာက္ထားမယ့္သူေတြဟာ အဂၤလိပ္စာ လိုအပ္ခ်က္အေနနဲ႔ IELTS သို႔မဟုတ္ TOEFL တို႔ကို မလိုအပ္ပါဘူး။ ဒါေပမဲ့ အင္တာဗ်ဴးအတြက္ Shortlist တြင္ ေရြးခ်ယ္ျခင္းခံရပါက အဂၤလိပ္စာ ကြ်မ္းက်င္မႈအတြက္ Score မရွိေသးသူမ်ားကို IELTS ေျဖဆိုရန္ DFAT ရန္ပံုေငြမွ ေထာက္ပံ့ေပးသြားမွာပါ။ ေရြးခ်ယ္ခံရသူမွာ လိုအပ္ပါက အဂၤလိပ္စာသင္တန္းကို ၁၂ လ တက္ေရာက္ရမွာျဖစ္ပါတယ္။ ပညာသင္ဆုမွာ ခရီးစရိတ္၊ က်ဴရွင္စရိတ္၊ ေနထိုင္စရိတ္၊ ပညာသင္ကာလအတြင္း က်န္းမာေရးအတြက္ ကုန္က်စရိတ္၊ ပညာေရးဆိုင္ရာ အေထာက္အပံံ့မ်ားနဲ႔ သုေတသနစရိတ္မ်ားကို ေထာက္ပံ့ေပးသြားမွာပါ။

ေလွ်ာက္ထားလုိသူေတြဟာ ဒီေနရာမွ တစ္ဆင့္ ေလွ်ာက္ထားႏုိင္ၿပီး ၾသစေၾတးလ်သံ႐ံုး၊ ဖုန္း-၀၁-၂၃၀၇၄၁၀ (လုိင္းခြဲ – ၁၁၆၊ ၂၃၃) ကိုဆက္သြယ္ေမးျမန္းႏုိင္သလုိ [email protected] ကိုလည္း ေမးလ္ပို႔ ေမးျမန္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

၂၀၂၀ ကျောင်းဖွင့်ချိန်အတွက် Australia Awards ပညာသင်ဆုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာ လျှောက်ထားနိုင်မှာဖြစ်ပြီး ဧပြီလ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

ပညာသင်ဆုကို အသက် ၂၅ နှစ်ပြည့်ပြီး ဩစတြေးလျမှာ Masters တက်ချင်သူတွေ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားမယ့်သူတွေဟာ အင်္ဂလိပ်စာ လိုအပ်ချက်အနေနဲ့ IELTS သို့မဟုတ် TOEFL တို့ကို မလိုအပ်ပါဘူး။ ဒါပေမဲ့ အင်တာဗျူးအတွက် Shortlist တွင် ရွေးချယ်ခြင်းခံရပါက အင်္ဂလိပ်စာ ကျွမ်းကျင်မှုအတွက် Score မရှိသေးသူများကို IELTS ဖြေဆိုရန် DFAT ရန်ပုံငွေမှ ထောက်ပံ့ပေးသွားမှာပါ။ ရွေးချယ်ခံရသူမှာ လိုအပ်ပါက အင်္ဂလိပ်စာသင်တန်းကို ၁၂ လ တက်ရောက်ရမှာဖြစ်ပါတယ်။ ပညာသင်ဆုမှာ ခရီးစရိတ်၊ ကျူရှင်စရိတ်၊ နေထိုင်စရိတ်၊ ပညာသင်ကာလအတွင်း ကျန်းမာရေးအတွက် ကုန်ကျစရိတ်၊ ပညာရေးဆိုင်ရာ အထောက်အပံံ့များနဲ့ သုတေသနစရိတ်များကို ထောက်ပံ့ပေးသွားမှာပါ။

လျှောက်ထားလိုသူတွေဟာ ဒီနေရာမှ တစ်ဆင့် လျှောက်ထားနိုင်ပြီး သြစတြေးလျသံရုံး၊ ဖုန်း-၀၁-၂၃၀၇၄၁၀ (လိုင်းခွဲ – ၁၁၆၊ ၂၃၃) ကိုဆက်သွယ်မေးမြန်းနိုင်သလို [email protected] ကိုလည်း မေးလ်ပို့ မေးမြန်းနိုင်ပါတယ်။