၂၀၂၀ မွာ ပထမဆုံး 5G iPhone ကုိ Apple မိတ္ဆက္ႏိုင္

[ Zawgyi ]

Apple ဟာ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိမယ့္ iPhone ေတြမွာ Intel 5G modem ျဖစ္တဲ့ 8161 ထည့္သြင္းသြားမယ္လို႔ Fast Company သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။ Apple အေနနဲ႔ ေရွ႕ေျပးပုံစံ iPhone မွာ Intel 5G modem 8060 ကုိ အသုံးျပဳထားေပမယ့္ ဘက္ထရီ သက္တမ္းကို ထိခိုက္ၿပီး အပူခ်ိန္တုိးလာတဲ့ ျပႆနာေတြရွိတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ Apple အေနနဲ႔ Intel ေထာက္ပံ့မႈနည္းပါးသြားတဲ့အခါမွာ အရန္အစီအစဥ္အျဖစ္ 5G modem ေထာက္ပံ့ေပးႏိုင္ဖို႔ MediaTek နဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။

Apple ဟာ ၿပီးခဲ့တဲ့ႏွစ္က 5G နည္းပညာစမ္းသပ္ဖို႔ FCC ခြင့္ျပဳခ်က္ရရွိထားၿပီး 5G ဖုန္းအတြက္ အေျခခံလုပ္ငန္းေတြ လုပ္ေဆာင္ေနပါတယ္။ လက္ရွိမွာ Apple ဟာ ၂၀၁၈ iPhone ေတြမွာ modem အတြက္ Intel ကိုပဲအသုံးျပဳေနပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိမယ့္ iPhone အတြက္ Intel ရဲ႕ Bluetooth နဲ႔ Wi-Fi ခ်စ္ပ္ကို အသုံးျပဳသြားမွာ မဟုတ္ပါဘူး။ Apple ဟာ Intel modem ေတြကိုပဲ အဓိကအသုံးျပဳသြားမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: Engadget

[ Unicode ]

Apple ဟာ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိမယ့် iPhone တွေမှာ Intel 5G modem ဖြစ်တဲ့ 8161 ထည့်သွင်းသွားမယ်လို့ Fast Company သတင်းမှာ ဖော်ပြခဲ့ပါတယ်။ Apple အနေနဲ့ ရှေ့ပြေးပုံစံ iPhone မှာ Intel 5G modem 8060 ကို အသုံးပြုထားပေမယ့် ဘက်ထရီ သက်တမ်းကို ထိခိုက်ပြီး အပူချိန်တိုးလာတဲ့ ပြဿနာတွေရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် Apple အနေနဲ့ Intel ထောက်ပံ့မှုနည်းပါးသွားတဲ့အခါမှာ အရန်အစီအစဉ်အဖြစ် 5G modem ထောက်ပံ့ပေးနိုင်ဖို့ MediaTek နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Apple ဟာ ပြီးခဲ့တဲ့နှစ်က 5G နည်းပညာစမ်းသပ်ဖို့ FCC ခွင့်ပြုချက်ရရှိထားပြီး 5G ဖုန်းအတွက် အခြေခံလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လက်ရှိမှာ Apple ဟာ ၂၀၁၈ iPhone တွေမှာ modem အတွက် Intel ကိုပဲအသုံးပြုနေပါတယ်။ ၂၀၂၀ ခုနှစ်မှာ ထွက်ရှိမယ့် iPhone အတွက် Intel ရဲ့ Bluetooth နဲ့ Wi-Fi ချစ်ပ်ကို အသုံးပြုသွားမှာ မဟုတ်ပါဘူး။ Apple ဟာ Intel modem တွေကိုပဲ အဓိကအသုံးပြုသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: Engadget