၂၀၁၉ – ၂၀၂၀ ပညာသင္ႏွစ္အတြက္ CVT Myanmar ၏ သက္ေမြးသင္တန္းမ်ားအတြက္ ဝင္ခြင့္ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

၂၀၁၉ – ၂၀၂၀ ပညာသင္ႏွစ္အတြက္ CVT Myanmar ရဲ႕ သက္ေမြးသင္တန္းေတြအတြက္ ဝင္ခြင့္ေလွ်ာက္လႊာေခၚယူေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

သင္တန္းေလွ်ာက္လႊာေတြကို မတ္လကုန္အထိ လက္ခံသြားမွာျဖစ္ပါတယ္။ ေခၚယူေနတဲ့ သက္ေမြးသင္တန္းေတြကေတာ့ စီးပြားေရးပညာ အေထာက္အကူျပဳသင္တန္း၊ လွ်ပ္စစ္ကြ်မ္းက်င္မႈ အတတ္ပညာသင္တန္း၊ ပရိေဘာဂျပဳလုပ္မႈ အတတ္ပညာသင္တန္း၊ ဟိုတယ္နဲ႔ဧည့္ဝတ္ျပဳမႈဆိုင္ရာ အတတ္ပညာသင္တန္းနဲ႔ သတၱဳပစၥည္းထုတ္လုပ္မႈ အတတ္ပညာသင္တန္းတို႔ ျဖစ္ပါတယ္။

ဒီပညာသင္နွစ္မွာေတာ့ သင္တန္းသားႏွစ္ရာေက်ာ္ လက္ခံသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ ဆြစ္ဇာလန္ႏိုင္ငံမွ အလုပ္သင္ပညာေရးပုံစံကို အေျခခံၿပီး ျမန္မာႏိုင္ငံရွိ လူငယ္ေတြနဲ႔ ကိုက္ညီတဲ့ သက္ေမြးသင္တန္းေတြ ျဖစ္တယ္လို႔ သိရပါတယ္။

သင္တန္းကာလကေတာ့ (၃) ႏွစ္ျဖစ္ၿပီး ေနာက္ဆုံးစာေမးပြဲကို စာေတြ႕လက္ေတြ႕အျပင္ ႏႈတ္ေျဖစာေမးပြဲ ေျဖဆိုေအာင္ျမင္ၿပီးမွသာ Junior Professional Certificate ကို ရရွိမွာျဖစ္ပါတယ္။ သင္တန္းဝင္ခြင့္ ေလွ်ာက္လႊာေတြကို CVT Myanmar မွာ ထုတ္ယူႏိုင္ၿပီး အေသးစိတ္အခ်က္အလက္ေတြကုိ Center for Vocational Training ဖုန္း ၀၁- ၃၈၃၆၇၆၊ ၀၉-၇၃၁၆၆၂၀၆ ကို ဆက္သြယ္ စုံစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် CVT Myanmar ရဲ့ သက်မွေးသင်တန်းတွေအတွက် ဝင်ခွင့်လျှောက်လွှာခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းလျှောက်လွှာတွေကို မတ်လကုန်အထိ လက်ခံသွားမှာဖြစ်ပါတယ်။ ခေါ်ယူနေတဲ့ သက်မွေးသင်တန်းတွေကတော့ စီးပွားရေးပညာ အထောက်အကူပြုသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နဲ့ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်းနဲ့ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းတို့ ဖြစ်ပါတယ်။

ဒီပညာသင်နှစ်မှာတော့ သင်တန်းသားနှစ်ရာကျော် လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှ အလုပ်သင်ပညာရေးပုံစံကို အခြေခံပြီး မြန်မာနိုင်ငံရှိ လူငယ်တွေနဲ့ ကိုက်ညီတဲ့ သက်မွေးသင်တန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလကတော့ (၃) နှစ်ဖြစ်ပြီး နောက်ဆုံးစာမေးပွဲကို စာတွေ့လက်တွေ့အပြင် နှုတ်ဖြေစာမေးပွဲ ဖြေဆိုအောင်မြင်ပြီးမှသာ Junior Professional Certificate ကို ရရှိမှာဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် လျှောက်လွှာတွေကို CVT Myanmar မှာ ထုတ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်တွေကို Center for Vocational Training ဖုန်း ၀၁- ၃၈၃၆၇၆၊ ၀၉-၇၃၁၆၆၂၀၆ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။